ဗဟုသုတ ရမယ်ထင်လို့ပါ (၂)

maung hninkharrSeptember 14, 20111min05

 

    “မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။”

 

Q – “လီယိုနာဒိုဒါဗင်ချီ ဆွဲခဲ့တဲ့ ပန်းချီကားတွေထဲမှာ  မိုနာလီဇာဆိုတဲ့ ပန်းချီကားဟာ အရမ်းထူးခြားတယ်လို့ နာမည်ကြီးတယ်၊ အဲ့ဒီပန်းချီကားကို ပုံတူအဆွဲခံတဲ့ မိုနာလီဇာ ဆိုတဲ့ အမျိုးသမီးဟာ ဘယ်သူလဲ?”

A – “မိုနာလီဇာ ဆိုတာ မိန်းမတစ်ယောက် မဟုတ်ပါဘူး၊ အဲ့ဒီပန်းချီကားဟာ လီယိုနာဒိုဒါဗင်ချီကိုယ်တိုင် သူ့ပုံတူကို သူမိန်းမအဝတ်အစားဝတ်ပေးပြီး အမျိုးသမီးအသွင်အပြင်ပေါက်အောင် ဆွဲထားတာပါ၊ လီယိုနာဒိုဒါဗင်ချီဟာ တစ်ခါ တစ်ခါ မိန်းမစိတ်ပေါက်နေတဲ့ Homosexual တစ်ယောက်ပဲ . . . “

Q – “မိုနာလီဇာဟာ ဖရန်ဆက်စကို ဂျီယိုကွန်တာ ဆိုတဲ့ ကုန်သည်ကြီးရဲ့ ဇနီးလို့ ဖတ်ဖူးတယ်။”

A – “အဲ့ဒါကို မှတ်ချက်ပေးသွားတဲ့ ဝေပန်ရေးဆရာရဲ့ နာမည်က Vasari တဲ့၊ ဝေပန်ရေးဆရာက သူ့ဘဝတစ်သက်တာလုံးမှာ မိုနာလီဇာပန်းချီကားကို တစ်ခါမှ မြင်သွားခဲ့ဖူးတဲ့လူမဟုတ်ဘူး၊

MONALISA ရဲ့ အဓိပ္ပာယ်က

အီဂျစ်နတ်ဘုရား AMON ဆိုတာရှိတယ်၊ ဆိတ်ဦးခေါင်းနဲ့ ချိုနှစ်ခုနဲ့ ယောကျာ်းပုံ။ အဲ့ဒီနတ်ဘုရားက ‘အဖို’ ကို ကိုယ်စားပြုတယ်။ သူနဲ့တွဲဖက် ‘အမ’ ကို ကိုယ်စားပြုတဲ့ နတ်ဘုရားမရှိတယ်၊ L’ISA လို့ခေါ်တယ်။ ‘အဖို’ ကို ကိုယ်စားပြုတဲ့ AMON နဲ့ ‘အမ’ ကို ကိုယ်စားပြုတဲ့ L’ISA ကိုနှစ်ခုပေါင်းလိုက်ပြီး A ဆိုတဲ့ စာလုံးကို MON နောက်ကို ပို့လိုက်တော့ MONALISA ဖြစ်လာတယ်။ မိုနာလီဇာ ပန်းချီကားဟာ အဖို နဲ့ အမ ရောနှောထားတဲ့ သင်္ကေတပါ”

ဆိုဖီယာ (SOPHIA) ဟူသောဝေါဟာရသည် ဂရိဘာသာစကားဖြင့် အသိဉာဏ်ပညာ (WISDOM) ဟု အဓိပ္ပာယ်ရသည်။

ဉာဏ်ပညာ (WISDOM) ဆိုသော ဂရိဝေါဟာရကို ကိုယ်စားပြုသည့် နောက်ထပ်စကားလုံးရှိသေးသည်။ ယင်း စကားလုံးမှာ ပန်းသီး (APPLE) ဖြစ်လေသည်။

 

Q – “ အနော်ရထာမင်းလက်ထက်မှာ အရည်းကြီး တွေရဲ့ ပန်းဦးလွှတ်တဲ့ ထုံးစံကို ဖျက်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာကို ထူထောင်တယ်လို့ ရုပ်ရှင်ကားတစ်ကားထဲမှာ ကြည့်လိုက်ရတယ်။ အဲ့ဒါဟုတ်ပါသလား?”

A – “အနော်ရထာမင်းလက်ထက်မှာ အရည်းကြီး ဆိုတာ မပေါ်ပေါက်သေးပါဘူး၊ ပုဂံခေတ်နှောင်းကျမှ အရည်းကြီးဆိုတာ ပေါ်တာပါ၊ ပန်းဦးလွှတ်တယ်ဆိုတဲ့ ဓလေ့ဟာလည်း ပါးစပ်ရာဇဝင်ပဲရှိတာပါ၊ အထောက်အထားမတွေ့ရပါဘူး၊ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ဝေါဟာရကလည်း ကုန်းဘောင်ခေတ် ဘိုးတော်မင်း လက်ထက်ကျမှ ပေါ်တာပါ၊ အဲ့ဒီမင်း မတိုင်ခင်က  “သမ္မာဒိဠဘာသာ” လို့ပဲ ခေါ်ပါတယ်။”

‘မင်းခိုက်စိုးစံ’ ရဲ့ ‘သူရဲဘောကြောင်တဲ့လူညံ့’ စာအုပ်မှ ထုတ်နုတ်တင်ပြထားပါသည်။

 

5 comments

  • “ဘီလူးကြီး”ogre

    September 14, 2011 at 9:31 pm

    “ကိုနှင်းခါး”ခင်ဗျား
    ကျွန်တော်“ဘီလူး”မှာ စာအုပ်များဝယ်ဖတ်ရန် ငွေကြေးအလုံအလောက်ရှိပါကြောင်းနှင့်
    အင်္ဂလိပ်လိုရေးရန် ဉာဏ်မမှီ ပါသဖြင့် ဘီရုမာ အတိုင်းရေးလိုက်ပါသည်ခင်ဗျား
    “အုန်းကျွန်း” လေးများလဲမျှော်လင့်မိပါကြောင်း

    Reply

  • pooch

    September 14, 2011 at 10:09 pm

    ဖတ်ဖူးတာလေးကို ပြန်ပြောပြတာပါ။ ဟုတ်မဟုတ်ကတော့ မသိပါဘူး။ ဒါကို စာစောင်တခုမှာဖတ်လိုက်ရတာပါ။ နာမည်လည်း မမှတ်မိတော့ပါဘူး။ ကြာပါပြီ။

    မိုနာလီဇာ နဲ့ ပတ်သတ်တဲ့ နောက်ထပ်မှတ်ချက်က သူ့ရဲ့ အကူကောင်လေးကို မိန်းမလိုဝတ်ပြီး ဆွဲထားတာပါတဲ့။ သူနဲက အဲ့ဒီကောင်လေးနဲ့လည်း ပတ်သတ်မှုရှိတယ်ဆိုပြီး လည်းပြောကြပါတယ်။ အထက်ကပြောသလို မျိုးပြောတာကိုလည်း ဖတ်လိုက်ရပါတယ်။

    ဘယ်သူတွေ ဘယ်လိုပြောပြော အဲ့ဒီပန်းချီကားကို ပိုင်ဆိုင်တဲ့ အဲ့ဒီ ပြတိုက်ပိုင်ရှင်တွေ ပြောတာကတော့ ပန်းချီကားကိုတောင် မမြင်ဖူး မပိုင်ဖူးတဲ့လူတွေ ပြောတာမို့ သူတို့ လက်မခံပါဘူးတဲ့။ ခေတ်အဆက်ဆက် ကြားလေ့ရှိတဲ့ ကောလဟာလလို့ သူတို့ မှတ်ယူပါတယ်လို့ တုန့်ပြန်သွားပါတယ်။

    နောက် အနော်ရထာ လက်ထက်မှာ အရည်းကြီး တွေမပေါ်သေးဘူးဆိုတာ ဟုတ်ပါတယ်။ သမိုင်းသုတေသီတွေ အချက်အလက်တွေ ရှာဖွေရင်း တိုက်ဆိုင်ကြည့်တာက နေ တွေ့ခဲ့တာပါ။ ပုဂံခေတ်နှောင်းပိုင်းမှာ ပေါ်တယ်အဆိုက လည်း ခေတ်သစ်သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါကို အချက်အလက် အသစ် တွေ့ရှိချက်အနေနဲ့ လက်ခံထားကြပါတယ်။ လက်မခံသူများကလည်း သူ့အဆိုနဲ့ သူပါ။

    Reply

  • chitsu

    September 15, 2011 at 1:37 pm

    မိုနာလီဇာနဲ.ပက်သတ်ပြီးရေးတာတွေ……….ထင်မြင်ချက်ပေးတာတွေ……ဝေဖန်တာတွေကတော.အစုံပါပဲ
    ဘယ်ဟာကအမှန်လည်းဆိုတာအခုရေရေရာရာမသိသေးပါဘူး…………

    Reply

    • kai

      September 15, 2011 at 1:48 pm

      Mona Lisa
      Mar 13, 2011 – Mona Lisa: . Roughly six-million people visit the Louvre each year to see the Mona Lisa.

      တယောက်ကို.. ၁ဝဒေါ်လာသုံးတယ်ဆိုရင်.. တနှစ်သန်း၆၀ဝင်ငွေ..။
      ဒီတော့.. ဖွ..ဖွ.. လူတွေစိတ်ဝင်စားအောင် ဖွပေမပေါ့..။

      ဆိုတော့..
      မြန်မာပြည် ရွှေတိဂုံစေတီကြီးလည်း.. ဖွ..ဖွကြဖို့သင့်တယ်.. ထင်မိတာပဲ..။
      တနှစ် တိုးရစ် ၁သန်းပဲပိုဝင်လာ..။
      အလုပ်အကိုင်.. အခွင့်အလန်း ၁သန်းမက.. မြန်မာတွေရမယ်..။ 🙂

      Reply

  • နွယ်ပင်

    September 15, 2011 at 2:01 pm

    မင်းခိုက်စိုးစံစာအုပ်မှာတော့ လီယိုနာဒိုဒါဗင်ချီ ပုံနဲ့ မိုနာလီဇာပုံ ထပ်ပြီးပြထားတော့လဲ
    တူသလိုလိုတော့ ရှိသားပဲ ……….

    Reply

Leave a Reply to pooch Cancel Reply

Your email address will not be published.