၅။ အတွေးနည်းစဉ်

susunosukiMay 15, 20101min01

အရူးတွေဟာအတွေးတွေနဲ့ မဆုံးနိုင်တဲ့ ခရီးမှာ လွင့်နေကြတယ်။
သူတို့ဟာ အတွေးရေယာဉ်ကြောမှာ အဆုံးအစမရှိ
လွင့်မြောနေတတ်တယ်။

လူတော်တွေကတော့ အတွေးသစ်တွေကိုဖန်တီးတယ်။
များသောအားဖြင့် အဲဒီအတွေးတွေဟာ
ဆန်းကြယ်လှတယ်။ သို့သော်လက်တွေ့ကျကျ
ဖြစ်လာဖို့တော့ခက်ခဲတယ်။

ပညာရှိတွေကတော့ သူတို့ရဲ့အတွေးတွေကို
သူတို့စီမံထိန်းသိမ်းနိုင်တယ်။
အခြေနေပေါ်မူတည်ပြီး၊ လိုအပ်သလိုတီထွင်မယ်။
စိတ်ကူးညဏ်ကွန့်မြူးမယ်။
ဒါမှမဟုတ်ဖျက်ချင်လည်း ဖျက်ပစ်လိုက်မှာပဲ။
သူတို့တွေဟာ အဲဒီကနေ အကောင်းဆုံးရလာဒ် ကိုယူမယ်။
အဲဒီဖြစ်စဉ်တစ်ခုလုံးကနေ ပျော်ရွှင်မှုတွေ ရရှိစေမှာ ဖြစ်တယ်။
XXXXX
ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ နွံထဲက ရုန်းမထွက်နိုင်တာ ကတော့ မိုက်မဲလွန်းရာကျပါတယ်။
ကျွန်တော်က ရလာတဲ့ဘဝ တိုတိုလေးမှာ အများကြီး မဆုံးရှုံးချင်ဘူး။ ဒါကြောင့်ကိုယ့်ကိုယ် ကိုကောင်းအောင်ပြုပြင်ဖို့ အမြဲကြိုးစားတယ်။ ဒီလိုကြိုးစားချိန်မှာ ကျွန်တော့်ကို အတော်လေး အထောက်အကူပေးတဲ့ဒီစာအုပ် ကိုအားလုံးဖတ် စေချင်တယ်။
စာအုပ်နာမည်က The foolish, the clever and the wise ဖြစ်ပါတယ်။မူရင်းရေးသားသူက စာရေးဆရာ Charles Akara ရေးသားတာဖြစ်ပြီး မြန်မာပြန်သူကတော့ ဒေါက်တာ ခင်မောက်ညို(ဘောဂဗေဒ) ဖြစ်ပါတယ်။
လူတစ်ဦးခြင်းစီရဲ့ တန်ဖိုးထားမှု ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ အပြုအမှု တွေကို မြင်သာထင်သာရှိအောင် ပြသထားတာ ဖြစ်ပါတယ်။ အချက်ပေါင်း အားလုံး ၉ရ ချက်ပါရှိပါတယ်။
ပထမတုန်းကတော့ ကျွန်တော့်ထင်မြင်ယူဆချက်နဲ့ပေါင်းပြီး စကားပြေပုံစံမျိုး ရေးမလို့ပါ။ နောက်တော့မှ မြန်မာပြန်သူ ရဲ့ အာဘော်နဲ့ မြန်မာပြန်အရသာပျက်သွားမှာ စိုးလို့ မူရင်းအတိုင်းပဲ ရေးတင်ပေးလိုက်ပါတယ်။
အကောင်းဆုံးတွေကို အရယူပြီး အောင်မြင်တဲ့ ဘဝလမ်းကို လျှောက်လှမ်းနိုင်ပါစေ လို့ဆန္ဒပြုလိုက်ပါတယ်။
(၁……..ကနေ ၉၇………အထိ အစဉ်တိုင်းဖြစ်ဖြစ် ကြိုက်တဲ့နေရာကဖေါက်ဖတ်တာပဲဖြစ်ဖြစ် အသုံးဝင်တဲ့ အတွေးလေးတွေကို ရရှိစေမှာပါ။)
Sususnosuki ရေးတဲ့စာ…..

One comment

  • thantzinhtut

    May 16, 2010 at 11:43 am

    ဂွတ်ထ။ ကြောင်မလေး အရမ်းတော်တယ် :P။ ဆက်ကြိုးစား

    Reply

Leave a Reply

Your email address will not be published.