မေလအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ သတင်းထုတ်ပြန်ထား၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်

klnMay 14, 20101min02

၂၀၁ဝ ပြည့်နှစ် ဧပြီနှောင်းပိုင်းမှစ၍ မေလအထိ မြန်မာနိုင်ငံအရပ်ရပ်တွင် နေ့အပူချိန်များ သိသိသာသာ တိုးလာမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေရာ မေလအတွင်း မုန်တိုင်းငယ်တစ်ခု ပေါ်ပေါက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထား၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော်တွင် ၁၈၇ရ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မုန်တိုင်းအကြိမ်ပေါင်း(၁၂၆၇)ကြိမ်ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့(၈၃)ကြိမ်သာ ဝင်ရောင်ခဲ့ကြောင်း “ မုန်တိုင်းအကြောင်း သိကောင်းစရာ ” လက်ကမ်းစာအုပ်တွင် ဖော်ပြထားချက်အရသိရသည်။ ကမာ္ဘပေါ်တွင် နှစ်စဉ်အပူမုန်တိုင်းများ အကြိမ်(၈၀)ကျော်ဖြစ်ပေါ်လေ့ရှိကြောင်း၊ ထိုအထဲမှ မြန်မာနိုင်ငံအနီး ပတ်ဝန်းကျင်၊ ဘင်္ဂလားပင်လယ်အော်တွင် ပျမ်းမျှတစ်နှစ်(၁၀)ကြိမ်နှင့် တောင်တရုတ်ပင်လယ်ပြင်တွင် တစ်နှစ်လျှင်(၂၉)ကြိမ်နှုန်းရှိနေသည့်အတွက် တစ်ကမာ္ဘလုံး၏(၅၀)%ခန့်ရှိနေကြောင်း အဆိုပါစာအုပ်တွင် ဒေါက်တာထွန်းလွင်က ရေးသားထားသည်။ မုန်တိုင်းဖြစ်ပေါ်မှုသည် ဘင်္ဂလားပင်လယ်အော်တွင် စတင်လေ့ရှိပြီး ဧပြီလနှင့် မေလတို့တွင်ဖြစ်ပေါ်လေ့ရှိကြောင်း၊ ဦးတည်ရွေ့လျားလမ်းကြောင်းသည် မြောက်အရပ်(သို့မဟုတ်) အနောက်အရပ်သို့ ဦးတည်ရွေ့လျားတတ်ကြောင်း၊ တစ်ခါတစ်ရံတွင် အရှေ့မြောက်အရပ်ဆီသို့ ပြောင်းလဲရွေ့လျားတတ်ပြီး ထိုရွေ့လျားမှုသည် မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဝင်ရောက်မှုကို ဖြစ်ပေါ်စေတတ်ကြောင်း၊ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင်လည်း မုန်တိုင်းဖြစ်ပေါ်တတ်ကြောင်း၊ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းသည် အနောက်အရပ်သို့ ရွေ့လျားရာမှ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာတတ်ပြီး အနောက်အရပ်နှင့် အနောက်မြောက်အရပ်သို့ ဦးတည်ရွေ့လျားလေ့ရှိကြောင်းကို ၂၀၁ဝ ခုနှစ် မေလ ၁၃ရက်နေ့ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • kyawgyi

    May 15, 2010 at 7:13 am

    မုန်တိုင်းဆိုရင် အသံကိုမကြာချင်တာ……

    Reply

  • susunosuki

    May 16, 2010 at 5:06 am

    ကျေးဇူးပါ
    နာဂစ်တုန်းက အငိုက်မိခဲ့သမျှ သေချာကို ပြင်ထားမယ်
    သွပ်တွေကို သံထပ်ရိုက်
    သစ်ပင်တွေ ခါးကချိုင်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.