မြို့ရွှေမန်းက သတင်းစကား

JUDGEMENTSeptember 14, 20111min032

ကျွန်တော်တို့ အခုလက်ရှိအချိန်မှာ ဘာသာရောသာသနာရောခုတုံးလုပ်ပြီး     သီလကြောင်ဘုန်းကြီးတွေကအသုံးချနေကြပါတယ်။

ပြောတော့မပြောချင်ပေမဲ့ ပြောရဦးမယ်။လမ်း(၉၀)က ဘုန်းတော်ကြီးကျောင်းတွေမှာ တော်တော်များများက ဘုန်းကြီးချဲဒိုင်တွေလေ။

တစ်ချို့ကဒိုင်နဲ့ပေါင်းတယ်။တစ်ချို့က ဒိုင်အတွက် ဘိ လုပ်ပေးတယ်။ ကဲ မကောင်းလား။

အများကြီးပါ ။ ဥပမာပြောရရင် – ပုဂံတိုက်  ဗျာ။ ထီးလင်းတိုက်   ဗျာ။နောက်ပြီး  စကုတိုက် စသဖြင့် အများကြီးဗျာ။ရဲတွေကလည်းသိသိကြီးနဲ့

ကိုနေနေကြတာပါ။

ဒီကြားထဲ ဒိုင်တွေက သူတို့ဖမ်းခံရရင် ကလေးတွေကို သိန်း(၃၀) ၊ (၄၀) ပေးပြီးထောင်ထဲကိုဝင်ခိုင်းတယ်။သူတို့အခေါ်လူစားလဲတယ်ပေါ့။

ဒါတွေကို လွှတ်တော်ကရောသိကြရဲ့လား။လူကြားကောင်းယုံလောက်တော့ပြောတတ်တာပေါ့နော။ ကြက်တူရွေးတောင်စာအံသင်လို့ရသေးတာပဲနော။

ဟုတ်ပ ။  တို့အမျိုး    –  တို့ ဘာသာ –   တို့  သာသနာ့အရိပ်အောက်မှာ ကြီးပွားချမ်းသာနေသူတွေပါ။

နောက်ပြီးတော့  အရက်သောက်တဲ့ ဘုန်းကြီးတွေ ၊ ဖဲရိုက် ၊ ရည်းစားထားနဲ့ တကယ်ကိုအမြင်မတော်တာတွေပါ။လူတွေကိုတော့ အရေးယူပြီး

ဘုန်းကြီးတွေကိုကြပ်မတ်တဲ့ အဖွဲ့ကရောမရှိတော့ဘူးလား။

ချဲထီနှစ်လုံးထီတကယ်ကိုပပျောက်ချင်ရင် ဘုန်းတော်ကြီးကျောင်းတွေကို အရင်ဝင်ဖမ်းပစ်ရင်ရပါလိမ့်မယ်။ ခက်တာကလဲနော ပြည်သူ့ရဲတွေက

မှ မသိကြတာကိုးအေ့   — လို့ပြောရမလိုဖြစ်နေပြီ။

ကျွန်တော်တို့ဘာသာ Buddish က သူများပြောရင်သာနာတတ်ကြတာ ။ ကိုယ့်ဘာသာဝင်သူတော်စင်တွေ ဒီလိုလုပ်နေတာမြင်ရင်လည်း –

အင်း – အရင်ရှေးရှေးမင်းတွေပြောသလိုပေါ့နော်။

ကတုံးတုံးတာရယ် ၊ ညစာမစားတာရယ် ၊ မိန်းမမယူတာရယ် ကြောင့် ကို ငါကြည်ညိုလှပါပြီဆိုတာလေ။

အခုတော့ ညစာလည်း စားတယ် ၊ ရည်းစားလည်းထားတယ် ၊ အရက်လည်းသောက်တယ် ၊ ဖဲလည်းရိုက်တယ် ၊ ယူနီဖောင်းလဲ (သူတို့အခေါ် ) ပြီး

လည်းလျှောက်လည်တတ်ကြပါတယ်။ ပိုပြီးဆိုးတာကတော့ လောင်းကစားဒိုင်တွေနဲ့ဆက်စပ်နေတာတွေပါ။

ဒိုင်တွေ လူတွေများ  ဘုန်းကြီးကျောင်းဆိုရင် တရားဝင် Casino တွေကိုမှတ်နေကြပြီ။

လမ်းပေါ်ကမိန်းမတွေပြောသလိုပေါ့နော်။ နေ့ဂဏန်း မသိရင် ဘုန်းကြီးတွေမေးလိုက်လေတဲ့ ပြီးတော့ ဂဏန်းလည်းတောင်းခဲ့တဲ့။

လွှတ်တော်ကအမတ်တွေက ဒါတွေကျတော့ အဆိုမတင်သွင်းကြဘူနော်။ချဲထီနှစ်လုံးထီနှင့်ဘောလုံး လွှတ်မြောက်ရေးဥပဒေလေးစဉ်းစားမိတယ်။

တရားဝင်ပေါ့။ဒါဆိုရင်တော့ ဘုန်းတော်ကြီးကျောင်းတွေ လောင်းကစားဒိုင်တွေနဲ့မပါတ်သတ်တော့ပဲ တော်တော်သန့်သွားမယ်။

သို့အတွက်ကြောင့် အဆိုတင်သွင်းလိုက်ပါကြောင်း။ ဆက်လက်ဆွေးနွေးမည်ဖြစ်ပါကြောင့် ဖြင့် ပြိုင်ဖက်မရှိအဆိုတင်သွင်းပါကြောင်း . . . . . . . ။

32 comments

  • ရွှေညာသား

    September 14, 2011 at 9:38 pm

    ကြိုက်တယ်ဗျာ တကယ်ဖြစ်သင့်ပါတယ်။သီလကြောင်တွေ အရက်သမားဘုန်းကြီးတွေကို အမည်ပါတပ်ပြီး
    သံဃာ့နာယကသိအောင်ပြောပစ်သင့်တယ်။

    Reply

  • zaw min

    September 14, 2011 at 10:33 pm

    ချသာချဗျို့…ဒီလိုပို့စ်မျိုးတွေ ကျနော်တို့သူကြီးကအရမ်းကြိုက်ပဲ…ဖြစ်နိုင်ရင် ချဲရောင်းတဲ့ ဘုန်းကြီးကျောင်းနားမယောင်မလည်နဲ့သွားပြီး မသိမသာဓါတ်ပုံရိုက်ခဲ့ ပြီးရင်ပိုစ့်ရေးပြီး မြန်မာပြည်မှာ သာသနာသန့်ရှင်းရေးလုပ်ဖို့ လိုကြောင်းရေး…တင်ပြချက်ကောင်း ဓါတ်ပုံရိုက်တွေပါကောင်းရင် ပို့စ်တွေကို ပွိုင့်၅၀၀ဝနဲ့ဝယ်မယ်။

    Reply

  • ရွှေညာသား

    September 14, 2011 at 10:42 pm

    ဟုတ်တယ်ဗျို့ ကျုပ်ကတော့ အားပေးတယ်။ဖြစ်သင့်နေတာကြာပြီ။
    အဲဒီ့ဘုန်းကြီးတွေကိုက မနေနိုင်ရင် ဘုန်းကြီးမဝတ်နဲ့လေ။အခုတော့ အရက်သောက်
    ဖဲရိုက် ၊ ချဲထိုး ၊ နှစ်လုံးဒိုင်ခံနဲ့ ။ မလုပ်တာ တစ်ခုပဲရှိတော့မယ်။တော်တော် ချဉ်စရာကြီးဖြစ်နေပြီ။
    လူတွေကလည်း ဘုန်းကြီးတွကို မြှောက်ပင့်ဖျက်ဆီးနေတာတွေကို ရပ်သင့်ပြီ။မဟုတ်ရင် ဘုရားဟောတဲ့
    ငါဘုရားသာသနာ ငါ့သားတွေသာဖျက်လိမ့်မည် အာနန္ဒာ ဆိုတဲ့ခေတ်ရောက်နေပြီထင်တာပဲ။
    အကုန်လူဝတ်လဲခိုင်းလိုက်ချင်တော့တယ်ဗျို့။

    Reply

  • JUDGEMENT

    September 14, 2011 at 10:52 pm

    ခက်တာက ဘယ်သူကမှစိတ်မဝင်စားဘူးဗျ။ ရဲမပြောနဲ့ ဒီ Post ကိုတောင်ဖတ်ရောဖတ်ကြည့်သူရှိကြရဲ့
    လား။ပြီးတော့ ဘာသာရေးနဲ့ပါတ်သတ်လာရင် ကျွန်တော်တို့လူမျိုးကအမြင်မကျယ်ဘူး။
    အကုန်ကောင်းတယ်ယူဆနေကြတာ။အမှန်ဆိုရင် မွတ်စလင်တွေထက်တောင် အစွန်းရောက်သေး
    တယ်ထင်တာပဲ။ဆိုလိုတာက ဘုန်းကြီးတွေဘာလုပ်လုပ်ကောင်းတယ်ထင်ကြတာလေ။
    အမှန်ကတော့ သူတို့က လူတွေလိုနေကြပြီး။ အဝတ်နီကြီးချုံနေတယ်ပဲ ဖြစ်နေတာလေ။
    ဒီလောက်ဖြစ်နေတော့ရော သံဃာဖြစ်နေသေးကြရဲ့လား။မသိလို့ဗျာ ။ Comments ပေးကြပါဦး။
    ကျွန်တော် ကတကယ့် Buddhism စစ်စစ်ပါ။ဒါပေမဲ့ ဝေခွဲရခက်နေလို့ပါ။

    Reply

    • MaMa

      September 15, 2011 at 9:05 am

      ဝေခွဲရခက်နေတာ တကယ်ကြည်ညိုစရာကောင်းတဲ့ ဆရာတော်ကြီးတွေကို မတွေ့ဖူးလို့ ဖြစ်ပါလိမ့်မယ်။ ခုလောလောဆယ် တိပဋကဆရာတော် ဦးဝိစိတ္တသာရရဲ့ နှစ်၁၀ဝပြည့်အတွက် ထွက်နေတဲ့ စာအုပ်လေးဖတ်ကြည့်လိုက်ပါ။ နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတတ်တာကြောင့် သူတော်ကောင်းကို ပြစ်မှားမိရင် အပြစ်ရမှာစိုးလို့ ပြောတာပါ။ သူတော်ကောင်းယောင်ဆောင်တဲ့ ကြောင်သူတော် ကြွက်သူခိုးတွေ့ရင် နီးစပ်ရာ သံဃာ့နာယကအဖွဲ့တွေကို တိုင်ပါ။ တတ်နိုင်ရင် လွှတ်တော်အမတ်တွေကို တိုင်ပါ။ (သဂျီးသင်ပေးထားတဲ့အတိုင်းပြောတာ။ ကိုယ့်ဆီက လွှတ်တော်အမတ်တောင် ကိုယ်မသိဘူး။)

      Reply

  • မီးမီး သော်

    September 14, 2011 at 11:18 pm

    အင်းတခါကတော့ ဦးသုမင်္ဂလတရားပွဲမှာ ဆရာတော်ဟောတာကြားဖူးပါတယ်။အရက်သောက်တဲ့ ကိုယ်တော်တွေသူကိုယ်တိုင်ကြုံဖူးကြောင်းပေါ့။သာသနာအတွက်စိုးရိမ်စရာပါ။

    Reply

  • JUDGEMENT

    September 14, 2011 at 11:23 pm

    ဒါတွေက တကယ်ဖြစ်နေတာလေ ။ ခက်တာက လူတွေလား ဘုန်းကြီးတွေလားပဲ။
    အမှန်ကိုမြင်သင့်ပြီလို့လည်းပြောချင်ပါတယ်။
    ပြောရတာလည်းစိတ်ပျက်လာပြီ။တော်ပြီဗျာ။ရွာထဲမှာမနေတာပဲကောင်းမယ်ထင်တယ်။
    အမှန်ပြောရင်မယုံချင်ကြဘူး။မယုံရင် လမ်း(၉၀) တကယ်သွားကြည့်။
    ချဲထိုးချင်လို့သာပြော။တွေ့တဲ့ကိုယ်တော်ပြော။လိုက်ပို့လိမ့်မယ်။
    မနက်ဖြန် ၊ သဘက်ခါချဲထွက်မှာပဲ ။ သွားစမ်းကြည့်ပါလား။

    Reply

  • kai

    September 15, 2011 at 12:17 am

    မြန်မာပြည်ရဲ့.. တကယ့်နာမယ်ကြီး ဘုန်းကြီးတွေက.. ချဲ… အဲဒီကနေ.၂လုံးထီ..အဲဒီကနေ..အဲဒီကနေ.. 🙁

    ထားပါတော့… ဓါတ်ပုံအထောက်အထားလေးတွေနဲ့.. ကြုံရင်ကြုံသလို တင်ပေးကြဖို့.. ဖိတ်ခေါ်ပါတယ်..။ သာသနာတော်သန့်ရှင်းရေးဆိုတာ.. လူတွေ(လူထု)ကပဲ.. လုပ်မှရမှာမို့ပါ..

    ရဲကဘယ်ဖမ်းရဲပါမလည်း.. နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ကြီးခံနေမင့်ဟာနော..။ ဒီတော့ ..လူထုကပဲ.. Citizen Journalist လုပ်ရင်း.. အသိပေးကြရမှာပါ..။

    တကယ်တော့ လူတွေကို ..အသိသညာပေးနေတဲ့.. ဆည်းကပ်ရာဘုန်းကြီးတွေကို ..စိစစ်ဝေဖန်ပြီး.. သန့်ရှင်းအောင်လုပ်တာက.. အင်မတန်ကုသိုလ်ရတာပါ..။ အမှားအယွင်းတွေသင်ကြားပို့ချခံရမဲ့..လူတွေ.လူတွေ…ဘဝတွေအများးးးကြီးကို ကယ်ဆယ်ပေးရာလည်း ရောက်ပါတယ်..။
    ကိုးကွယ်ရာမှားရင်.. သံသရာတခုလုံးမှောက်တာကိုး..။

    Reply

  • JUDGEMENT

    September 15, 2011 at 8:12 am

    kai ရေ တကယ်ကိုကျေးဇူးပါဗျာ။တော်တော်များများကတော့ ဘုန်းကြီးတွေနဲ့ပါတ်သတ်ရင်လက်ရှောင်
    ချင်ကြပါတယ်။စိတ်ချ။
    မကြာခင် ဓါတ်ပုံလေးတွေ ( ချဲ ၊ နှစ်လုံး ) ဒိုင်ခံနေတဲ့ ပုံတွေ ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ပါတ်သတ်
    နေတဲ့ ဒိုင်အမည်တွေ ကို အတိအကျတင်ပေးပါ့မယ်။
    အဲဒီ့အခါကျရင် သံဃာ့နာယကတွေကရော ဘယ်လိုလုပ်လာမလဲ စောင့်ကြည့်ကြရအောင်ဗျာနော်။
    ဒိုင်တွေအမည်ကိုပြောရင်တောင် အခုများပြောပုံက- ဘုရားကြီးနားက – ဘုန်းတော်ကြီးကျောင်းကိုမှီတဲ့ ဒိုင်ဆိုရင် ဘုရားကြီးဒိုင်။
    ထီးလင်းတိုက်ထဲလုပ်ရင် ထီးလင်းဒိုင် ၊ ပုဂံတိုက်ထဲလုပ်ရင် ပုဂံဒိုင်တဲ့ ။ဆိုကြပါစို့ ဆင်တဲတိုက်ထဲလုပ်ရင်
    ဆင်တဲဒိုင်တဲ့ ဗျာတို့ရေ။ခက်တာက လိုင်ကြေးယူထားတဲ့ ရဲတွေ ၊ ရဲမှူးကြီးတွေရှိနေသမျှ ဘာမှလုပ်လို့မရနိုင်ပါ။
    နေပြည်တော်ကလဲ ကြည့်တော်မူနေပါသည်။ ပြီးခဲ့တဲ့အပါတ်ကတောင် အမှတ်(၉)ကဖမ်းတဲ့ အမှု့ကို
    ငွေပေးပြီးအမည်ဖျောက်တယ်ကြားရပါတယ်။ဟုတ်မဟုတ်ကတော့ မသိပါ။ဖြစ်ဖို့များပါသည်။
    ဒီတော့ – – အားလုံးကောင်းပါသည်ခင်ဗျား ———-

    Reply

  • ကြောင်ကြီး

    September 15, 2011 at 8:33 am

    သာသနာ သန့်ရှင်းရေးအတွက် အခုလို ပို့စ်မျိုးကို ကြိုဆိုပါတယ်။ အတွင်းသိများကလည်း တတပ်တအား ဖော်ထုတ်ရေးသားကြရင် ပွဲပိုဆူ (မှားလို့) ပိုထင်ရှားသွားမှာပါ။ အစိုးရခေတ် အဆက်ဆက်မှာ သာသနာသန့်ရှင်းရေးလုပ်ခဲ့ကြပါတယ်။ ဆရာ ဒါယကာ ပူးတွဲစီမံချက်ဆိုတာ ဒါမျိုးကိုလုပ်ရမှာ၊ အခုတော့ စစ်အစိုးရက ဘုန်းကြီး နိုင်ငံရေးလုပ်မှာ တားဆီးဖို့ပဲ အားသန်နေတော့ ရွှေပြည်တော် မျှော်လေတိုင်းဝေး ဖြစ်နေအုံးပါမယ်။

    Reply

  • zawmaung

    September 15, 2011 at 9:23 am

    အင်း……ဒီလို သတင်း ကိုသာမာန်လမှာဆို သံသယကင်းစွာကြိုဆိုမိမှာပါ။
    သံသယ ဒွဟ များတတ်တဲ့ ကျွန်တော်က ရွှေဝါရောင်နေ့နီးနေတော့ …………………………….

    Reply

  • စုံ စုံ

    September 15, 2011 at 11:18 am

    ဘုန်းကြီးနဲ့ပတ်သက်တဲ့ကိုယ်တွေ့တခုကိုပြောပြမယ်နော်
    ပြီးခဲ့တဲ့၆လလောက်ကကျမနဲ့ကျမအမျိုးသားနဲ့မွေးနေ့ပွဲတခုကိုသွားတယ်
    မွေးနေ့ရှင်ကစမ်းချောင်းမှာချဲဒိုင်အကြီးကြီးကိုင်တဲ့အမျိုးသမီးဘဲ
    သူ့မွေးနေ့ကိုလာပြီးကျမတို့နဲ့တဝိုင်းထဲထိုင်နေတဲ့သူတယောက်ကကတုံးနဲ့
    အားလုံးကသူ့ကိုဦးဇင်းလို့ခေါ်ကြတယ် ကျမလဲပထမတော့သူ့နာမည်ဦးဇင်းလို့ဘဲထင်တာပေါ့
    နောက်တော့မှအမျိုးသားကတိုးတိုးကပ်ပြောတယ်
    အဲ့ဒိဦးဇင်းဆိုတဲ့သူကမနက်ကနေညနေထိသင်္ကန်းဝတ်ထားတယ် ချဲရောင်းတယ်
    အခုလိုညရောက်ရင်လူဝတ်လဲပြီးအရက်သောက်တယ် ကလပ်သွားတယ် လုပ်ချင်ရာလုပ်တယ်တဲ့
    ကျမလဲတော်တော်အံ့ဩသွားတယ် သူ့ကိုအဲ့လိုမလုပ်ဖို့မပြောကြဘူးလားဆိုတော့
    အဲ့ဒိဦးဇင်းကပြောတယ်တဲ့ ဒီလိုတွေလုပ်နေတာအပြစ်ဖြစ်မှန်းလဲသိတယ် ဒါပေမယ့်ဒီဘဝမှာဒီလိုနေနေတာ
    အသားကျသွားပြီ အဲ့ဒါကြောင့်မထူးဇာတ်ခင်းနေတာပါတဲ့
    မယုံမရှိနဲ့ စမ်းချောင်းက ကိုးထပ်ကြီးဘုရားပတ်ပတ်လည်မှာ ဘုန်းကြီးချဲဒိုင်တွေ
    ဘုန်းကြီးဂန်းစတားတွေအများကြီးရှိတယ်

    Reply

  • Kay Kay

    September 15, 2011 at 12:10 pm

    လောကကြီးက အကောင်းနဲ့အဆိုးအမြဲတမ်းဒွန်တွဲနေတဲ့အတွက် ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိနေတာသဘာဝပါ…….
    မကောင်းတဲ့အချက်တွေကို ထောက်ပြလို့ ကောင်းတာကိုပြင်ဆင်သွားရင်တော့အကောင်းဆုံးပေါ့…….

    Reply

  • aungnng87

    September 15, 2011 at 12:42 pm

    ကြည့်မြင်တိုင်ကျောင်းကြီးတိုက်ထဲမှာလည်းရှိတယ်လို့ ကြားတယ်။ သာသနာတော်သန့်ရှင်းရေးဆိုတာလုပ်သင့်တယ်လို့ထင်တယ်။ ဗမာပြည်က ဘုန်ကြီးတွေက အင်တာနက်ကလည်းပိတ်တဲ့ဝက်ဆိုက်တွေကများတော့ အခြားဘာသာတွေက ကိုယ့်ဘာသာကိုစော်ကားနေတာကိုသိပ်မသိကြဘူး။မသိကြတဲ့အထဲ သိက္ခာနဲ့မညီတာတွေလုပ်နေကြတော့
    ကိုယ့်ဘာသာဝင်တွေကအစမလေးစားတော့ဘူး။သာသနာတော်ဆုတ်ယုတ်ခြင်းဖြစ်လာတာတွေပေါ့။

    Reply

  • pan pan

    September 15, 2011 at 12:47 pm

    ဦးကြောင်ပြောသလိုဆို ဘုန်းကြီးနိုင်ငံရေးလုပ်ရင်တားမယ်ပေ့ါ
    ကျန်တဲ့ကိစ္စတော့ ဘာလုပ်လုပ်ခွင့်ပြုတာပဲ
    အဲလို တခြားမကောင်းတာတွေလုပ်နေရင်လည်း နိုင်ငံရေးလုပ်ဖို့ စိတ်ဝင်စားတော့မှာမဟုတ်ဘူး
    တချို့များ ဘုန်းကြီးနိုင်ငံရေးလုပ်တော့ ဘုန်းကြီးနဲ့ မအပ်စပ်ဘူးလိုလို အပုပ်ချချင်ကြတယ်
    ပြီးတော့ သူတို့ပဲ ဘုန်းကြီးတွေဆီက ဂဏန်းတောင်းချင်ကြတယ်
    အရက်ဆိုင်တွေ၊ ကေတီဗွီတွေပေါများလာ၊ လူငယ်တွေပျက်စီး၊ နိုင်ငံရေးဘက်ကို စိတ်ဝင်စားမှုလျော့နည်းလာမယ် (အထင်ပြောတာပါ) 🙄

    Reply

  • JUDGEMENT

    September 15, 2011 at 1:22 pm

    မဟုတ်ဘူးဗျ။ MaMa က ကျွန်တော့်ကိုအထင်လွဲနေတာဖြစ်လိမ့်မယ်။ကျွန်တော်ဆိုလိုတာက ကြည်ညိုစရာကောင်းတဲ့ သူတော်စင်ရှင်ရဟန်းတွေကိုတွေ့ခဲ့ မြင်ခဲ့ဖူးပါတယ်။လက်ရှိလဲရှိတယ်နော်။
    ဒါပေမဲ့ (၁၀၀) မှာ (၉၀) လောက်ကဒီအတိုင်းဖြစ်နေတာလေ။ဟုတ်မဟုတ်တွေးကြည့်လေ။
    ဘုန်းကြီးနိုင်ငံရေးလုပ်တာကိုလဲ JUDGEMENT တို့ကအားပေးပါတယ်။ ဆရာစံ ဘုန်းကြီးလူထွက်ဗျာ။
    ဦးဝိစာရဗျာ ။ ဒါဟာသမိုင်းတွင်တဲ့ ဘုန်းတော်ကြီးသူရဲကောင်းတွေလေ။ကိုကြောင်ကြီးပြောတာဖြစ်
    သင့်တယ်။နောက်ပြီး စုံစုံတို့ pan pan တို့ kay kay တို့ aungnng87 တို့ပြောတာကောင်းပါတယ်။
    ဒါပေမဲ့ ဆရာဒကာ လုပ်နေတာက သူတို့ ဘုန်းကြီးကျောင်းနဲ့ ချဲဒိုင်တွေလေ။
    ကျန်တဲ့ လူတွေဆို သွားတားရင်ဘယ်ရလိမ့်မတုံး။ဟုတ်ဖူးလား။အကောင်းဆုံးကတော့ ကျွန်တော်ကြိုးစား
    နေတယ်။လုပ်စားနေတဲ့ သူတွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ် – လိုင်းကြေးယူတဲ့ရဲ တွေရဲ့အမည် ၊ ရာထူးတွေ။
    ပြီးတော့ အရက်သမားဘုန်းကြီးတွေရဲ့အမည်တွေ ။ကျောင်းတိုက်တွေ အကျန်လုံး မြန်မာပြည် ဝီကီလိ(ခ်)
    လုပ်ပစ်တော့မယ်ဗျာ။ ဒါဆိုရင် ပါတ်ဝန်းကျင်မှာ ရှက်ပြီးသူတို့ကို်ယ်သူတို့ပြင်လာမယ်ထင်တယ်။
    သူတို့အမြင်တော့ ကျွန်တော့်ကို သာသနာဖျက်ပေါ့။ကျွန်တော်ကတော့ သာသနာပြုတယ်ပဲမြင်ပါတယ်။
    လုပ်သင့် – – – – ? မလုပ်သင့် – – – – ?

    Reply

    • MaMa

      September 15, 2011 at 8:03 pm

      ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပေ့ါ။ မကောင်းတာကို သိပြီး ဖြတ်ပစ်၊ ဖယ်ထုတ်ပစ်တာကို မပြောလိုပါဘူး။ လုပ်သာ လုပ်ပါ။ အားပေးပါတယ်။ အားလုံးကောင်းသွားတော့ ပိုကြည်ညိုရတာပေ့ါ။
      ဒါပေမယ့် ဝါးလုံးရှည်နဲ့ သိမ်းကြုံးရိုက်တာတော့ မဖြစ်သင့်ဘူးပေ့ါနော်။

      Reply

  • JUDGEMENT

    September 15, 2011 at 1:33 pm

    zawmaung ရေ တစ်လွဲမထင်ပါနဲ့ဗျာ။သာသနာတော်အတွက်ပါ။
    ပွဲဆူပြီး အရေးအခင်းဖြစ်တော့ ကျွန်တော်သံသရာမှာ အကြွေးတွေတင်ကုန်မှာပေါ့။
    ရည်ရွယ်ချက်ကိုတစ်မျိုးထင်ရင်လည်း ရွှေဝါရောင်ပြီးမှသာ လုပ်ကြပေတော့ဗျို့။
    ဒါဆိုချဲဒိုင်တွေပြင်ဆင်ရွှေ့ပြောင်းချိန်ရတာပေါ့လို့ နော။
    သံဃာကို စစ်တပ်နဲ့ရန်တိုက်ပေးတာမဟုတ်ရကြောင်းပါ။
    ကျွန်တော့်ကို အခုလို အမြင်မကြည်ကြမှာစိုးလို့ပါ။
    ကျွန်တော်နိုင်ငံရေးအတွက် ချဲအကြောင်းပြပြီး ၊ စစ်တပ်နဲ့ရန်တိုက်တာ မဟုတ်ပါဘူးလို့ပဲပြောပါရစေ။
    နေပါစေတော့ဗျာ။အရက်သောက်သောက်၊ဖဲရိုက်ရိုက်၊ချဲဒိုင်ခံခံပေါ့နော်။
    ကို zawmaung အမြင်ကို လက်ခံပါတယ်ဗျာ။ဒီလိုမြင်တာကိုလည်း ကြိုဆိုပါတယ်။
    အားလုံးအမြင်ကြည်လာတဲ့ အချိန်၊ ကိုယ့်ဘာသာဘုန်းကြီးကို ဝိနည်းညီလာစေချင်တဲ့အချိန်ကို
    ရောက်ရင် ထပ်လက်တို့မယ်ဗျာ – – နော်။ Thank You !

    Reply

  • zawmaung

    September 15, 2011 at 4:24 pm

    judgement ရေ။
    “သံဃာကို စစ်တပ်နဲ့ရန်တိုက်ပေးတာမဟုတ်ရကြောင်းပါ။”
    ကျွန်တော်ကအဲ့ဒီလိုမတွေးပါဘူး …ရှင်းရှင်းပြောရရင် .. သံဃာနဲ့ လူထုကိုရန်တိုက်ပေးတာဖြစ်မှာစိုးလို့ပါ။
    သို့သော် သံဃာတွေကို ဝိနည်းညီစေချင်တာတော့ judgement ပြောတဲ့အပေါ်ကဟာတွေမပြောနဲ့ နိုင်ငံရေးပါဝင်ပါတ်သက်တာတောင်မဟုတ် နိုင်ငံရေးစကားပြောရင်တောင်မကြိုက်တဲ့သူပါ။

    Reply

  • nozomi

    September 15, 2011 at 5:02 pm

    JUDGEMENT လုပ်တာလေး အားပေးပါတယ်
    ဦးခိုက်ပူဇော်ရတဲ့ ဦးဇင်းက သီလသမာဓိ နဲ့ ပဲ ပြည့်စုံတဲ့သူ ဖြစ်စေချင်ပါတယ် ၊ အတင်းအဓမ္မဝတ်ခိုင်းတာလဲ မဟုတ်ပါ

    အချက်အလက် တစ်ခုတစ်လေ တင်တာ မဟုတ်ပဲ အချက်အလက်ပြည့်ပြည့်စုံစုံလေး ရအောင်စုပြီးမှ တင်လိုက်ရင် ပိုကောင်းမလားလို့ နဲနဲပဲတင်လိုက်မိရင် သတင်းရပြီး ကြိုရှောင်သွားမှာစိုးလို့ပါ

    Reply

  • zaw min

    September 15, 2011 at 7:19 pm

    JUDGEMENT ရေ…အပေါ်မှာ ကိုပြောခဲ့တဲ့အတိုင်းလုပ်ပြီးတော့ အားလုံးသိအောင်ချပြပါ၊ဒါဟာမန္တလေးတစ်မြို့ထဲမဟုတ်ပါဘူး မြန်မာတစ်ပြည်လုံးမှာပြန့်နှံနေတဲ့ ရောဂါဆိုးပြဿနာပါ၊ ဒီဘက်ခေတ်မှာ မီဒီယာဆိုတာလူတွေသတိပြုလာမိပြီ၊ အစိုးရရဲ့အာရုံစိုက်မူသတိထားမူတွေတိုးပွါးနေပြီ၊ မိမိတို့က ကောင်းစေချင်တဲ့ဆန္ဒနဲ့ အများပြည်သူသိအောင်ချပြမယ်ဆိုရင် အတိုင်းအတာတစ်ခု ထိတော့ဖြစ်လာလိမ့်မယ်လို့ယူဆမိတယ်… ။ဒီနေရာမှာအားလုံးစည်းလုံးမယ်၊ညီညွတ်မယ်၊ မိမိတို့ရဲ့ပက်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို တိတိကျကျထောက်ပြပြောဆိုနိုင်ကြမယ်ဆိုရင်… မဖြစ်မနေလုပ်ရတော့မယ့်အခြေအနေမျိုးတွေဖြစ်သွားနိုင်ပါတယ်။

    Reply

  • JUDGEMENT

    September 15, 2011 at 9:23 pm

    zawmaung ရေ ကြိုက်ပြီဗျို့။ဒီအချိန်မှာ ဒီလိုဖြစ်သင့်နေတာ ။ကျွန်တော့် post ကိုအားလုံးဝိုင်းပြီး ဆွေးနွေး
    ကြတာ အရမ်းပျော်နေပြီ။အရင်ကဆိုဒီအကြောင်းပြောရင် Coffee Bar , Tea Shop ဘယ်နေရာပြောပြော
    ဘုန်းကြီးကျောင်းထဲမှာချဲဒိုင်ဖွင့်တာသဘာဝပဲဆိုတဲ့ အမြင်တွေလေ။
    အခုတော့အမြင်တွေကောင်းလာကြတာကြိုက်ပြီဗျာ။ကျွန်တော်ကတော့ အကုန် ရမ်း မှာပဲ။ အရင်ဂန္တလောကမဂ္ဂဇင်းကလိုပေါ့။
    မြေအုတ်တို့ပြိုလေရာ ၊ ကျောက်အုတ်တို့ဖြင့် အစားထိုးအံ့ပေါ့နော်။
    သံဃာမပီသတဲ့ရဟန်းတွေထွက်ရင် သံဃာစစ်တွေပေါ်လာလိမ့်မယ်။
    မစိုးရိမ်ထဲရောက်ရင် စာဝါလိုက်တဲ့ ကိုယ်တော်ငယ်လေးတွေ ဖြစ်သလိုအိပ် ဖြစ်သလိုစားတာကို မြင်တိုင်း
    ချဲဘုန်းကြီးတွကို ချဉ်မိတယ်။သူတိုကကကောင်းကောင်းစား ၊ အိပ် ပြီးတော့ ဖဲရိုက်အရက်သောက်နဲ့။
    ပုဂံတိုက်ထဲမှာ တော်တော်များတယ်။ဘုန်းကြီးဒိုင်တွေရော ဘိ ငှားစားတာရော (အထောက်အထားရထားပြီး)
    ထီးလင်းထဲမှာ တော့ ဒီနေ့သတင်းအနံရလို့ ရွှေ့နေကြတယ်ဆိုလား။
    ရဲတွေကိုယ်တိုင် အမှတ်(၉)က ရဲတွေ က လိုက်ရွှေ့ခိုင်းနေဆိုပဲ။
    အတိအကျနော်။တကယ်တကယ်။ဒါပေမဲ့ JUDGEMENT တို့က တိတိကျကျ အမည်တွေနဲ့ဆိုတော့ မပူပေါင်ဗျာ။အကုန်သိနေပြီပဲ။လစ်ကုန်ကြမှာစိုးနေလို့ မရေးသေးတာ။
    ပြီးတော့ တယ်လီဖုန်းလိုင်းတွေကို ဆသရ (လိုင်းမန်း) တွေနဲ့ပေါင်းပြီး ကြိုးခိုးသွယ်ထားတာတွေ
    ဘုန်းကြီးကျောင်းတွေ နဲ့ အိမ်တိုက်ရိုက်တွေလေ။
    နောက်ပြီး ယူနီဖောင်းလဲတဲ့ (ညည လစ်နေတဲ့ ) ကိုယ်တော်တွေက လည်း တော်တော်များနေပြီ။
    ဘုရားကြီးနားမှာ ဆို အခြောက်တွေနဲ့တောင် တွဲကျတယ်တဲ့ တော်ရေ။
    လာမယ်လေ ။ သံဃာ့ သန့်ရှင်းရေး စံနစ်သစ်။

    Reply

  • JUDGEMENT

    September 15, 2011 at 9:31 pm

    ဂွေးချိုနဲ့ညောင်ရမ်းကြားမှာ လမ်းကြားလေးရှိတယ်ဗျာ။အိမ်တော်ရာနောက်ဖက်ထိပေါက်တယ်။တံတိုင်း
    နှစ်ခုကြားလွတ်နေတာ။ အိမ်တော်ရာပွဲရာသီကျရင် အဲဒီ့လမ်းကြားထဲ သွားကြည့်ပါလား။
    JUDGEMENT တို့ပြောတာ မယုံရင် ။လက်တွေ့ သံဃာမစစ်သူတွေဘယ်လောက်ကဲ နေသလဲသိသွားမယ်။

    Reply

  • ရွှေညာသား

    September 15, 2011 at 10:02 pm

    ကျုပ်တို့အညာမှာလည်း ချဲဘုန်းကြီး ၊ ဖဲဘုန်းကြီးတွေရှိတယ်ဗျ။ငွေတိုးပေးစားတဲ့ ဘုန်းကြီးလည်းရှိတယ်။
    ဒါတွေကို အရေးမယူတော့ သင်္ကန်းခြုံပြီး တွေ့တိုင်းလုပ်ချင်သလိုလုပ်နေကြတာ။အမယ် ရထားပေါ်ကားပေါ်
    မှာများဆို တကာမလေးတွေနဲ့ ကြည်ညိုစရာလေးတွေ။ခက်တာက ဗမာတွေကလည်း မစားကောင်းတဲ့အသီး
    (မင်းသိင်္ခပြောသလို) ဆိုတစ်အားစားချင်ကြတာဗျ။ဒကာ/ဒကာမကကိုဖျက်နေတာ။
    ကိုယ်တော်လေးခပ်သန့်သန့်ဆို မျက်စပစ်ပြီ။လက်တွေ့နော်။
    ဟိုတစ်ခါညကြီး ပေါက်စီစားချင်လို့ ၂၆ – လမ်း ၈၉ – ၉ဝ နားက မန်းမြို့တော်ကို ည(၈)နာရီလောက်သွား
    တာကျုပ်တို့ခေါ်တော့ ဘယ်စားပွဲထိုးကောင်မမှ မလာဘူး။ဘုန်းဘုန်းတွေနားပဲကပ်နေကြတာ။
    ညုနေကြတာလေ။ဒါကြောင့် သာသနာတော်ကို ပျက်အောင်လုပ်တာ ဒကာ/ဒကာမပဲဗျ။ချဲကိစ္စလည်း
    ဒီအတိုင်းပဲ။ဖဲကိစ္စလည်းဒီအတိုင်းပဲ။ဒီတော့ အရေးယူမယ်ဆို ညညတွေ့တဲ့ကိုယ်တော် တွေဖမ်းပြီးလူဝတ်လဲ
    ပစ်ဗျာ။ကျောင်းတွေကို သံဃာ့အဖွဲ့တွေဝင်စစ်။ပြီးရင် အရေးယူဗျာ။
    ဒါဆိုတော်တော်သန့်သွားမယ်။

    Reply

  • JUDGEMENT

    September 15, 2011 at 10:23 pm

    ညီစေနော်။ ညီရင် တကယ်ဆော်ပြီသာမှတ် ။နောက်မှ ကိုယ့် ကိုယ်တာ်လေးပါလာမှ ဟယ်တော်လို့ လုပ်နဲ့။
    ရဘူးသာမှတ်။ သွား လူဆိုး ခုမှ လာပြောနေ အညာကိုပြန်တော့ ။
    အဟဲ စတာပါ။အကယ်အဲဒီလိုလုပ်ရင်တောင် အင်တာနက်ဆိုင်တွေမှာ ဂျီတော့ နဲ့ ဆော်ကျုနေတဲ့
    ဦးဇင်းလေးတွေရှိသေး – – – အဟေးဟေး ။ ဂလောက်တော့ ခွင့်လွှတ်လိုက်ပါနော် — – – လို့။
    အဓိကကတော့ ဘုန်းတော်ကြီးကျောင်းဆိုတာ သာသနာ့နယ်မြေလေ။
    အမှတ်တကယ်သန့်ရှင်းရမယ် ။ ဒါကြောင့်ပါ။ မနေနိုင်ရင် လူထွက် ။ ဟုတ်ဘူးလား။
    ကျွန်တော်ပြောတဲ့ အိမ်တော်ရာသွားတဲ့ ဂွေးချိုတိုက်လမ်းကြားမှာ ဘာလုပ်လဲသိတဲ့သူရှိရင်
    ပြောကြပါဦးဗျာ။ သိချင်ရင် ဝယ်ဖတ် ။ All Thanks!

    Reply

  • ုhtoosan

    September 16, 2011 at 11:06 pm

    ုဦးနေဝင်းလက်ထက်က သာသနာသန့်ရှင်းရေးလုပ်တော့ ကိုးကွယ်သူများတဲ့ နံမည်ကြီး ပုပ်ပါး (ပ နှစ်လုံးထပ်မရေးတတ်လို့ပါ) ယောက်ကော် ၊ သိမ်ဖြူ ဆရာတော် ကြီးများ လူဝတ်လဲခဲ့ရပါတယ်။ ဓါတ်ပုံများနဲ့ အခိုင်အမာ ပြခဲ့တယ်လို့ဆိုပါတယ်။

    Reply

    • maythakhin

      September 16, 2011 at 11:57 pm

      JUDGEMENT ပြောသလိုဘဲ ။ရှိကြပါတယ်၊ကြားလည်းကြားဖူးပါတယ်။ သာသနာတော်သန့်စင်သွားဖို့က ဒီလိုအရေခြုံတွေမရှိမှသာသနာသန့်ရှင်းသွားမှာပါ။ပြောသင့်ပြောထိုက်တာကို ပြောတာဟာလည်းမင်္ဂလာတစ်ပါးပါပဲ။

      Reply

      • မီးမီး သော်

        September 17, 2011 at 11:17 pm

        အမှန်ကို အမှန်အတိုင်း ဝန်ခံရဲတာ လဲသတ္တိကောင်းတာဘဲလေ။သာသနာတော် ကိုဖျက်နေတာလဲ လူတွေဘဲ။အဲဒီတော့ ကိုယ်တိုင်မပြင်ရင်
        ဘယ်သူမှ လာပြင်ပေးမှာမဟုတ်ပါဘူး။အားလုံးဝိုင်းဝန်းကြိုးစားကြပါစို ့။

        Reply

  • musicalpunk

    September 16, 2011 at 11:34 pm

    အင်း…..ခက်တော့ခက်သား ဒါကလည်း…. လောကကို လောဘတွေ အုပ်စိုးနေလိုြ့ဖစ်မှာပါ။….
    ဘ…..ဘီယာနဲ့
    ဝ…….ဝီစကီလို ရီဝေနေလိုဖြစ်မှာပါ ။

    Reply

  • JUDGEMENT

    September 17, 2011 at 8:37 pm

    ကျွန်တော့်အနေနဲ့ မြို့ရွှေမန်းက သတင်းစကား အခန်းဆက် Post ကိုတင်နိုင်အောင်ကြိုးစားနေပါတယ်။
    နောက်ပြီး တကယ့်ပြည်သူတွေအတွက် အကျိုးရှိမဲ့ Post တွေကိုလည်း မြို့ရွှေမန်းက သတင်းစကား
    အနေနဲ့ပဲ ဆက်လက်တင်ပြပေးမှာပါ။
    ဖတ်ရှုပြီး Comments ပေးကြပါလို့ ပြောလိုပါတယ်။
    ကျေးဇူးတင်စွာဖြင့်
    JUDGEMENT

    Reply

  • kolulay

    September 18, 2011 at 7:57 pm

    တချို့ဆိုရှိသေးတယ်ထောင်ကျမှာစိုးလို့ဆိုပြီးဝတ်ထားကြတာလေ။ ပြီးတော့ လူမြင်ကွင်းမှာ သင်္ကန်းကြီးတကားကားနဲ့ တောက်ခုံထိုင်တောက်တာတို့ ဘိလိယပ်ထိုးနေတာတို့ တချို့ ဆို ချက်တင်တောင်ထိုင်လိုက်သေးတယ် ။ ဒါတွေ ဘယ်သူ့ကိုပြောရမှာလဲ။ တချို့ဆို ကောင်မလေးတွေတောင်လိုက် လိုုက်သေးတယ်လေ။ လူလေး တို့ အစ်ကိုတွေနဲ့တောင်ငြိသေးတယ်။ သူတို့က သင်္ကန်းနဲ့ တုတ်ဆွဲ ပြီးလိုက်ရိုက်တော့မှ ဘုန်းကြီမှန်းသိတယ်။ ပြောသွားသေးတယ်သိလား သူတို့လိုက်နေတာ တစ်လလောက်ရှိပြီတဲ့။

    Reply

  • Foreign Resident

    September 21, 2011 at 5:14 pm

    Bravo Judgement !!!

    Reply

Leave a Reply to zawmaung Cancel Reply

Your email address will not be published.