ရက်လွန်ဆေးဝါးကို ရက်စွဲပြင်ဆင်ရောင်းချမှုတချို့ရှိ

klnMay 14, 20101min01

ဈေးကွက်မှာသုံးစွဲခွင့်ပြုသက်တမ်းကုန်ဆုံးနေတဲ့ တင်သွင်းဆေးဝါးအချို့ကို သက်တမ်းရက်စွဲပြင်ဆင်ဖြတ်တောက်ပြီးရောင်းချမှုတချို့ကို သက်တမ်းရက်စွဲ ပြင်ဆင်ဖြတ်တောက်ပြီးရောင်းချမှုတချို့ရှိနေဆဲဖြစ်ကြောင်းသိရှိပါတယ်။ တင်သွင်းဆေးဝါးဈေးကွက်မှာ သက်တမ်းလွန် ဆေးဝါးကိုနည်းမျိုးစုံနဲ့ပြန်လည်ရောင်းချမှု အချို့အရင်ကလည်း ရှိဖူးတယ်းလို့ ဆိုပါတယ်။ ဆေးဘူးပေါ်မှာ ကတ်ပေါ်မှာ မင်နဲ့ရိုက်နှိပ်ထားတဲ့ သက်တမ်းရက်စွဲတွေက အရက်ပျံ၊ သင်နာတို့နဲ့ ပွတ်တိုက်ဖျက်လို့ရတယ် လို့သိရတယ်။ ဆေးကတ်ပေါ်မှာ အသားတံဆိပ်ပုံစံရိုက်နှိပ်ထားတဲ့သက်တမ်းရက်စွဲ တွေကိုတော့ရောင်းသူတချို့ကကတ်ကြေးနဲ့ဖြတ်ထားလေ့ရှိပါတယ်။ ဝယ်ရောင်း လုပ်ငန်းရှင်တစ်ဦးက ‘နာမည်ကြီး အားဆေးတစ်မျိုးဝယ်တာ ၊ဆေးကတ်ရဲ့ expiry date ကို ကတ်ကြေးနဲ့ဖြတ်ထားတယ်၊ ဖြစ်ချင်တော့ ညှပ်ထားတာမသေသပ်တော့ ခုနှစ်နေရာမှာ 200ဆိုပြီး ကျန်နေတယ်၊ အနည်းဆုံး 2009 ပဲလေ၊ အင်းစိန်ဘက်ကဆေးဆိုင်ကြီးတစ်ခုမှာကြုံခဲ့တာ’လို့သူ့အတွေ့အကြုံပြောပါတယ်။ ဆေးကုမ္ပဏီတချို့ကတော့ သက်တမ်းကုန်တော့မယ့်ဆေးဝါး ဥပမာ- နောက်ခြောက်လဆိုရင် ရက်လွန်တော့်မယ့် ဆေးဝါးမျိုးကို အထူးအရောင်းမြှင့်တင်ရေးအနေနဲ့ ဈေးလျှော့ရောင်းတာ၊ အခြားဆေးဝါးတစ်မျိုးမျိုးနဲ့ တွဲဖက်ရောင်းချတာမျိုးလုပ်လေ့ရှိပါတယ်။ တင်သွင်းဆေးဝါးဈေးကွက်မှာ စံမမီဆေး၊ ရက်လွန်ဆေး၊ ဆေးအတု စတာတွေနဲ့ ပတ်သက်ပြီးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အသင်းအဖွဲ့ တွေက အခါအားလျော်စွာ ကြပ်မတ်စိစစ်မှုတွေရှိခဲ့ဖူးကြောင်း သိရတယ်။ လက်ရှိမှာကုမ္ပဏီတချို့အနေနဲ့ကိုယ့်ဆေးဝါးကို ကိုယ့်ဘာသာ တာဝန်ယူအသိပေးကြေညာတာမျိုးတွေ့ရတယ်။ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကရက်လွန်ဆေးဝါးအချို့ မြို့ပြင်မှာ မီးရှို့ဖျက်ဆီးစဉ် ကုမ္ပဏီတာဝန်ရှိသူတွေလှည့်ပြန်သွားတဲ့အခါ မဖျက်ဆီးရသေးတဲ့ ဆေးဝါးတွေကို ဆက်ပြီး မီးမရှို့တော့တဲ့ဖြစ်ရပ်ရှိခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၄ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • Shwemannmay

    June 2, 2010 at 4:55 am

    ကျန်းမာရေးနဲ ့ပက်သတ်တဲ့ကိစ္စတွေကိုတော့စီးပွားရေးသမားတွေက မလုပ်သင့်ပါဘူး ဒါမျိုး ရှောင်သင့်ပါတယ်

    Reply

Leave a Reply to Shwemannmay Cancel Reply

Your email address will not be published.