စိတ်ပျက်မိပါတယ်မြန်မာနိုင်ငံဝန်ထမ်းတွေရယ်

chityimhtooSeptember 19, 20111min09

မနေ့ညနေ ၄နာရီလောက်ထဲက ကျွန်တော်တို့သုံးနေတဲ့ ADSL .MPT korea လိုင်းတွေဟံသာဝတီအိပ်ချိမ်းကနေပျက်တောက်သွားပါတယ်။4421111 ကိုဖုန်းဆက်ပြီးအကြောင်းကြားတော့လည်းသူတို့ဘက်ကမပျက်ပါဘူးဆိုပြီးပြန်ပြောပါတယ်။ကျွန်တော်တို့သုံးနေတဲ့ မိုဒမ်မှာတော့ DSL မီးလုံးဝမလင်းပါဘူး။ဒီလိုဘဲ ကျွန်တော်တို့နဲ့ လိုင်းတူတဲ့ သူတွေအားလုံးကိုဖုန်းဆက်မေးကြည့်တော့ အားလုံးလိုလိုလိုင်းပျက်တောက်နေတာပါ။သူတို့ဆီဖုန်းဆက်တဲ့ အခါမှာမိုဒမ်ကိုမီးပိတ်လိုက်ပါတို့..ကြိုးဖြုတ်ပြီးပြန်တက်လိုက်ပါတို့ အမျိုးမျိုးပြောပြီးဖုန်းချသွားပါတယ်။ကျွန်တော်တို့လည်းလိုင်းကိုသုံးလာတာ ၅နှစ် ၆နှစ်လောက်ရှိပါပြီ ဒီလောက်ကတော့ သိပြီးသားပါ။ဘယ်သူ့အဖေခေါ်ပြီးဘယ်သူ့ကိုပြောရမှန်းတောင်မသိတော့ပါဘူး။
ဝန်ထမ်းတိုင်းကိုမဆိုလိုပါဘူး
အင်မတန်စိတ်ပျက်ဘို့ကောင်းတဲ့ မြန်မာပြည်ကဝန်ထမ်းတွေပါ။

9 comments

  • koyinmaung

    September 19, 2011 at 12:23 pm

    ခုမှမဟုတ်ပါဘူးကွယ်…..

    Reply

  • မီးမီး သော်

    September 19, 2011 at 12:35 pm

    မီးမီး တို ့ငယ်ငယ်လေးထဲက ပျက်တာ၊နှစ်သုံးဆယ် ကျော်လာပီပျက်နေတုန်းပါ။ပြင်လို ့မရသေးပါ။ဟိ

    Reply

  • etone

    September 19, 2011 at 1:52 pm

    ရိုးနေပြီလို့ပဲ ပြောရတော့မယ် … ကွန်ပလိန်းတင်လည်း ခဏစောင့်ဆိုပြီး ဖုန်းဘေးချအိပ်ပျော်နေသလားမှတ်ရတယ် ..ဒီဘက်ကလူကတော့ ခေါ်ရခက်တဲ့ ဖုန်းလေးမို့ ချလည်းမချရက်ပဲ … ကိုင်နားထောင်ရင်း ဖုန်းဘေလ်တွေကို တက်လို့ …သူတို့ကတော့ ဟိုဘက်မှာ ဘာလုပ်နေမှန်းမသိဘူး တစ်ခါတစ်လေ ရယ်သံမောသံတွေတောင် ကြားရတယ်… ။ 🙄

    Reply

  • taungpawthar

    September 19, 2011 at 6:02 pm

    အခုက နယ်ပယ်တိုင်းမှာ စမ်းသပ် ကာလလို ့ပဲပြောရမလား လုပ်ကြည့်တယ် အဆင်မပြေတော့ ပြန်လုပ်တယ် နောက်တမျိုးထွင်တယ် နစ်နာရတာကတော့ စားသုံးသူ ပြည်သူပေါ့

    Reply

  • ဆူး

    September 19, 2011 at 8:31 pm

    ဖုန်းဆက်လိုက်တိုင်း… စက်ကို ခဏပိတ် ၁၅မိနစ်နေမှ ပြန်ဖွင့် ကွန်ပြူတာလည်း ပိတ်ပြီးပြန်ဖွင့် မကောင်းသေးရင် ကြိုးတွေ ဖြုတ်ပြီး ပြန်တပ်.. ဒါပဲ..
    အမြင်ကတ်တာနဲ့ နောက် ၁၅မိနစ်နေတဲ့ အထိ လုပ်ပြီး မရလို့ တိုင်ချက်ဖွင့်မယ် ဆိုတော့.. မလုပ်ပေးချင် လုပ်ပေးချင်တဲ့ မှတ်သွားတယ်။ ပျက်ရင် ဘာကြောင့် ပျက်လဲ ဆိုတာ ဝေဝေ ဝါးဝါး သိပ်လုပ်တာ အမှန်ပဲ။

    Reply

  • kolulay

    September 20, 2011 at 11:13 am

    မှန်တယ်။ သူတို့က ပစ္စည်းပဲယူချင်တာ တာဝန်တော့ မယူချင်ဘူးလေ။ လူလေး ပြောပြမယ်သိလား။
    လူလေး ညီမတွေ စာမေးပွဲဖြေတုံးကလည်း အဲ့သလိုပဲ။ စာမေးပွဲချိန်ကနီးနေပြီ (ပါရမီ) ကျောင်းကားကမလာသေးဘူး။ အဲ့တာနဲ့ လူလေးလည်း စိတ်တိုပြီး ပါရမီ ယာဉ်လိုင်းကို ဖုန်းဆက်တော့ ဒါက ဒါရိုက်တာရုံးကဖုန်း တဲ့ သူတို့ကဘာလုပ်ပေးရမှာလဲတဲ့။ ကျောင်းကိုဖုန်း ဆက်တော့လည်း သူတို့နဲ့မဆိုင်ဘူးတဲ့ ။ ကျုပ်လေ ဒေါသဆိုတာ အချောင်းလိုက်ထွက်တယ်။ ကလေးတွေ စာမေးပွဲဖြေရမှာကို သူတို့က အိမ်က မိန်းမ နားကပ်ပျောက်တာလောက်တောင်အရေးမထားဘူး။

    Reply

  • မောင်တုတ် ကြီး

    September 20, 2011 at 11:44 am

    တနေ ့တော့ အားလုံးသူမျှော်လင့်သလိုကောင်းသွားမှာပါ။အမြဲမကောင်းသလို၊အမြဲလည်းမပျက်ပါဘူး။

    Reply

  • winkyawaung

    September 20, 2011 at 1:44 pm

    မြန်မာပြည်က ဆက်သွယ်ရေး ADSL စိတ်ပျက်မိပါတယ်။ ပြန်အပ်ရင်လည်း (၁၅) သိန်းခွဲ လုံးလုံးပြန်မပေးဘူးတဲ့။ လိုင်းကိုလည်း ကောင်းအောင်လုပ်မပေးကြပါဘူး။ ပြောတော့တစ်မျိုး လုပ်တော့မမှန်။ ယခုလောလောဆယ်ကို မရမ်းကုန်းစင်တာက ဂိတ်ဝေးတွေ ပြုတ်ကျနေတာ..၊ ပြီးခဲ့တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ (၃)ရက် ပျက်တယ်တဲ့။ ၁၉-၉-၂၀၁၁ နေ့ တနလာင်္ာ မှ ပြန်ကောင်းတယ်။ ဒါတောင် တက်လိုက် ကျလိုက် လုပ်နေပါသေးတယ်။ စိတ်ပျက်မိပါတယ်ဗျာ..။

    Reply

  • intro

    September 20, 2011 at 2:02 pm

    မသိရင် မြန်မာပြည်က phone လိုင်းတွေ၊ internet လိုင်းတွေအတွက် စမ်းသပ်ခံ (Training ကွင်းကြီး) ကျနေတာပဲ… အခုတစ်မျိုးတော်ကြာတစ်မျိုးတွေ၊

    Reply

Leave a Reply to kolulay Cancel Reply

Your email address will not be published.