၇။ လစ်လျှူရှု့ခြင်းနှင့် ပညာရှိခြင်း

susunosukiMay 22, 20101min02

အရူးတွေဟာ သူတို့ကိုယ်သူတို့ တော်တယ်တတ်တယ်လို့
ထင်ကြတယ်။ သူတို့ဟာ
မိမိကိုယ်ကို ပြုပြင်ဖို့အတွက်လစ်လျှူရှု့ထားကြတယ်။
ဒီလိုနဲ့မိုက်မဲခြင်းရဲ့ထာဝရ
နေထိုင်ရာအရပ်(အိမ်ရှင်)ဖြစ်လာလေတော့တယ်။

လူတော်တွေကတော့ သူတို့ဟာ
မိမိကိုယ်ကို လစ်လျှူရှု့ထားသယောင် နေထိုင်ကြတယ်။
ဒါတွေဟာ
သူတို့တွေးတော ကြံဆထားသယောင် ဟန်ဆောင်ကြတယ်။
နောက်ဆုံးမှာ သူတို့ဟာ လစ်လျှူရှု့ခြင်းဖြင့်သာ
အဆုံးသတ်ရရှာတယ်။

ပညာရှိတွေကတော့ ဖုံးကွယ်နေသော လစ်လျှူရှု့ခြင်းနဲ့
ပညာရှိခြင်းတို့ကို မြင်တွေ့ကြတယ်။
သူတို့ဟာ ကြီးမြတ်သော ပညာညဏ်များတည်ရှိရာ
လမ်းပေါ်ကို ရောက်လာတော့တယ်။
တဖြည်းဖြည်းနဲ့ သူတို့ဟာ လစ်လျှူရှု့ခြင်းနဲ့
သိတက်ခြင်းတို့မှ လွတ်မြောက်လာတော့တယ်။
xxxxx
ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ နွံထဲက ရုန်းမထွက်နိုင်တာ ကတော့ မိုက်မဲလွန်းရာကျပါတယ်။
ကျွန်တော်က ရလာတဲ့ဘဝ တိုတိုလေးမှာ အများကြီး မဆုံးရှုံးချင်ဘူး။ ဒါကြောင့်ကိုယ့်ကိုယ် ကိုကောင်းအောင်ပြုပြင်ဖို့ အမြဲကြိုးစားတယ်။ ဒီလိုကြိုးစားချိန်မှာ ကျွန်တော့်ကို အတော်လေး အထောက်အကူပေးတဲ့ဒီစာအုပ် ကိုအားလုံးဖတ် စေချင်တယ်။
စာအုပ်နာမည်က The foolish, the clever and the wise ဖြစ်ပါတယ်။မူရင်းရေးသားသူက စာရေးဆရာ Charles Akara ရေးသားတာဖြစ်ပြီး မြန်မာပြန်သူကတော့ ဒေါက်တာ ခင်မောက်ညို(ဘောဂဗေဒ) ဖြစ်ပါတယ်။
လူတစ်ဦးခြင်းစီရဲ့ တန်ဖိုးထားမှု ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ အပြုအမှု တွေကို မြင်သာထင်သာရှိအောင် ပြသထားတာ ဖြစ်ပါတယ်။ အချက်ပေါင်း အားလုံး ၉ရ ချက်ပါရှိပါတယ်။
ပထမတုန်းကတော့ ကျွန်တော့်ထင်မြင်ယူဆချက်နဲ့ပေါင်းပြီး စကားပြေပုံစံမျိုး ရေးမလို့ပါ။ နောက်တော့မှ မြန်မာပြန်သူ ရဲ့ အာဘော်နဲ့ မြန်မာပြန်အရသာပျက်သွားမှာ စိုးလို့ မူရင်းအတိုင်းပဲ ရေးတင်ပေးလိုက်ပါတယ်။
အကောင်းဆုံးတွေကို အရယူပြီး အောင်မြင်တဲ့ ဘဝလမ်းကို လျှောက်လှမ်းနိုင်ပါစေ လို့ဆန္ဒပြုလိုက်ပါတယ်။
(၁……..ကနေ ၉၇………အထိ အစဉ်တိုင်းဖြစ်ဖြစ် ကြိုက်တဲ့နေရာကဖေါက်ဖတ်တာပဲဖြစ်ဖြစ် အသုံးဝင်တဲ့ အတွေးလေးတွေကို ရရှိစေမှာပါ။)
Sususnosuki ရေးတဲ့စာ…..

2 comments

  • Sandar

    June 8, 2010 at 9:30 am

    ဝေမျှပေးတဲ ့အတွက် ကျေးဇူးပါ..
    On line မှာရှာလို ့ရမယ်ဆိုရင် website လေးသိချင်ပါတယ်။

    Reply

  • doekalay

    September 29, 2010 at 9:01 am

    လူဆိုတာအမှားမကင်းဘူးလို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ် ပေါက်လာတဲ့ ဒုက္ခ နွံထဲက ရုန်းမ ထွက်နိုင်တာ ကတော့ မိုက်မဲလွန်းရာကျပါတယ် ဆိုတဲ့စကားလုံးလေးကို တော့သဘောကျပါတယ်။

    Reply

Leave a Reply to doekalay Cancel Reply

Your email address will not be published.