ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေးအစီအစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်ဆောင်ရွက်ပေးမည်

ဦးကောက်September 19, 20111min03

AddThis Social Bookmark Button
မန္တလေးမြို့ ကညနရုံးတွင် ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေးနှင့် ပါတ်သတ်၍ ကြေငြာချက်ထုတ်ပြန်ထားစဉ်

ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေးအစီအစဉ်အရ မော်တော်ကားသွင်းကုန်ပါမစ် ထုတ်ပေးမှု အစီအစဉ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဆန်စပါးအထူးပြုကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်မှု အစီအစဉ်ကို စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ကားဟောင်းများအပ်နှံရေးကိစ္စ၊ မှတ်ပုံတင်ပြီးစီးသည့် မော်တော်ယာဉ်များသည် ပြည်ပမှတင်သွင်းရန် မော်တော်ကားပါမစ် ထုတ်ယူရန်ကိစ္စကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးအမှတ်(၃) နေပြည်တော်အနေဖြင့် နေ့ချင်းပြီး(One Stop Service) ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ရာ မော်တော်ကား တင်သွင်းခွင့် လျှောက်ထားသူများသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကားဟောင်းအပ်နှံရေးကိစ္စ မှတ်ပုံတင်ပြီးစီးမှုအတွက် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကားဟောင်းပိုင်ရှင်သို့ ထုတ်ပေးသည့် အပ်နှံမှု အထောက်အထား စာမူရင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) သို့မဟုတ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)  ဘဏ်တစ်ခုခုတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းစာအုပ် မိတ္တူ (မူရင်းပူးတွဲ တင်ပြရမည်)၊ မော်တော်ကားရောင်းချပေးသည့် ပြည်ပကုမ္ပဏီမှ ထုတ်ပေးသော Proforma Invoice သို့မဟုတ် Sale Contract၊ မော်တော်ကား အဟောင်းပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် မှတ်ပုံတင်မိတ္တူ (မူရင်းပူးတွဲတင်ပြရမည်) တင်ပြရန် လိုအပ်ကြောင်း သိရသည်။

ယင်းအပြင် မော်တော်ကား တင်သွင်းခွင့် လျှောက်ထားခြင်းကို ပိုင်ရှင်ကိုယ်တိုင် လျှောက်ထားရန် ဖြစ်သော်လည်း ကျန်းမာရေးအရသော်လည်းကောင်း၊ ခရီးလွန်နေ၍သော်လည်းကောင်း ပိုင်ရှင်ကိုယ်တိုင် မလာရောက်နိုင်ပါက Special Power လွှဲအပ်ခံရသူ ကိုယ်စားလှယ်က လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

ယင်းသို့လျှောက်ထားရာတွင် မော်တော်ယာဉ်ပိုင်ရှင်၏ မှတ်ပုံတင်မိတ္တူ လိုအပ်မည်ဖြစ်ပြီး ယင်း၏အမည်ဖြင့်သာ မော်တော်ယာဉ်တင်သွင်းခြင်းကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ငွေပေးချေရန် လျှောက်ထားသူသည် ကိုယ်တိုင်ဘဏ်စာရင်း ဖွင့်လှစ်နိုင်ခြင်းမရှိပါက မော်တော်ကား တန်ဖိုးငွေကို တာဝန်ယူပေးချေမည့် နိုင်ငံခြားငွေဘဏ်စာရင်း ဖွင့်လှစ်ထားသူ တစ်ဦးဦး၏ ဘဏ်စာရင်းမှ ပေးချေ ခွင့်ပြုမည်ဖြစ်သော်လည်း အဆိုပါပေးချေမည့်သူ၏ ခံဝန်ချက်နှင့် ၎င်း၏ နိုင်ငံခြားငွေစာရင်း စာအုပ်မူရင်းနှင့် မိတ္တူကိုပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

3 comments

  • မီးမီး သော်

    September 19, 2011 at 1:16 pm

    “””ပြည်ပသို့ငွေပေးချေရန် လျှောက်ထားသူသည် ကိုယ်တိုင်ဘဏ်စာရင်း ဖွင့်လှစ်နိုင်ခြင်းမရှိပါက မော်တော်ကား တန်ဖိုးငွေကို တာဝန်ယူပေးချေမည့် နိုင်ငံခြားငွေဘဏ်စာရင်း ဖွင့်လှစ်ထားသူ တစ်ဦးဦး၏ ဘဏ်စာရင်းမှ ပေးချေ ခွင့်ပြုမည်ဖြစ်သော်လည်း အဆိုပါပေးချေမည့်သူ၏ ခံဝန်ချက်နှင့် ၎င်း၏ နိုင်ငံခြားငွေစာရင်း စာအုပ်မူရင်းနှင့် မိတ္တူကိုပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရသည်။””””

    ဒီကိစ္စကတော့ မလွယ်ကြောဘဲ။သာမန်လူတွေမှာ ဘယ်ကရမလဲဘဏ်စာရင်းက။ဟွန် ့ ဒါဆိုရင်တော့. လုပ်စားမယ့် ဘဏ်စာအုပ်ပိုင်ရှင်တွေပေါ်လာ
    ဦးမှာပေါ့။စိတ်ညစ်ပါတယ်။

    Reply

  • လင်းဝေကျော်

    September 19, 2011 at 2:06 pm

    နံပါတ်ရှိပြီးသားကားတွေကို အစားထိုးလဲလှယ်ခိုင်းတာကို ကညန မှတ်ပုံတင်ကြေး ၁၀၀% ထပ်ပေးခိုင်းတာကတော့ အစားထိုးခိုင်းတာမဟုတ်ပဲ အသစ်မှတ်ပုံတင်ခိုင်းတာဖြစ်နေပြီလေ။
    အသစ်တင်ခွင့်ပေးတာကိုပဲကျေးဇူးတင်နေရတာဆိုတော့။
    လည်ပင်းညှစ်ထားရာကနေ နားရင်းပဲအုပ်တာကို ကျေးဇူးတင်ပါတယ် ပြောနေရတဲ့ တို့ဘဝပါလား။

    Reply

  • aungnng87

    September 19, 2011 at 3:49 pm

    ဘာဘဲပြောပြော Tax တွေကိုတော့ လျှော့သင့်တယ်။ ဒီလောက်အများကြီးမကောက်သင့်ဘူး။ ညှာညှာတာတာလုပ်ကြပါ အစိုးရဌာနများရယ်။

    Reply

Leave a Reply to aungnng87 Cancel Reply

Your email address will not be published.