ရှေးအခါက

zoxnetMay 15, 20101min04
images

လူတစ်ဦးထံတွင် လူတစ်ဦး သန္ဒေတည်၏။ နောက်ရက် အနည်းငယ်အကြာ … အမျိုးသမီးတစ်ဦးထံတွင် အမျိုးသားတစ်ဦး သန္ဒေတည်ပြန်၏။ ထိုသန္ဒေသား နှစ်ဦးသည် လိုအပ်သော နေ့လစေ့သော အခါ ကလေးသူငယ်များ အဖြစ် ဖွားမြင်ကြ၏။ သန့်ပြန့်သော လေကို ရှုရှိုက်ကြ၏။ ရရှိထားသော ဝေစုအလိုက် မိခင်နို့ရည်ကို သောက်သုံးကြ၏။ (နို့မှုန့်လည်း သောက်ချင် သောက်ကြပေမည်။) တဖန် လောက အလှကို လေးဘက်ထောက် ကြည့်ကြ၏။ ကြမ်းပြင်ကို လျှောတိုက်ရင်း အသစ်များကို စူးစမ်း၏။ မကြာခင် ထိုသူနှစ်ဦးသည် ကမာ္ဘ့လူသားများ နည်းတူ လျှောက်လှမ်းမှုကို စတင်လေ့ကျင့်၏။ သူတို့၏ ပတ်ဝန်းကျင်သည် ရုပ်ရှင်ကားများအတိုင်း သစ်ရွက်ကြွေပါ၏။ မိုးများရွာချပါ၏။ နှင်းပွင့်များ ကျလာပါ၏။ ထိုကဲ့သို့ပင် သစ်ရွက်များ၊ မိုးများ၊ နှင်းပွင့်နှင်းမှုန်များ ကြွေပါ၏။ ရွာချပါ၏။ ကျလာပါ၏။ နှစ်ပေါင်းများစွာ ကြွေ၊ ရွာ၊ ကျလာသောအခါ လူတစ်ဦးနှင့် လူတစ်ဦးသည် အမှတ်မထင် တွေ့ဆုံကြပါ၏။ (တမင်တကာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။) လူတစ်ဦးသည် အမျိုးသားတစ်ဦး ဖြစ်ပြီး၊ လူတစ်ဦးသည် အမျိုးသမီး ဖြစ်လေ၏။ နောင်အခါ ထိုလူသားနှစ်ဦး ပေါင်းဖက်ကာ သန္ဒေတည်ကြမည် ဖြစ်၏။ သို့သော် ထိုအချိန် အခါက မျက်နှာချင်း ဆိုင်မရသူ နှစ်ဦး ဖြစ်လေ၏။ အညှိုးအတေးများ ကိုယ်စီ ပြည့်နှက်နေကြ၏။ မာနတရားများ အပြည့်အဝ ထမ်းပိုးထားကြ၏။ … လောကကြီးသည် ဆန်းကြယ်လှပါသည်။ နဖူးစာသည် မှော်ဆရာ တစ်ဦး ဖြစ်ပါသည်။ အဆိုးများသည် အကောင်းများ ဖြစ်လာပါသည်။ အမုန်းများသည်လည်း အချစ်များ ဖြစ်လာပါသည်။ တလောကလုံးတွင် ထိုသူနှစ်ဦးသည် အချစ်ဆုံး ဖြစ်လာကြပါသည်။ မှန်ပါသည်။ … အားလုံးမျှော်လင့် ထားကြသည့် အတိုင်း ထိုသူနှစ်ဦးသည် ကျွန်တော်နှင့် ကျွန်တော်၏ ကောင်မလေး ဖြစ်ပါသည်။

4 comments

  • kai

    May 15, 2010 at 9:18 am

    ဒါက အချစ်ဆုံးတွေရဲ့…ကြွားနည်းတမျိုးလား..ဟင်..။
    သားသားနဲ့။မီးမီးလှလှလေးတွေရကြပါစေဗျာ။

    Reply

  • susunosuki

    May 15, 2010 at 2:22 pm

    တယ်ထွင်တဲ့စာပါလား
    ရည်းစားစာ က တော်တော်လန်းနေတယ်
    ကျွန်တော်က စစခြင်းမှာ ဘဝသံသရာ သီချင်းလို သံဝေဂ တစ်ခုခုပေးမယ်မှတ်တာ

    Reply

  • intro

    May 16, 2010 at 6:22 am

    မိုက်တယ်ဗျို့.. ရေလည် လန်းတယ်…

    Reply

  • မန်း ရိပ်

    August 30, 2010 at 11:56 am

    ဟင်း ဘာမှန်းကိုမသိဘူး

    Reply

Leave a Reply

Your email address will not be published.