အဝိုင်း………ဆိုတော့…….ပါတ်ဝင်

မန္တလေးမြို့ တောင်ဘက်အထွက် မှာတံခွန်တိုင်အရပ်ဆိုတာရှိပါတယ်။
ရန်ကုန်မန်းလေးလမ်းမကြီး ပေါ်မှာပါ။
အရင်က တံခွန်တိုင်ဈေးကျော်လို့ တောင်ဘက်နည်းနည်းလေးဆက်သွားရင် လယ်ကွင်းပြင်ကျယ်ကြီး တွေ့ရမှာပါ။
အနောက်ဘက်ကြည့်ရင် လယ်ကွင်းတွေဆုံးရင်တောင်သမန်အင်းဘက်ကိုရောက်မယ် မိုးခါဆိုရင်တော့ ရေပြင်ကျယ်ကြီး။
အရှေ့ဘက်ကလဲ ကွင်းပြင် အဝေးမှာ ရှေးဘုရား အပြိုအပျက်တွေရှိခဲ့ပါတယ်။
အဲဒီနားမှာဟိုအရင်က တံတားသေးသေးလေးရှိပါတယ်။
သေးတာမှ ကားတစ်စင်းဘဲဖြတ်ရတော့ စောင့်ပေါ့ တစ်စီးပြိးမှတစ်စီးသွား။
နောက်တော့တံတား အသစ်ဆောက်တဲ့ အခါ အကျယ်ကြီးဖြစ်သွားပါတယ်။
ဟောအခုအခါမှာတော့ လမ်းကျယ်ကနေ သူ့အနောက်ဘက် တောင်သမန်ရွာကနားကဖြတ်လို့ ရန်ကုန်မန်းလေး အမြန်လမ်းမကြီးဖောက်လိုက်တာနဲ့အတူ
အဝိုင်းပါတ်ကြီးလည်း အသစ်ဆောက်လိုက်ပါတယ်။
လောလောဆယ် မန်းလေးမှာတော့ အတော်ကြီးတဲ့ အဝိုင်းပါတ်လို့ယူဆရင်ရပါတယ်.
ကဲပုံတွေကြည့်လိုက်ကြရအောင်။

မြောက်ဘက်ကိုလှည့်ထားတဲ့ အဝိုင်းပတ်က မုဒ်ဦး

ဒါကတော့တောင်ဘက်ကို ရောက်အောင်ပါတ်သွားတဲ့ဘက်ပေါ့
တိမ်ပြာပြုာ အောက် ကမုဒ်ဦး မြောက်ဘက်က မြင်ရတာပါ

ဒါကတော့ ပန်းပင်တွေစိုက်ထားတဲ့ မုဒ်ဦးအတက်
အပင်လေးတွေ စိမ်းစိုစို နောင်ဆိုပိုလှမယ်ထင်ပါရဲ့ ပန်းပွင့်ရင်လေ

ဒါကတော့ လမ်းအနောက်ဘက်မှာ နောင်အသုံးပြုတော့မယ့် ရန်ကုန်မန်းလေးအမြန်လမ်းမ ကို လှမ်းမြင်ရတာ ဝိုးတဝါး
လမ်းအနောက်ဘက်က အမြန်လမ်းမကြီးလေ

အဝိုင်းပါတ်ကိုတောင်ဘက်ကနေပြန်ဝင်တော့ လမ်းအနောက်ဘက်မှာ ဒီလိုတွေ့ရတယ်။
ဒါကတော့ တံတားပေါ်မှာဖြတ်လာတာလေ

တောင်ဘက်လှည့်တဲ့မုဒ်ဦးကို မြင်နေရတာ
တောင်ဘက်လှည့်ကို မြင်ရတဲ့ပုံလေးပါ

ကားက တောင်ဘက်ကနေမြောက်ဘက်လာတော့ အဝိုင်းကြိးကိုပါတ်လာရတယ်လေ
မိုးတိ်မ်ထုအောက်က မုဒ်ဦး

ဒါကတော့ပြာလွင်တဲ့ကောင်းကင်အောက်ကပုံလေ
ပြာလွင်တဲ့ကောင်းကင်အောက်က မုဒ်ဦး

လမ်းသွားရင်းကားပေါ်ကရိုက်တာဆိုတော့ အသေအချာရိုက်သူလောက်တော့လှမယ်မထင်ပါဘူး။
မြင်ဘူးအောင်ပေါ့။
တစ်ခါက ရွာထဲက တစ်ယောက်ကဒီပုံလေးတင်ပေးပါဆိုလို့တင်ပေးလို်က်ပါတယ်။

12 comments

  • koyinmaung

    September 18, 2011 at 9:00 am

    မန်းလေးကိုဖြတ်သွားတာဘဲရှိလို့
    မန်းလေးအကြောင်းတွေဆိုစိတ်ဝင်စားပါတယ်
    ဒီတခါပြန်ရောက်ယင်တော့မန်းလေးကို
    ဝင်လည်ဖြစ်အောင်လည်လိုက်အုံးမယ်…..

    Reply

  • mandalaywith

    September 18, 2011 at 12:20 pm

    Thanks your write our mandalay city info~^^

    Reply

  • မီးမီး သော်

    September 18, 2011 at 12:29 pm

    ကျေးဇူးဘဲ ကိုပေါက်ရေ။အဝိုင်းပတ်တွေ မှာ ဆိုင်ကယ်တွေ မဆင်မခြင်ပြောင်းပြန်ဝင် ကြတာတွေ ့ဖူးတယ်နော်။

    Reply

  • windtalker

    September 18, 2011 at 12:40 pm

    အဲဒီမုခ် က နေ အနောက်ဘက် ကို လမ်းသစ်ကြီး ဖောက်နေတာတော့ မြင်ခဲ့တယ် ဗျ ။
    အဲဒီလမ်း က တံတားဦးလေဆိပ် ကို သွားတဲ့ လမ်းလား ကိုပေါက် ။
    နောက်ပြီး မန်းတလေး-နေပြည်တော်-ရန်ကုန် လမ်းသစ် ကြီး နဲ ့တစ်ဆက်ထဲ လား ဗျ ။

    Reply

  • ဟုတ်ပါတယ် ရန်ကုန်မန်းလေးအမြန်လမ်းမကြီး။
    တောင်သမန်ရွာအရှေ့ဘက်ကနေဖြတ်သွားတာပါ။
    တစ်ခါမှတော့ မသွားဘူးသေးဘူးရယ်………………

    Reply

  • တညင်သား

    September 18, 2011 at 2:53 pm

    မိုက်တယ် ကြည့်ရတာအဆင်ပြေတယ် စိတ်ကူးရတဲ့ အဂျင်္ ီနီယာကို ချီးကျုးမိတယ်ဗျာ….

    Reply

  • ဓါတ်ပုံရိုက်တဲ့လူတော်လို့ ကြည့်လို့လှတာ မဟုတ်ဘူးလာ း တညင်သားရေ

    Reply

  • တညင်သား

    September 18, 2011 at 6:24 pm

    ကိုရီးယားရဲ့ မြို့တမြို့မှာ လမ်းဆုံတခုပေါ့ ဒီလိုပဲ သူတို့ နန်းတော် မုဒ်ဦးတခု လုပ်ထားတာ တွေ့မိတယ် နေရာတော့ အတိအကျ မမှတ်မိဘူး.. နေရာက ကျဉ်းကျဉ်း နဲ့ လှအောင်လုပ်ထားတာလေ ကားပေါ်ကနေကြည့်မိတာ မန်းလေးနန်းတွင်းထဲဝင်တဲ့ပုံစံမျိုး မီးပွိုင့်မိနေတုန်းကြည့်ရတာဗျ လူတွေက မျဉ်းကြားကကူးသွားပြီး အဲဒီအဆောက်အဦးရဲ့ အောက်က ဦးတဟိုသွားလာနေကြတာ လူတွေလုပ်တဲ့သဘာဝ ပုံစံ တော်တော်ကြည့်လို့ကောင်းတယ် ..အဲဒါကိုသတိရပြီး ပြောမိတာ… ဓါတ်ပုံရိုက်တာ မတော်ပါဘူး တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ………

    Reply

  • ရွှေဘိုသား

    September 19, 2011 at 9:45 am

    ဓာတ်ပုံ ရိုက်တဲ. သူကလည်းတော်ပါပေတယ် ကြည်.တဲ.သူကလည်း အနုပညာ မျက်စိရှိလို.ပေါ.
    ဟုတ်တယ်နော်လေးပေါက် ရွာထဲမှာတော. လေးပေါက်လောက် ကောင်းတဲ.သူမရှိတာ အမှန်ပဲ

    Reply

  • pan pan

    September 19, 2011 at 10:04 am

    မြင်ကွင်းလေးကလှပါတယ်
    ကြည်ကြည်လင်လင် စိမ်းစိမ်းစိုစိုလည်း ရှိပါတယ်
    ဒါပေမယ့် အပင်ကြီးတွေ မတွေ့ဘူးနော်
    လမ်းဘေးနားတလျှောက်မှာ အပင်တွေစိုက်ပေးထားရင် ကောင်းမှာ

    Reply

  • အရင်ကလမ်းဘေးမှာကုက္ကိုပင်တွေရှိပါတယ်။
    ဒီအဝိုင်းပါတ်ဆောက်တော့ အပင်တော်တော်များများဖယ်လိုက်ပါတယ်။
    အားနေလို့ လက်ဆော့မိတာပါဗျာ။

    Reply

  • thihayarzar

    September 23, 2011 at 5:21 pm

    မရောက်တာတောင်ကြာသွားပါလား
    ပြောင်းလဲသွာပြီပေါ့ ကောင်းပါတယ်
    တိုးတက်ပါစေ

    Reply

Leave a Reply to mandalaywith Cancel Reply

Your email address will not be published.