စိတ်ပျက်မိတဲ့ စာတစ်စောင်

Good IdeaSeptember 15, 20111min017

မိတ်ဆွေများ အားလုံး မင်္ဂလာပါ။

ကျနော့်ဆီကို အွန်လိုင်းကနေ စိတ်ပျက်စရာကောင်းတဲ့ စာတစ်စောင် ခဏခဏ
ရောက်လာနေတယ်။ စာက တစ်စောင်တည်း ရေးထားတာလည်း အတူတူကို ဟိုလူက ပို့လိုက်
ဒီလူက ပို့လိုက်နဲ့ ကျနော်လည်း အတော်လေး စိတ်ပျက်လာတယ်။ ဆိုတော့
စာကောင်းလေးတွေ ဖတ်ရလို့ စိတ်ချမ်းသာချိန်မှာလည်း ရွာထဲက ဘော်ဒါတွေ
သတိရသလို ခုလို စိတ်ပျက်စရာကောင်းတဲ့ ပေါက်ကရစာတွေ ဖတ်ရပြန်တော့လည်း
သတိရမိလာတယ်။ ဒါကြောင့် ပြန်လည်ဝေမျှလိုက်ပါတယ်။ သည်းခံ
ဖတ်ရှုကြပါကုန်လော့။

“ဘုရားသခင် တန်ခိုးတော် ပြခြင်းဖြစ်ရပ်မှန်”

အိန္ဒိယနိုင်ငံ မြို့တမြို့၌ ဝေကလာနီမယ် ဘုရားကျောင်းကြီးတကျောင်းရှိသည်


အာအယ်ဘရာ ဆိုသော ပုဂ္ဂိုလ်တဦးသည် တခုသောတနဂ်နွေနေ့တစ်နေ့၌
ဘုရားကျောင်းသို့သွားပြီး ဆုတောင်းနေစဉ်အချိန်တွင်း သန့်ရှင်း
သောဝိဉာဉ်တော်မှ ကလေးငယ်တယောက်အသွင်ဖြင့် ဖန်ဆင်းပြခဲ့ပါသည်။

ထို ဖန်ဆင်းပြခဲ့သော ကလေး ငယ်မှ အာအယ်ဘရာအရှေ့မှရပ်ပြီး “မကြောက်ပါနဲ့
ငါစကားတခွန်း ပြောမယ် သေသေချာချာနားထောင်ပါ လောကကြီးထဲ ကြွဆင်းလာပြီး
နွေးထွေးသော သူ့ရဲ့အချစ်တွေနဲ့ လောကီသားတွေကိုကယ်တင်ပြီးကောင်ချီး ပေး
မယ့် သတင်းကို နေရာအနှံ့ဖြန့်ဝေပေးပါ။
သင်တို့ကောင်းချီးမင်္ဂလာအဖြာဖြာခံစားရပါလိမ့်မယ်။”

အဲဒီလိုုစကားပြောပြီး သန့်ရှင်းသောဝိဉာဉ်တော်
ကလေးငယ်မှာကိုယ်ယောင်ပျောက်ကွယ်ခဲ့ပါသည်။
ဒီသတင်းကို မြို့တစ်မြို့ကလူတဦးကြားသိသောအခါ စာအစောင်ရေ ၁၅ဝ စောင်
ဖြန့်ဝေ ခဲ့သော ကြောင့် ၆၂ သန်းထီဆုကြီးပေါက်ခဲ့ပါသည်။ သူကတော့
ကီဘာကာကန်တန် ဆိုသူဖြစ်သည်။

ထိုအပြင်အာကာရာမြိုရှိ လူတဦးသည် ဒီသတင်းကိုစာစောင်ရေ ၆၁၅ စောင်ဖြန်ဝေခဲ့သောကြောင့်
(၂၄)ရက်အတွင်း ရွှေအပြည့်ပါသောအိတ်တလုံးရရှိခဲ့သည်။

ထိုနောက် လူတဦးက
ထိုစာကိုထပ်မံလက်ခံရရှိခဲ့ပြီး-စောင်ရေ(၁၀၀)ထပ်မံဖြန့်ဝေခဲ့သည်။ ထိုစာကို
ယုံကြည်မှုမရှိသောလူတဦးက
အလကားစာပါ-အဓိပ္ပါယ်မရှိပါဘူးဆိုပြီးဖျက်ဆီးပစ်ခဲ့သောကြောင့်သူ ရဲ့
ကလေးသေဆုံးသွားခဲ့ရပါသည်။

အကာရာမြို့ရှိ ဘာရာဆဲ ဆိုသောသူက စာပါသတင်းနဲ့ပတ်သက်ပြီး
ကဲ့ရဲ့ရှုတ်ချခဲ့သောကြောင့် လူနေမကောင်းဖြစ်စီးပွါးရေးပါပျက်ခဲ့ရပြီးှ
ဇနီးသည်ပါသေဆုံးခဲ့ရသည်။

ထို့နောက် မဒါန်မြို့နေသူငယ်ချင်းငါးယောက်မှ
ပေါင်းပြီးစာစောင်ရေ(၁၆၀)ကိုဖြန့်ဝေခဲ့သော
ကြောင့် သူတို့အားလုံးစီးပွါးရေးတက် အစစအရာရာအဆင်ပြေလာခဲ့ရသည်။

ရုရှနိုင်ငံတွင်ကားမောင်းနေသော လူတဦးက ဒီသတင်းကိုကြားသိပြီးစာအစောင်ရေ
(၁၀၀၀) ဖြန့်ဝေ
ခဲ့ပြီးနောက်(၂၅)သန်းထီဆုကြီးပေါက်သွားသည်။ လူတဦးက
စာကိုထပ်မံလက်ခံရရှိပြီး (၉)ရက်အတွင်း ထပ်မံဖြန့်ဝေခဲ့သောကြောင့်
အစစအရာရာပြည့်စုံ ပြီးလိုချင်တာရခဲ့ပါသည်။

ကုမ္ပဏီ သူဋ္ဌေးတစ်ဦးသည် သန့်ရှင်းသောဝိဉာဉ်တော်မှ ပြောသောစာကားကို
မယုံကြည်သောကြောင့် (၁၅)ရက်ကျော်သည့်တိုင်အောင်ထပ်မံမဖြန့်ဝေခဲ့ပါ
ထိုသို့မဖြန့် ဝေခဲ့သောကြောင့် သူပိုင်ဆိုင်သော
ကုမ္ပဏီကိုပိတ်လိုက်ရသည်အထိ ပျက်စီးဆုံးရုှံးခဲ့ရပါသည်။

သန့်ရှင်းသောဝိဉာဉ်တော်ကိုမြတ်နိုးတန်ဘိုးထားသောလူပုဂိ္ဂုလ်တိုင်း
မည်သည့်အခါမှ ဆင်းရဲမည် မဟုတ်ပါ ဒီအဖြစ်အပျက်က တကယ့်အမှန်တရားပါ။
မည်သူမဆိုဒီစာကိုလက်ခံရရှိခဲ့ရင် (၁၀)ရက်အ
တွင်းရှေ့ဆက်ထပ်မံဖြန့်ဝေပေးပါလို့ အနုုူးအညွတ်တောင်းဆိုလိုက်ပါသည်။

ဒီစာကို ယုံကြည်စွာဆက်လက်ဖြန့်ဝေပါက
ဖြန့်ဝေသူတို့ရဲ့လိုအင်ဆန္ဒအားလုံးအမြန်ပြည့်ဝလာပါလိမ့်မည်။
ကျေးှဇူးပြုပြီးဒီစာကို မဖျက်စီး မဖျောက်ဖျက်ပါနဲ့လို့ထပ်မံတောင်းပန်လိုက်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
……………………………..

စာပါအကြောင်းအရာတွေက ခုနှစ် လ ရက် နေရာ အချိန် အတိအကျနဲ့ ခိုင်လုံစွာ
ရေးခဲ့ရင်တောင် ခရစ်ယာန်မဟုတ်တဲ့ ကျနော့်အတွက် ယုံချင်ဖွယ်ရာ
ဖတ်ချင်ဖွယ်ရာ ဖြစ်ပါသေးတယ်။ ခုတော့ “အိန္ဒိယနိုင်ငံ မြို့တမြို့၌
ဝေကလာနီမယ် ဘုရားကျောင်းကြီးတကျောင်းရှိသည်။ အာအယ်ဘရာ ဆိုသော
ပုဂ္ဂိုလ်တဦးသည် တခုသောတနဂ်နွေနေ့တစ်နေ့၌ “ဆိုတဲ့ တစ်ထောင့်တစ်ည
ပုံပြင်ထဲက အသုံးအနှုန်းတွေနဲ့ ရေးထားတော့ “စာရေးတဲ့လူရော
ထပ်ဆင့်ဖြန့်တဲ့လူတွေရော အတော်ကို အသိဉာဏ် နည်းလှချည်းလားလို့ တွေးမိတယ်။

တဆက်ထဲမှာပဲ အင်း ခရစ်ယာန်တွေလည်း “သာမည ဆရာတော် အိပ်မက်အရ ဤစာအား (၉)
စောင်တိတိ ဖြန့်ဝေပါ။ ဖြန့်ရင် ထီပေါက်မယ်။ မဖြန့်ရင် ဘေးတွေ့မယ်”ဆိုတဲ့
သိုက်လိုလို တဘောင်လိုလို စာတွေတောင် ဖြန့်တတ်နေပါရောလားလို့
တွေးမိပါရဲ့ဗျာ။

(မှတ်ချက်။  ။ ဒီစာကို စိတ်ပျက်တယ်ဆိုလို့ ခရစ်ယာန်ဘာသာကို
စော်ကားတယ်လို့ သူငယ်ချင်းများ မယူဆစေလိုပါ။ ဘာသာရေး ပဋိပက္ခလည်း
ဖန်တီးခြင်း မဟုတ်ပါ။ ကျနော့်ရဲ့ ပုဂ္ဂလိက ခံစားချက် သက်သက်ကို
ဘော်ဒါတွေဆီ ဝေမျှခြင်းသာ ဖြစ်ပါတယ်။)

အားလုံးကို လေးစားလျှက်…

Good Idea

17 comments

  • maung hninkharr

    September 15, 2011 at 4:12 pm

    ကျွန်တော်လည်း အဲ့ဒါမျိုးတွေ ခဏ ခဏ ရဖူးတယ်။ Mail ထဲကရော၊ စာရွက်တွေရော ၊ ဘာတွေမှန်းကို မသိဘူး။ ဘာသာမျိုးစုံကနေ ရဖူးတယ်။

    Reply

  • ပေါက်ဖော်

    September 15, 2011 at 4:26 pm

    ရီစရာကောင်းတဲ့စာတွေ..စိတ်ပျက်ရလောက်အောင် ရောက်ရောက်လာတယ်ဆိုပါတော့ဗျာ
    တစ်ခါတလေ..ကိုယ်က ပြန်မပို ့ရင်တောင် ချက်ချင်း ဒုက္ခရောက်တော့မလိုလိုပဲ ရေးထားတာ..
    ကြောက်ကြောက်ပြီး ပြန်ပြန်ပို ့ရင်း ခုလိုပြန် ့ကုန်တာထင်ပါ့

    Reply

  • MaMa

    September 15, 2011 at 5:44 pm

    Good Idea ပဲ။ ရွာထဲမှာ ဖြန့်လိုက်တော့ လက်ညောင်းခံပြီး လူစေ့အောင် ပို့စရာမလိုတော့ဘူး။
    နောင် ဒီလို ရွှေပေလွှာမျိုးရရင် ဒီလိုပဲ ရွာထဲလာဖြန့်မှ.. 🙂

    Reply

  • မီးမီး သော်

    September 15, 2011 at 8:23 pm

    ဟုတ်ပါတယ်။သန် ့ရှင်းသော ဝိညဉ်တော် ကိုတော့ ဖြင့်မဝေဖန်ရဲပါ။ဒီလို အကြောင်းအဆီလျော်တဲ့စာမျိုးတော့ မကြိုက်ပါဘူး။

    Reply

  • nature

    September 15, 2011 at 8:52 pm

    ဒီလိုဖြန့်လို့သာ တကယ်သူဌေးဖြစ်မယ်ဆို ဘာအလုပ်မှလုပ်စရာမလိုတော့ဘူး။ လူတိုင်းအလုပ်လုပ်မှာမဟုတ်တော့ဘူးဒါပဲဖြန့်နေမှာ ။ စီးပွားရှာတာကမှခက်သေး။

    Reply

  • zaw min

    September 15, 2011 at 9:36 pm

    စောင်ရေ (၆၁၅၀)ဖြန့်မယ်…လာထား..၂၄နာရီ အတွင်းရွှေအပြည့်ထည့်ထားတဲ့ အိပ်(၁၀)လုံး…နဲများနဲနေသေးလာမသိဘူး…

    Reply

  • xman

    September 15, 2011 at 10:32 pm

    ဒါလေးဖတ်ရတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် တက္ကသိုလ်ကျောင်းသားဘဝကိုသတိရမိတယ်။ အဲဒီတုန်းက ရှမ်းဘုန်းကြီးစာဆိုပြီး ဒါမျိုးဆန်ဆန်ရေးထားတာတွေ ဖြန့်ကြတယ်။ တနေ့တော့ ကျွန်တော့အခန်းနီးချင်းသူငယ်ချင်းက အဲဒီစာမျိုးကို တံဆိပ်ခေါင်းမကပ်ပဲကျွန်တော့ဆီပို့လို့ ဒါဏ်ကြေးနဲ့ ရွေးလိုက်ရတယ်။ ကျွန်တော်ဒေါကန်ပြီး အဲဒီစာထဲကကျိန်စာထက် ဆယ်ဆလောက်ဆိုးအောင် ပြန်ရေးပြီး အစောင်ငါးဆယ်ဝေဘို့ပါထည့်ရေးပြီး အဲဒီကောင်ဆီ ပြန်ပို့တယ်။ တနေ့မှာတော့ ဒီကောင် တနေကုန်အခန်းထဲကမထွက်နိုင်ပဲ တကုပ်ကုပ်နဲ့ တနေကုန် စာထိုင်ရေးနေတော့တယ်။
    သူ့ဆီ ကျွန်တော်ပြန်ပို့မှန်းသိပေမယ့် ကျိန်စာကပြင်းလွန်းလို့ မဝေပဲမနေရဲတာလေ။:)

    Reply

  • kai

    September 16, 2011 at 9:03 am

    မနေ့ကတင်အောက်ကစာလေးရထားသေးတယ်..။ ခဏခဏရနေတာတွေပါ..။
    (ပြောရရင်).. ပျံလွန်တော်မူပြီးတောင်.. ကျန်ရစ်တဲ့ရုပ်ကလပ်အခိုးခံရတဲ့..သာမညဆရာတော်ကြီးဆီက.. ဘာတွေများ ထပ်လိုနေချင်ကြလို့…ဒီလိုတွေလုပ်နေကြသလည်း တွေးမိတယ်..။

    ဘာပဲဖြစ်ဖြစ်… မှတ်တမ်းကျန်အောင်တင်လိုက်တာပါ..။
    =================
    2011/9/14 Ko Aung xxxxxxxawati@gmail.com>
    > သာမညဆရာတော်ဘုရားကြီး၏အိမ်မက်အရ
    >> >> လူသားတို့၏ကောင်းကျိုးအတွက် ဗုဒ္ဒံ ဓမ္မံ သံဃံ အနန္တော အနန္ဒ ငါးပါးတို့ကို
    >> >> အိပ်ရာဝင်တိုင်း မမေ့ကြနှင့် ဦးပုဒ်သီလစောင့်ထိမ်းကြပါ။
    >> >>သားကြီး ငါးကြီးတို့ကိုရှောင်ကျဉ်ပါ ကောင်းသောအလုပ်လုပ်ကိုင်ပါ။
    >> >> မကောင်းသောဒုစရိုက်အလုပ်ကိုရှော
    င်ပါ။ ကုသိုလ်ကောင်းမှုကိုလုပ်ကိုင်ပါ။
    >> >>ရှောင်သူများအားသာမညတောင်ဆရာတော်ဘုရားအကျိုးပေးမည်။
    >> >> ဒီစာကိုရသူတိုင်း(၉)စောင်ရေးပြီး ဖြန့်ဝေပါ
    >> >> (၉) ရက်အတွင်းအကျိုးတစ်ခုခု ခံစားရမည်။
    >> >> မော်လမြိုင်မြို့ရဟန်း (၁)ပါးသည် ဒီစာကိုရပြီးဖြန့်ဝေသဖြင့်
    > သိန်း(၇၀)ထီပေါက်သည်။
    >> >>ကျန်အမေအို(၁)ယောက် ဒီစာကိုရပြီးမယုံကြည်စိတ်ဖြင့် မဝေခဲ့သောကြောင့်
    > အမေအို၏သမီးသည် အလိုလို
    >> >>နေရင်းသေဆုံးခဲံရသည်။
    >> >>နောက်မှဒီစာကို သတိရ ရု်ဖြန့်ဝေခဲ့သောကြောင့်သမီး၏ရက်လည်နေ့မှာဘဲ
    >> >>သိန်းထီကြီးပေါက်ခဲ့သည်။ ဒီစာကိုယုံကြည်မူထားပါ။
    > အင်းရပါတယ်
    >
    > ဒီစာကိုလူ20ကိုဝေပေးပါနော်
    > သင်ကံကောင်းလာမည်သင့်ချစ်သူသင့်ထံပြန်လာမည်
    > ်
    >
    >

    Reply

    • Zaw Wonna

      September 16, 2011 at 5:32 pm

      ဒီခေတ်မှာလည်း ဒီလို စာမျိုးတွေ ရှိနေသေးတာပဲလား။ စာတွေ ရှိနေတာကလည်း ဖြန့်တဲ့လူတွေ ရှိနေလို့ပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဘာသာရေးကို ခုတုံးလုပ်ပြီး လိမ်သလိုမျိုး ဖြစ်နေတယ်။

      Reply

    • maythakhin

      September 16, 2011 at 11:44 pm

      လွန်ခဲ့တဲ့ (၁၅) ရက်လောက်ကလည်း အဲဒီလို စာတစ်စောင် စာတိုက်ကနေရောက်လာခဲ့တယ်။စာအိတ်ဖွင့်ကြည့်လိုက်တော့ ကွန်ပျူတာ စာစီပုံစံမျိုးတွေ့တာနဲ့ မဖတ်ဘဲ အမှိုက်တောင်းထဲကို ထည့်ပစ်လိုက်တာပဲ။ ကိုယ်ကသတင်းကြိုရထားတာလေ။ကိုယ်မဖတ်တော့ စိတ်ထဲ ဘယ်လိုမှမနေဘူးပေါ့။ ဖတ်မိရင်တောင် တမျိုးဖြစ်နေဦးမှာ။ဘာသဘောတွေနဲ့ ဒီလိုဖြန့်နေကြမှန်းကိုမသိပါဘူး

      Reply

  • koyo

    September 16, 2011 at 4:21 pm

    ခွေးဟောင်းတိုင်း ခေါင်းထောင်ကြည့်နေရရင် ဘယ်မှာအိပ်ရတော့မှာလည်း။ ယုတ္တိမရှိတဲ့ ဒဿနတွေကို ခေါင်းထဲကိုအဝင်မခံနဲ့ပေါ့။ လူလက်လှမ်းမမှီတဲ့အရာတွေကို မရခြင် မဖြစ်ချင်ပါနဲ့

    Reply

  • ဆူး

    September 16, 2011 at 7:14 pm

    တွေးကြည့်တော့ ရီစရာကောင်းသား..
    ဒီဆိုက်မှာ စာဖတ်သူ ဘယ်လောက် ရှိမယ် ထင်သလဲ တနေ့ တနေ့ကို သောင်းချီ ဖတ်ကြတယ်.. ဒီတော့ တပတ် အတွင်းမှာ ဖတ်တဲ့လူ သိန်းဂဏန်းဖြစ်ပြီ.. ဟော.. ဆက်တိုက် ဆိုသလို အားလုံး ဖတ်ပြီးသွားတော့
    ပိုစ်တင်သူကိုယ်တိုင် အစောင်ရေ ၅ဝ ရေးပြီး ဖြန့်စရာမလိုတော့ဘူး။ တချက်ခုတ် အချက်ချက် ပြတ်သွားပြီ။ အောင်မြင်ပြီ ကြီးပွားပြီလို့သာ ဖတ်ပေတော့…

    ပုံ..
    တုသိတာ့ ဒေဝီ
    အရှင်သခင်မ

    Reply

    • kai

      September 17, 2011 at 1:33 am

      ဆူးမမက.. အရင်၃လလောက်ကလည်း.. ဒီသဘောပဲရေးတယ်..။
      အခုလည်း.. ဒီသဘောပဲထပ်ရေးတယ်..။
      ပြောင်းသွားတာက..တုသိတာ့ ဒေဝီ အရှင်သခင်မ ဖြစ်သွားတာပဲ..။ 🙂

      http://myanmargazette.net/51760/creative-writing

      Reply

      • ဆူး

        September 25, 2011 at 11:45 pm

        ၃လ အတွင်း အဆင့်တွေ အများကြီး တက်သွားတယ်လို့ ဆိုလိုတာလား.. ဟဲဟဲ..
        ဒါမှ မဟုတ် မတူညီတဲ့ နည်းနဲ့ နောက်တမျိုး ဆွေးနွေးရမှာလား။

        Reply

  • cobra

    September 16, 2011 at 7:42 pm

    ဘယ်လိုမှအဓိပ္ပာယ်မရှိတဲ့စာတွေပါ။
    လူတွေကလည်းဘာလို့ဒီလိုမျိုးတွေလုပ်နေကြတာလဲမသိဘူး။
    အရေမရအဖတ်မရတွေ။
    ဘယ်သူကစပြီးလုပ်ကြံဖန်တီးတာလဲ…သူကရူးနေလို့လား။

    Reply

  • ဆင်စီးတဲ့ ဘုရင်ကြီး

    September 16, 2011 at 9:46 pm

    စာတွေ လိုက်ဖြန့်ရင် အလုပ်တော့ တော်တော် ရှုပ်တယ်ဗျ..
    အခုတလော တော်တော် မျက်စိနောက်လောက်အောင်ကို ရောက်နေတာ..
    တခါတလေ တရုတ်လိုတောင် ပါသေးတယ်။ သိချင်တာနဲ့ ဂူဂဲမှာ ဘာသာပြန်လိုက်တာ ဘာမှလည်း မဆိုင်ဘူး။

    Reply

  • unclegyi1974

    September 16, 2011 at 10:49 pm

    ယုံတဲ့သူကဝေမှာပဲ
    ကိုယ်ကမယုံရင်မဖတ်ဖို့ပါပဲ
    အစလေးဖတ်ကြည့်ပြီးမဟန်ရင်ညောင်းရော့အမှိုက်ပုံးထဲ
    မောင်ကောင်းရေ အားလုံးလိုက်ပြီးအလိုမကျဖြစ်နေရင်ကိုယ်ပဲနစ်နာတာနော်

    Reply

Leave a Reply

Your email address will not be published.