ရန်ကုန်တွင် ရက် (၄၀)ဆက်တိုက် အပူချိန် (၁၀၀)ဒီဂရီဖာရင်ဟိုက် နှင့်အထက်တွင်ရှိနေ

klnMay 14, 20101min02

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှအပ ကျန်ဒေသများတွင် မိုးရွာသွန်းနိုင်မှု အခြေအနေနည်းပါးနေရာ ရာသီဥတုဆက်လက် ပူပြင်းနိုင်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အပူဒဏ် အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များကို အထူးလိုက်နာကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ မေလ ၁ဝရက်နေ့က ထူးခြားသည့် နေ့အပူချိန်များတွင် ချောက်မြို့၌ ၄၅ ဒသမ ၉ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ ပျဉ်းမနား၊ မင်းဘူး၊ မကွေး၊ မြင်းခြံမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ် အထိရှိနေပြီး ရန်ကုန်မြို့တွင် ၄ဝ ဒသမ ၅ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ရှိနေကြောင်းကို ၂၀၁ဝ ခုနှစ် မေလ၁၄ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • intro

    May 14, 2010 at 1:43 pm

    အပြင်လည်း ထွက်မရ…. အိမ်မှာလည်း နေမရ ဖြစ်နေပြီ။ အကောင်းဆုံးကတော့ Shopping Mall တွေသွား… ကော်ဖီတစ်ခွက်နဲ့ တစ်နေကုန်သာ ထိုင်နေပေတော့…

    Reply

  • susunosuki

    May 16, 2010 at 4:55 am

    ကျော်မိုးကလဲ နောက်ကျပြီးတာတောင် လာရင် အဖော်ကောင်းကောင်းခေါ်လာမယ်လို့ ဇလဗေဒ ကပြောတယ်
    မုန်တိုင်းပါမယ်တဲ့
    ရေကတော့ရှားပြီးရင်းရှားတော့မှာ
    ရေလှောင်ကန်တွေရှိရင် ရေများများလှောင်ထားတော့

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.