တိုင်းပြည် စည်ကားကြောင်း

“ပေလေးပင် ရှင်လေးပါး”သို ့မဟုတ် “သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ကဗျာမှာ ရှင်သီလဝံသတည်း”ဟူ၍တနည်း “တောင်းက်ုမဖေါက် တောင်ကိုဖေါက်သည်၊စိန်ကျောက်အသွင်သီလဝံ” လို ့ပြောလိုက်တာနဲ ့ကျွန်မပြောမယ့်သူက ရှင်မဟာသီလဝံသ ဆိုတာသိရောပေါ့။

ဆရာတော် ညွှန်ပြခဲ့တဲ့တိုင်းပြည်အကျိုးစီးပွားဖွံ ့ဖြိုးစေတဲ့ အချက်(၇)ချက်ကို ဝေမျှလိုက်ပါတယ်။
(၁)သဘင်ညီလာခံမပြတ်စည်းဝေးခြင်း
(၂)အမှုခပ်သိမ်း၌ ညီညွတ်မျှတခြင်း
(၃)ပညတ်ဟောင်းကို ကျင့်မြဲကျင့်ခြင်း
(၄)အသက်အရွယ်ကြီး သူကိုအလေးအမြတ်ထားခြင်း
(၅)ရွာသူသမီးကို အနိုင့်အထက်မယူခြင်း
(၆)ပြည်တွင်းပြည်ပ၌ရှိသော နတ်ဌာန်အရပ်တို ့ကိုမေတ္တာပို ့သမြဲပို ့သခြင်း
(၇)ရဟန်းသင်္ဃာတို ့ကို စောင့်ရှောက်ခြင်း တို ့ဖြစ်ပါတယ်။

ဒီနေရာမှာ လွတ်လပ်စွာဆွေးနွေးဖလှယ်ကြခွင့်ရှိမယ်ထင်ပါတယ်။
ဘာလို ့လဲဆိုတော့ သဘင်ညီလာခံ မပြတ်စည်ဝေးတော့မယ်ဆိုရင် ခုလက်ရှိဖြစ်ပျက်နေတာနဲ ့ကြည့်ပါဦး။အမှတ်(၁)ဝန်ကြီးက စွမ်းအင်တွေပိုလို ့ရောင်းတာပါတဲ့။အမှတ်(၂)ဝန်ကြီးကပြောတော့ မြန်မာပြည်မှာ ကျေးရွာပေါင်းနှစ်သောင်းကျော်မှာ နှစ်ထောင်ကျော်ဘဲ လျှပ်စစ်မီးရပါသေးတယ်တဲ့။ဘယ်လိုလုပ်ကြမလဲ။တစ်ယောက်တစ်ပေါက်နဲ ့လွဲနေကြပါပီ။တိုင်းပြည်စည်ပင်ရေးအတွက်အဲဒီလောက်ထိ အတိုင်အဖေါက်ညီကြပါပေတယ်။
အသက်အရွယ်ကြီးရင့်သူ၊ရဟန်းသင်္ဃာတွေအပေါ်မှာ စောင့်ရှောက်သလားလို ့မေးရမယ်ဆိုရင် လာမယ့် စက်တင်ဘာမှာ saffron revolution လေးနှစ်ပြည့်တော့မယ်။ သမိုင်းရဲ ့အတိတ်ခြေရာဟောင်းတွေကို မျက်စိစုံမှိတ်ပြီးတိုင်းပြည်ကောင်းစာရေးလုပ်ခဲ့တယ် ဆိုပြီး ဘယ်သူက ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကျွန်မတို ့ဘုရားရဲ ့သားတော်တွေ၊ကျွန်မတို ့ရဲ ့ကိုးကွယ်ဆည်းကပ်ရာတွေကို နင်းချေပြစ်ခဲ့ကြတယ်။
အမှုခပ်သိမ်း ညီညွတ်မှုရှိမရှိဆိုတာထက်၊ တချိန်က သူတို ့တွေပြောခဲ့တဲ့ win win constitution ကိုနားကိုခုထိမလည်သေးဘူး။ တဖက်ကလဲလွန်ဆွဲတယ် lose lose constitution လုပ်ကြမယ်ပေါ့။ သို ့ပေမယ့် ကျွန်မတို ့မလိုက်ချင်လဲသွားနှင့်ပြီ၊ေ ရာက်နှင့်နေပီ။ ဒီနေရာမှာ အခန်း(၅)အုပ်ချုပ်ရေး မှာပုဒ်မ ၂၈၈မှာ ခရိုင်သို ့မဟုတ်မြိ ု့နယ်အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများအား တာဝန်ပေးရန် ဆိုတဲ့ကိစ္စကို ကျွန်မစဉ်းစားလို ့ကိုမရဘူး။ အမှန်တော့ အနိုင်ရပါတီရဲ့ မြို့နယ်သို ့မဟုတ် ခရိုင်တာဝန်ခံကို ပိုတာဝန်ပေးသင့်တယ်ထင်ပါတယ်။ ဒီနေရာတွေမှာဝင်လုပ် နေတဲ့ လူတွေထဲမှာ ရပ်ရွာအတွက်တကယ်အလုပ်လုပ်တဲ့သူတွေတွေ ့နေရလို ့ပါ။
တဖက်မှာလဲ ပြန်တွေးကြည့်ရင် ဒီလို ခရိုင်တို ့ မြိ ု့နယ်တို ့မှာ ဒီစနစ်ကို လက်ခံကျင့်သုံးလာတာ အရင် မဆလာ လို ့ခေါ်တဲ့ မဆလ ခေတ်၊နဝတ၊နအဖခေတ်အဆက်ဆက် ခေါက်ရိုးကျိုးဒီ စနစ်အစား အနိုင်ရပါတီကိုလွှဲပေးလိုက်ရင် ပိုမကေင်းဘူးလား။ ပုဒ်မ ၂၈၈ ကဆိုသလို ပြောရမယ်ဆိုရင် ဒီအလုပ်က ပါတီစုံစနစ်မမည်ပါဘဲ တစ်ပါတီစနစ်ရဲ ့လက်ကျန်အမွေဆိုးသာလျှင်ဖြစ်တယ်လို ့မြင်ပါတယ်။
အမျိုးသားအကျိုးစီးပွားရယ် လို ့တွင်တွင်ကြီးအော်ပြီး တိုင်းပြည်ရဲ ့ဝင်ငွေ၊ထွက်ငွေ အတိအကျပြောဖို ့ရာ မလိုအပ်ဆိုပြီးငြင်းပယ်ခဲ့တဲ ့ ဦးကျော်ဆန်းကိုတော့ အကယ်ဒမီ ပေးပြိီးသားပါ။ အရင်ကလဲ ရောင်းတယ်၊ခုလဲဆက်ရောင်းမယ် ထွက်လိုက်တဲ့ သဘာဝဓာတ်ငွေ ့တွေ ကျွန်မတို ့ရခိုင်မှာ သောက်သောက်လဲပါဘဲ။ ဒါပေမယ့် ရခိုင်တွေနဲ ့တင်မဟုတ်မြန်မာပြည်သားအားလုံးနဲ ့မဆိုင်ပါဘူးတဲ့  ပိုလျှံနေပါတယ် သုံးဖို ့နေရာမရှိပါဘူး။ ဆက်ရောင်းစားရပါမယ် ။တော်ပီလေ မပြောချင်တော့ပါဘူး။

ကျွန်မတို ့ရခိုင်တွေက မြန်မာပြည်မှာ အချမ်းသာဆုံးလို ့ပြောရင်မမှားလောက်ပါဘူး။ ဘာလို ့လဲဆိုတော့ လျှပ်စစ်မီတာတစ်ယနစ်ကို ၄၅ဝ ကျပ်နဲ ့ပေးသုံးနေတာ။ ဒါခုမှ ဖိုးသီးချိုမစ လို ့လျှပ်စစ်မီးဆိုတာမြင်ဖူးရတာပါ။ အရင်များဆို တစ်ယနစ် ၆၅ဝ နဲ ့တစ်နေ့မှ နှစ်နာရီ၊သုံးနာရီ မြင်ခွင့်ရှိတာလေ။
ကျောက်ဖြ ူကမ်းလွန်ကဘသဘာဝဓာတ်ငွေ ့တွေကို တရုတ်ကိုရောင်းမယ်၊ တရုတ်က ကုန်ရထား ကျောက်ဖြူကိုတိုက်ရိုက်ပေါက်မယ်၊ လူစီးရထားကတစ်နေ ့တစ်စီး ပုံမှန်ဆွဲပါမယ်။ ခုဆို လမ်းကြောင်းရှာ၊မကြာမီဘဲ လမ်းဖေါက်တော့မယ်။ ဒါတို ့ပြည်၊ဒါတို ့မြေလို ့ဆိုခွင့်မရတော့ဘဲ၊ တရုတ်တွေကမ္ဘာမကြေ ဆိုနေရင်တော့ ခက်ပါပီနော်။
တော်သေးပြီ။ဒီရက်ပိုင်း စိတ်ပျက်နေလို ့ တော်တော်နဲ ့မဖတ်ဖြစ်တဲ့ ဒေါက်တာသန်းထွန်းရေးတဲ့ စာလေးတွေအကြောင်းမတင်ဖြစ်သေးတာပါ သူကြီးရေ။ အားလုံးသောရွာသူ၊ရွာသားအပေါင်းအတွက်ကြိ ုးစားပေးနေပါတယ်။
ကျွန်မကို သူငယ်ချင်းတစ်ယောက်ကပြောဖူးပါတယ်။ တိုက်တွန်းလို ့မရဘူးတဲ့။
ဟယ်မဟုတ်တာ?နင့်ကိုအားပေးတာလေ။ အဲလိုပြောတော့သူက ဘာပြန်တယ်ထင်လဲ။ သူငယ်ချင်းရေ တိုက်ကိုတွန်းလို ့အရွေ ့မှမရှိတာ အလုပ်ဘယ်မြောက်ပေါ့မလဲတဲ့။ မှတ်သားလောက်ပါတယ်ရှင်။
ဒီနေ ့ဒီချိန်မှာ တားလို ့လဲမရ၊မသွားချင်လဲသွား၊ မလုပ်ရဲဖယ်နေပေါ့။တနေ ့တော့ ရောက်လာမှာပါ။

အားလုံးမျှော်လင့်သော ပန်းတိုင်ကို ….

မျှော်လင့်လျှက်ပါ—

18 comments

  • mgmglusoe

    September 14, 2011 at 6:45 pm

    မမီးမီးသော် က ဒီပို့စ်ရေးသားရခြင်းရဲ့ အဓိပ္ပါယ် ကို တစ်ချက်ခြင်း ရှင်းပေးနိုင်ရင် ကောင်းမယ်ထင်ပါတယ်….
    အားလုံးရောပြွန်းနေသလားလို့ပါ…. ကျနော် ဉာဏ်မမှီ သလိုဖြစ်နေလို့… 🙄

    Reply

  • yetazar

    September 14, 2011 at 7:35 pm

    ဟုတ်ပ ။ ကျွန်တော်လဲမွေ့နေပြီ ။ အကြောင်းအရာတွေများတော့ အဓိပ္ပါယ်ရှာမရတော့ဘူး ။ ပြန်ရှင်းပေးပါလား ။

    Reply

  • မီးမီး သော်

    September 14, 2011 at 8:28 pm

    ဟိ ဟိ ဤ စာများကိုရောပြွမ်းစာ ဟုခေါ်တွင်ပါစေ။ရေးချင်တာက အပျက်တွေကိုပါ ခုတော့ရေးရင်းနဲ ့ပေါက်တတ်ကရဖြစ်နေရင် တောင်းပန်ပါတယ်။ကိုယ့်ရှေ ့က စီနီယာတွေပြောသလို ပြောရမယ်ဆိုရင်တော့ လက်စမ်းစာပေပေါ့ရှင်။

    Reply

    • MaMa

      September 14, 2011 at 9:15 pm

      လက်စမ်းစာပေက မူပိုင်ရှိတယ်နော်။ 😀

      Reply

      • မီးမီး သော်

        September 14, 2011 at 11:02 pm

        မမ ရေ အမှားပါသွားရင်တောင်းပန်ပါတယ်နော်။သင်ကြားညွှန်ပြပေးပါနော်။

        Reply

        • windtalker

          September 15, 2011 at 1:20 pm

          လက်စမ်းစာပေ တပ်ရေးနေတဲ့သူ
          ရွာထဲ မှာ ရှိနေလို ့ပါ
          တစ်ခြား ခေါင်းစဉ် စဉ်းစားကြည့်ပေါ့
          လက်တမ်း စာပေ တို ့ဘာတို ့ညာတို ့ပေါ့

  • မီးမီး သော်

    September 14, 2011 at 9:00 pm

    ဒီလိုပါ ရည်ရွယ်ရင်းက (၁)ကျွန်မတို ့ပြည်နယ်ကသယံဇာတဖြစ်တဲ့ ဓာတ်ငွေ ့တွေရေနံ တွေက အများပြည်သူအတွက်လုံလောက်အောင် သုံးစွဲလို ့ပိုလျှံတာကိုရောင်းသင့်တယ် မဟုတ်လား။အမှတ်(၂)ဝန်ကြီးပြောသလို ကျေးရွာပေါင်းနှစ်သောင်းကျော်မှာ နှစ်ထောင်လောက်ဘဲလျှပ်စစ်မီး ရနေသေးတော့။ဒါတွေကိုဖြည့်စွက်မပေးချင်ရအောင် အာဏာပိုင်တွေသာ ပိုင်ဆိုင်တဲ့ ပစ္စည်းမဟုတ်ကြောင်း၊အများပြည်သူပိုင်ဖြစ်ကြောင်းပြောလိုခြင်းဖြစ်ပါတယ်။
    (၂)အခြေခံဥပဒေ အခန်း(၅)၊ပုဒ်မ (၂၈၈) ကိုပြစ်တင်ဝေဖန်တာတော့မဟုတ်ပါ။ဘယ်သူဘယ်ဝါမှရစေလို၍ ဖင်းပြောရခြင်းမဟုတ်ပါ။ခရိုင်နှင့်မြိ ု့နယ်အုပ်ချုပ်ရေးကို ဒေသခံများထဲမှ အနိုင်ရတဲ့ပါတီက ဦးစားပေးအုပ်ချုပ်စေလိုခြင်း။
    (၃)ဆရာတော် ညွှန်ပြထားသလို ရဟန်းသင်္ဃတို ့အပေါ်စောင့်ရှောက်စေလိုခြင်း။ဘာလို ့လဲဆိုတော့ လွန်ခဲ့တဲ့ လေးနှစ်မှာ ဆရာတော်တွေအပေါ်မှာ စစ်အာဏာရှင်တွေကျူးလွန်ခဲ့တာကိုအမှတ်တရရှိနေတာကိုဖော်ပြလိုခြင်းဘဲဖြစ်ပါတယ်။

    အားလုံးပျော်ရွှင်ကြပါစေ။

    Reply

    • kai

      September 15, 2011 at 12:42 am

      အဲဒီရှေး ဂွမ်တီးဂွမ်တီးက … အတွေးအခေါ်ကို.. ရှေ့တန်းတင်ထားတာကလည်း.. သိပ်မဟုတ်သေးဘူး ..ထင်မိတာပဲ..။
      ပြောရရင်.. ဘုန်းကြီးဆိုတာက.. အုပ်ချုပ်ရေး..ကျွမ်းကျင်သူ(နိုင်ငံရေးသမား)တွေမှ မဟုတ်တာနော..။ ဆိုတေ့ာ.. အုပ်ချုပ်ရေးမှာ.. ရွာသူသမီးကို အနိုင့်အထက်မယူခြင်းတို့.. ရဟန်းသင်္ဃာတို ့ကို စောင့်ရှောက်ခြင်း တို ့ထည့်ထားတာကလည်း.. တယ်မဟန်ပါဘူး.. ။
      လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိတာကို.. ချိုးဖေါက်ထားတာမို့ပါ..။ လူ့အခွင့်အရေးတွေ လစ်လျှူရှုထားတဲ့.. ရှေးပဒေသရာဇ်ဘုရင်တွေကို..သူ့နည်းဟန်နဲ့..သူ.. ဆုံးမတဲ့.. အတွေးအခေါ်..စာတွေဖြစ်နေပါတယ်..။

      ထားပါတော့..။
      ရခိုင်ပြည်ဟာ.. အခုအတိုင်းဆက်သွားရင်.. တရုတ်ပြည်ပင်လယ်ထွက်ပေါကြ်ဖစ်လာမှာမို့.. မြန်မာပြည်ရဲ့ စီးပွားအတက်ဆုံးနေရာဒေသဖြစ်လာလိမ့်မယ်..။
      အဲဒါလေးတော့ ..သိထားစေချင်ပါကြောင်း…။ 🙂

      Reply

      • မိုက်ကယ်ဂျော်နီအောင်ပု

        September 15, 2011 at 12:05 pm

        တရုပ်ပြည်ထွက်ပေါက်ဖြစ်ပြီး
        ကိုယ်ဟာဘာမှမရှိတာကောင်းသလား
        ဒီလိုပြောတမ်းဆို
        ရွာပြန်လာပြီးလယ်ထွန်စားပါလား
        🙁 🙁 🙁

        Reply

      • မီးမီး သော်

        September 15, 2011 at 12:09 pm

        သူကြီးရေ—ခုလိုဝေဖန်ပေးတော့ ကျေးဇူးပါ။အောက်မှာတော့ လိင်တူချစ်သူကြိီး အော်နေလေရဲ ့။ရွာပြန်လာခဲ့တဲ့။

        Reply

  • ပေါက်ဖော်

    September 14, 2011 at 9:10 pm

    မမီးမီးသော်ရေ..
    ဖတ်လို ့ကောင်းပါတယ်..ထောက်ပြတာတွေလဲ ဟုတ်ပါတယ်..
    ဒေသစွဲ၊လူမျိုးစွဲလေး နဲနဲဖျောက်ရေးရင် ပိုဖတ်ကောင်းမယ်ထင်တယ်

    Reply

  • naywoonni

    September 14, 2011 at 9:29 pm

    တစ်ခုချင်းပြောရရင်တော့ ညအိပ်ပြောရင်တောင်ကုန်မှာမဟုတ်ဘူး…။ တစ်ကယ်တော့ တစ်ချိန်ကဘိုဘိုဟန် ဆိုခဲ့တဲ့ သီချင်းလိုဖြစ်နေပြီလားတွေးမိတယ်…….။ နေရာတစ်ကာမှာပဲ…..။ သီချင်းစာသားက ” ဇောက်ထိုးသစ်ပင်… ပက်လက်မော်တော်ကား” တဲ့…။ ငယ်ငယ်တုန်းက ဘာမှန်းတော့ မသိဘူး ဆိုလို့ကောင်းလို့ အော်အော် ဆိုတော့ လူကြီးတွေငေါက် တာခံခဲ့ရဖူးတယ်..။ အဓိပ္ပာယ် မရှိ နိမိတ်မရှိ နမာ မရှိ သီချင်းတွေတဲ့…။ ခုတော့ အဲဒိအတိုင်းဖြစ်နေတာ ………..

    Reply

  • မီးမီး သော်

    September 14, 2011 at 10:59 pm

    ဟုတ်ကဲ့ပါ ခုလို ဆရာနေဝန်းနီတို. ့ကိုပေါက်ဖော်တို ့ကဝေဖန်ထောက်ပြပေးတော့ကျေးဇူးတင်ပါတယ်။ ဆရာတို ့အားလုံးဝိုင်းပြီးထောက်ပြညွှန်ပြပေးပါနော် ။ကြိုးစားနေပါတယ်။

    Reply

  • “ဘီလူးကြီး”ogre

    September 15, 2011 at 3:12 pm

    “““တရုတ်တွေကမ္ဘာမကြေ ဆိုနေရင်တော့ ခက်ပါပီနော်။”””
    အခုသူတို့ စတင်သီချင်းဆိုေ လ့ကျင့်နေကြပါပြီ
    ကျုပ်တို့ကတော့ တရုတ်အလံကို အလေးပြုတတ်အောင်
    စတင်လေ့ကျင့်သင့်ပြီထင်တာပဲ

    Reply

    • မီးမီး သော်

      September 15, 2011 at 6:33 pm

      ကိုဘီလူးကြီးကတော့ လေကြံကြံဖန်ဖန်နော်။ပြောတော့မယ်။ခုလိုမျိုးအမြင်ကို ဝိုင်းဝန်းပေးတဲ့တွက်ကျေးဇူးပါ။မမ ရေလက်စမ်းစာပေလို ့မပြောတော့ပါဘူး။လက်တို ့စာပေ ဆိုရင်ကောင်းမလားလို ့။ဟိ

      Reply

  • KMN

    September 15, 2011 at 4:44 pm

    ဗုဒ္ဒဘာသာအများစုနေထိုင်ရာ တို့နိုင်ငံကြီးတိုးတက်စေရန် ရှင်မဟာသီလဝံသရဲ့ညွှန်ပြချက်အရဆိုရင်တော့
    စောက်ထိုးမိုးမှောက်ပါပဲဗျာ။ ဘာသာအယူဝါဒတိုင်းမှာတော့ ကိုင်ပိုင်စည်းကမ်းချက်၊ဥပဒေသတွေဟာ ကိုယ်စီ အသီးသီးရှိကြ စမြဲပါ။

    Reply

  • ရင်နင့်

    September 15, 2011 at 11:01 pm

    သူကြီးပြောတာကိုအပြည့်အဝထောက်ခံပါတယ်ဗျို့
    (၃)ပညတ်ဟောင်းကို ကျင့်မြဲကျင့်ခြင်း (၅)ရွာသူသမီးကို အနိုင့်အထက်မယူခြင်း
    (၆)ပြည်တွင်းပြည်ပ၌ရှိသောနတ်ဌာန်အရပ်တို ့ကိုမေတ္တာပို ့သမြဲပို ့သခြင်း (၇)ရဟန်းသင်္ဃာတို ့ကို စောင့်ရှောက်ခြင်း
    ဒီအချက်တွေကိုတော့ မကြိုက်လှဘူး

    Reply

  • မီးမီး သော်

    September 15, 2011 at 11:16 pm

    အော် ရင်နင့်ရယ်။ကိုယ့်ထင်မြင်ချက်လေး ရေးပေးပါဦးနော့။ကြိုဆိုပါတယ် ခုလိုဝေဖန်ပေးလို ့ပါ။

    Reply

Leave a Reply to yetazar Cancel Reply

Your email address will not be published.