မြန်မာ့အလင်းသတင်းစာတိုက်မှ စာတည်းမှူးချုပ် ဦးလှိုင်ဝင်း၏ သတင်းစာကိုယ်စားလှယ်ကြီးများထံမှ အတင်းအဓမ္မ ငွေညှစ်တောင်းခံမှု

applosoeSeptember 22, 20111min07

အထက်ပါသတင်းစာတိုက်မှ ရာထူးကြီးကြီးယူထားသူ ပုဂ္ဂိုလ် ၂ဦးအပါအဝင် ဌာနအတွင်းမှ အချို့သောဝန်ထမ်းများသည်  ဌာနသို့ပေးသွင်းသောနိုင်ငံတော်ပိုင်ငွေကြေး (သတင်းစာကိုယ်စားလှယ်များထံမှ လစဉ်သတင်းစာဖိုးကျသင့်ငွေများ) ကို နိုင်ငံတော်စာရင်းထဲသို့ မပေးသွင်းဘဲ ယင်းတို့၏ကိုယ်ကျိုးအတွက် သုံးစွဲထားနေခဲ့ပြီးဖြစ်ပါသည်။  ယခုအခါ သက်ဆိုင်ရာမှလည်း တာဝန်ရှိသလိုစစ်ဆေးမေးမြန်း အရေးယူဆောင်ရွက်နေပါသည်၊ ကိုယ်စားလှယ်များထံမှ သတင်းစာဖိုးငွေလက်ခံရယူထားပါကြောင်းလည်း ယင်းပုဂ္ဂိုလ်များမှ သက်ဆိုင်ရာလူကြီးမင်းများထံတွင် ဝန်ခံဂတိပေးထားပြီးဖြစ်ပါသည်၊ လုပ်ရိုးလုပ်စဉ်အရ ယင်းပုဂ္ဂိုလ်များနှင့်သာ စာရင်းရှင်းရမည် ဖြစ်ပါသော်လည်း အဆိုပါ စာတည်းမှူးချုပ် (ဦးလှိုင်ဝင်း) သည် အထက်လူကြီး၏ ညွှန်ကြားချက်အရဆိုကာ သတင်းစာကိုယ်စားလှယ်ကြီးများထံမှ မည်သူ့ကိုဖြင်ု့ သိန်း ဘယ်နှစ်ရာ (အကြွေးစာရင်းအတိအကျတွက်ချက်ထားသောစာရင်းမပြနိုင်ဘဲ) ထပ်မံပေးသွင်းခိုင်းပြီး မပေးသွင်းနိုင်ပါက သတင်းစာကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပစ်မည်ဟု ချိန်းခြောက်တောင်းဆိုနေပါသည်။ ၎င်းတောင်းဆိုသော အကြွေးဆိုသော ငွေကြေးများမှာ သတင်းစာကိုယ်စားလှယ်ကြီးများမှ လစဉ်လတိုင်း အမှန်အကန် ပေးသွင်းခဲ့ပြီးဖြစ်ပါသည်။  ရွာသားများလည်း ကျွန်တော့်ကိစ္စလေး မည်သို့ဆက်လက်ဆောင်ရွက်ရမည်ဆိုတာ အကြံပေးကြစေလိုပါတယ်။

 

7 comments

  • koyinmaung

    September 22, 2011 at 9:54 am

    ငွေပေးသွင်းတဲ့လက္ခံဖြတ်ပိုင်းတွေရှိယင်ရှင်းလို့ရမယ်ထင်ပါတယ်….

    Reply

  • Ko Ko Aung

    September 22, 2011 at 11:33 am

    ကိုရင်မောင်ပြောတာလဲမှန်ပါတယ်။

    အကယ်၍ ငွေလက်ခံစာရွက်စာတမ်းမရှိရင်လဲ ဒီကိစ္စမျိုးဟာ အကြွေးကြာရှည် ပေးထားရတဲ့ ပေးထားရတတ်တဲ့ ပေးထားဘို့လိုတဲ့ကိစ္စမျိုးမဟုတ်တဲ့အတွက် – အထူးသဖြင့်တော့ မြန်မာ့အလင်းဆိုတာ နိုင်ငံပိုင်သတင်းစာမို့ အကြွေးရောင်းခွင့် ပေးထားခွင့်လဲမရှိတဲ့အတွက် အသင့်ယုတ္တိအားဖြင့် မရှိတာကြောင့် လိမ်လည်ငွေတောင်းခံမှု့နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားသင့်ပါတယ်။ (ရဲတိုင်ပြီး အမှု့လိုက်အရာရှိကို တရားစွဲစေတာထက် ပိုကောင်းပါတယ်။ )

    ဖြစ်နိုင်ရင် ဒီလို ငွေတောင်းခံရသူ၂ဦး ၃ဦးစုပြီး တရားစွဲရင်ပိုကောင်းပါတယ်။

    အမှု့လမ်းကြောင်းအရ သတင်းစာကိုယ်စားလှယ်ကြီးများက နိုင်ခြေ မြင့်မားပါတယ်။

    Reply

  • suchy.kkline

    September 24, 2011 at 7:13 pm

    သတင်းစားကိုယ်စားလှယ်ကြီးတွေဆိုတာနေပူမရှောင်မိုးရွာမရှောင်အလုပ်လုပ်နေရတဲ့ ကိုယ်စားလှယ်ကြီးတွေလား
    တရားသောအမှုကိုနတ်စောင့်ဆိုတဲ့အတိုင်း တရားမျှတစွာ အနိုင်ယူနိုင်ပါစေ ……..
    မြတ်ဗုဒ္ဓရဲ့တိုင်းပြည်မို့လို့ ကံ ၊ ကံ ၏အကျိုးကို ဆိုတာရှိတဲ့အတွက် မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးကိုပြန်ခံစားကြ ရမှာပါ …
    ဝဋ်ဆိုတာလည်စမြဲမို့ ….
    စာတည်းမှူးချုပ်ဦးလှိုင်ဝင်း လည်း မှန်ကန်စွာ တောင်းဆိုခဲ့ပါလျှင် …….
    သတင်းစာကိုယ်စားလှယ်ကြီးမျာလည်းမတရားစွာ တောင်းဆိုခံခဲ့ရပါလျှင် …….
    မကောင်းမှုပြုသောသူသည် လောကရဲ့နိယာမအတိုင်း ကံကံ၏အကျိုးအတိုင်း မကောင်းသောကုသိုလ်ကံ ကိုပြန်လည်ခံစားရမှာပဲမို့ …….
    လောကဓံတရားကိုကြံကြံခံပြီးဆက်လက်ကြိုးစား သွားကြပါလို့..ဘဝမှာဘယ်အရာမှမမြဲခြင်းကိုသိရှိနိုင်ကြပါစေလို့ဆန္ဒပြု ရင်း

    Reply

  • မောင်တုတ် ကြီး

    September 24, 2011 at 9:51 pm

    မသေချာမရေရာဘူးဆိုရင်တော့ ကို ့လူက မကောင်းတော့ဘူး။ရပ်ကျော်ရွာကျော်ဖြစ်နေပီ။စီစစ်မှုအားနည်းလွန်းမနေဘူးလား။

    Reply

  • Mr.frog

    September 24, 2011 at 9:55 pm

    တစ်ကမ ္ဘာလုံးအတွက် လိုင်စင်ရရှေ့နေ များလား
    Mr.frog သိက္ခာ ကျရတော့မယ်
    နာမည်ပြောင်းမှ သင့်တော်လျော်ကန်ပေတော့မဟ ။

    Reply

  • ကြောင်ကြီး

    September 25, 2011 at 10:00 am

    ၂၂ရက်နေ့ အာရ်အက်ဖ်အေ မြန်မာပိုင်းမှာ တင်ထားတာပါ။ ဆိုင်မယ်ထင်လို့ ကူးတင်လိုက်ပါတယ်။
    မြန်မာ့အလင်း တရားမဝင် ရိုက်နှိပ်ရောင်းချသူ ဝန်ထမ်း ၅ ဦး အဖမ်းခံရ
    2011-09-22

    အစိုးရပိုင် နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာကို ရန်ကုန်မြို့မှာ တရားမဝင် ခိုးရိုက်ပြီး ဖြန့်ချိရောင်းချနေကြတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်း လုပ်ငန်းက ဝန်ထမ်း ၅ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်တယ်လို့ သိရပါတယ်။

    (Photo: AFP)

    အစိုးရထုတ် သတင်းစာတစောင်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)

    မြန်မာ့အလင်း သတင်းစာ စောင်ရေအပိုတွေကို တရားမဝင် ခိုးရိုက်ပြီးဖြန့်ချိနေတာဖြစ်ပြီး နှစ်ပေါင်းများစွာ တရားဝင် ရောင်းဈေး ၅ဝ ကျပ်အစား ၄၅ ကျပ်နှုန်း နဲ့ မှောင်ခိုဖြန့်ချိ ရောင်းချနေသူတွေလို့ သိရပါတယ်။

    ဒီအမှုမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆရတဲ့ မြန်မာ့အလင်း သတင်းစာ ဖြန့်ချိရေးဌာနက အရာရှိ တဦး အပါအဝင် အရာထမ်း ၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး မနေ့ကလည်း ငွေစာရင်းဌာနက အရာရှိတစ်ဦးကို ထပ်မံ ဖမ်းဆီးထားပါတယ်။

    အဲဒီအရာရှိဟာ စစ်ဖက်က လာတဲ့အရာရှိ ဖြစ်ပြီး သူတဦးထဲ ငွေကျပ်သိန်း ၂၅၀ဝ ခန့် ပေးလျော် ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

    ဒီအမှုမှာ အခြားပြန်ကြားရေး ဌာနက အဆင့်မြင့် အရာရှိကြီး တွေပါ ပါဝင် ပတ်သက်နေပြီး မြန်မာ့အလင်း သတင်းစာက အောက်ခြေဝန်ထမ်း အချို့ဟာ ကျပ်သိန်းဆယ် ဂဏန်းနဲ့ချီပြီး ခွဲတမ်းချပေးရမယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီအမှုနဲ့ ပက်သက်လို့ သတင်းစာ ကြော်ငြာဌာနက တိမ်းရှောင်နေရတဲ့ အရာရှိတဦးရဲ့ ဒဂုံမြို့သစ်ရှိ နေအိမ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းယူခဲ့ပါတယ်။

    ဒီသတင်းစာတွေကို ဖြန့်ချိပေးခဲ့တဲ့ ရန်ကုန်က သတင်းစာ ကိုယ်စားလှယ် အချို့ကို စက်တင်ဘာ ဒုတိယပတ် အတွင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ခေါ်ယူ စစ်ဆေးခဲ့ပြီး ဒီသတင်းစာ ကိုယ်စားလှယ်တွေပါ ငွေပေးလျော်ဖို့နဲ့ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား ပြုလုပ်မှုနဲ့အရေးယူဖို့ ပြင်နေတယ်လို့လည်း သိရပါတယ်။

    Copyright © 1998-2011 Radio Free Asia. All rights reserved.

    Reply

  • justice.ice29

    September 26, 2011 at 12:21 pm

    ကိုကြောင်ကြီးရေ ဒါကတော့ ကျွန်တော်တို့ဆိုလည်း ရောင်းသူနှင့်ဝယ်သူ ဈေးပေါတဲ့ဆီက ဝယ်ယူမှာအမှန်ဘဲမဟုတ်လားဗျာ (အများသူငှာအားလုံး ဒီအတိုင်းဘဲလက်ခံ ကျင့်သုံးနေကျတာပါ) သတင်းစာကိုယ်စားလှယ်ဆိုတာကလည်း စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ စီးပွားရေးသမားဘဲလေဗျာ သူက နိုင်ငံ့ဝန်ထမ်းမှမဟုတ်တာ သူ့စီးပွားသူလုပ်နေတာဘဲဗျာ အဓိကကတော့ နိုင်ငံတော်ကပေးထားတဲ့လစာ စားနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေက တော်တော်ဆိုးတာဘဲဗျာ ဘယ့်နှယ့် နိုင်ငံတော်ပိုက်ဆံကိုများသတ္တိရှိရှိနဲ့များ သူတို့ပိုက်ဆံလို ထင်တိုင်းလုပ်ကြတာ တော်တော်လွန်တယ်ဗျာ နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံတော်ကိုယ်စားပြုလေဗျာ ဒီလိုလူတွေ ဘယ်ဌာနတွေမှာ ဘယ်လောက်တောင်ရှိနေလဲမသိဘူးနော် ကောင်းကောင်းအရေးယူသင့်ပါတယ်ဗျာ မဟုတ်လျှင် ချောင်လို့ကတော့ ဆက်လုပ်နေကြမှာဘဲ (ဝန်ကြီးလည်း အမှန်ကို အမှန်အတိုင်း သူ့ဝန်ထမ်းတွေကို အရေးယူမှာပါ ဘာလို့လည်း ဆိုတော့ အခုကာလက ခေတ်မှီတိုးတက်ဖွင့်ဖြိုးတဲ့ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေပြီ ဆိုတော့လေ) ဒီလို ချစားဝန်ထမ်းတွေ မရှိသင့်တော့ပါဘူးဗျာအဲဒီ ဦးလှိုင်ဝင်းဆိုတဲ့လူကလည်း အမှန်ကိုအမှန်အတိုင်း အပြစ်ရှိတဲ့လူတွေကို (ကာယကံရှင်တွေကလည်း သူတို့မသမာမှုလုပ်ထားပါတယ်ဆိုတာကိုဝန်ခံထားပြီးသား) အရေးယူဆောင်လုပ်သွားရမှာကို ဘယ့်နှယ့်မဆီမဆိုင် သတင်းစာကိုယ်စားလှယ်တွေဆီက ငွေညှစ်ရတယ်လို့ အကျင့်ကတော့ မပျောက်သေးဘူးနော် အေးလေ သူတို့လိုလူတွေကတော့ နိုင်ငံတော်ကပေးထားတဲ့လစာလေးကိုယူ အထက်ကလူကြီးကိုဖားဖို့အတွက် (သူတို့ထိုင်ခုံလေး ပျောက်မှာစိုး) အာဏာသုံးပြီး သတင်းစာကိုယ်စားလှယ်တွေဆီက ညှစ်နေတာနေမှာပေါဗျာ ဘာဘဲပြောပြော အမှန်တရားကို နတ်စောင့်ပါတယ် ကိုကြောင်ကြီးရာ

    Reply

Leave a Reply to justice.ice29 Cancel Reply

Your email address will not be published.