ကြယ်တစ်ပွင့်ကို တောင့်တခြင်း

manawphyulaySeptember 16, 20111min010

စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ
မင်းအချစ်တွေ မဟုတ်ဘဲ
ဆူးတစ်ချောင်းသာဆိုရင်တော့
အသည်းမှာ ဒဏ်ရာကျန်ခဲ့စေဦး
နုတ်ပစ်မိမှာ အမှန်ပါ
အဲံဒီအတွက် ခံစားချက်မဲ့စွာ။

စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက်
မင်းသိအောင် ပြောဖို့ ခက်ခဲရင်း
မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ
ခုတော့ ဒဏ်ရာများစွာ။

ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ
တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်ကို
ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ
မေ့ပစ်လိုက်ဖို့ ပြောရအောင်
အဲဒါက အိပ်မက်မှ မဟုတ်တာ။

10 comments

  • chartatelay

    September 16, 2011 at 12:13 pm

    idea ကိုတော့တယ် ကြိုက်တယ် နောက်လည်းဆက်ရေးပါ

    Reply

  • chitsu

    September 16, 2011 at 12:29 pm

    စာသားတွေကmoodအပြည်.ပဲ………..ကြိုက်တယ်၊နောက်ဆုံးအပိုဒ်လေးအကြိုက်ဆုံးပဲ.
    ခံစားချက်နဲ.ကိုက်နေလို.ထင်တယ်
    ကဗျာလေးတွေများများရေးပေးပါ

    Reply

  • မီးမီး သော်

    September 16, 2011 at 12:48 pm

    ခံစားချက်ညီမျှပါတယ် မမမနောရေ။တကယ်တော့ နှလုံးသားထဲက ဆွဲထုတ်ပစ်ဖို ့ရာ မစွမ်းပါဘူး။သံယောဇဉ်ရယ် မမြင်ရလို ့သာပေါ့။တရက်ထက်တရက် ခိုင်မြဲလာတယ်နော်။

    Reply

  • alinsett

    September 16, 2011 at 1:43 pm

    ကောင်းလှချည်လား..မနောရေ..။

    ဒီလို ခံစားချက်ပြင်းပြင်းတွေကို စကားလုံးနည်းနည်းနဲ ့ ထိရောက် အောင် ရေးနိုင်တယ် ဆိုတာ တော်တော် မလွယ်တာပါ ။

    ချီးကျူးပါတယ် ။

    Reply

  • windtalker

    September 16, 2011 at 2:36 pm

    အပျိုကြီးရေ
    အောက်ကမြင်
    ကျန်ခဲ့တာလား ဗျို ့
    ကြယ်တစ်ပွင် ဆိုလို ့ပါဗျာ

    Reply

    • manawphyulay

      September 16, 2011 at 2:50 pm

      ပြင်လိုက်ပြီဟေး… အဲဒါပြောပြတာ.. အမြန်ရိုက်တော့ကျန်ခဲ့တာဟ

      Reply

  • mandalarthu

    September 16, 2011 at 8:11 pm

    So nice poem it is! Ma Manaw,
    I like pictures and words,Share more.

    Reply

  • musicalpunk

    September 16, 2011 at 10:38 pm

    အရမ်းကောင်းတယ် လူတိုင်းနီးပါးရဲ့ ခံစားချက်ကို ဖော် ညွှန်းထားသလိုပဲ။တောင့်တတာ ငွေမှ မကုန်တာ။့ကျွန်တော်လဲ တောင့်တဖူးတာပဲ ဒါပေမယ့် မနော လို စာမဖွဲ့တတ်ဖူး။။။အိပ်မက်တွေဆက်မက်လိုက်ပါ …..လိုတရလိမ့်မယ်။

    Reply

  • ကြောင်ကြီး

    September 17, 2011 at 9:38 am

    ကြယ်တပွင့်ကို
    တောင့်တရင်
    ဗိုလ်လောင်းလျောက်
    သင်တန်းပြီးတဲ့အခါ
    ကြယ်တပွင့်ရမယ်၊
    ဒါမှမဟုတ်လည်း
    ရဲ၊ မီးသတ်၊ လဝက
    အစုံရှိတယ်
    အိမ်မက်မဟုတ်
    မိုးလောက်မမြင့်
    အာရ်ကေရိုက်တတ်ရင်
    ငှက်ပြောသီးအခွံ
    နွှာစားတာမှ
    ခက်အုံးမယ်..။

    Reply

    • manawphyulay

      September 17, 2011 at 4:41 pm

      ဘာမှမလျှောက်လည်း မင်္ဂလာဒုံမှာ ကြယ်ပွင့်တွေရောင်းတယ်ပြောတယ်။ ဘယ်နှပွင့်ဝယ်ဝယ်ရတယ်နော် လေးကြောင်ကို ယူဦးမလား… 😛

      Reply

Leave a Reply to musicalpunk Cancel Reply

Your email address will not be published.