မုံရွာက ဇုံကားဒဏ်ကြေးပေးသွင်းရေး ရောင်းသူဝယ်သူ ပြဿနာ

tunkhannSeptember 12, 20111min02

စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌနှင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)စက်မှုဝန်ကြိးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက”ကျွန်တော်က သူတို့ကားထုတ်လုပ်သူများကိုပြောတယ်. ခင်ဗျားတို့ပေးရမှာ ဝယ်တဲ့သူတွေမပေးရဘူး ထုတ်လုပ်သူတွေပေးရမှာ”  ဒါပေမယ့်လက်တွေ့မှာဘယ်လိုဖြစ်နေလဲတော့မသိဘူး. ထုတ်လုပ်တဲ့သူကပဲပေးရမှာ ဝယ်တဲ့သူကမပေးရဘူးဟု 7 Day News မှာတရားဝင်ဖြေကြားခဲ့သော်လည်း. ယခု  မုံရွာမှာကားထုတ်လုပ်သည့်စက်ရုံအများစုက ကျွန်တော်တို့ကမတတ်နိုင်ဘူး တစ်ဝက်ဒါမှမဟုတ် လေးပုံတစ်ပုံပဲ ပေးဆောင်နိုင်မယ်လို့ပြောတယ်. အဲဒီလိုမှမဆောင်ရင် ဝယ်ထားတဲ့ကား Without ဖြစ်မှာပဲလို့ ပြောတယ်. Super Custom ကားဝယ်ထားသူတစ်ဦးက ကျွန်တော်ကတော့ ဝန်ကြီးချမှတ်ထားတဲ့အတိုင်း သူတို့ဘက်ကပေးသွင်းရမှာပဲ မချမှတ်ဘူးဆိုရင်တော့ သူတို့ပေးတဲ့တစ်ဝက်ကိုလဲမယူပဲ ကိုယ့်ကားကိုလဲ Without အဖြစ်မခံပဲ သိန်းတစ်ရာကို ကိုယ်ဖာသာကိုယ်ပဲဆောင်မယ်.. ဒါပြီးရင်တော့ တရားနည်းလမ်းအတိုင်းဖြေရှင်းရမှာပဲ .. သူတို့ကဆောင်မပေးဘူးဆိုရင်လဲ.. သူတို့ဆောင်မပေးတဲ့အကြောင်းလက်မှတ်ထိုးခိုင်းမှာပဲ.. ဒီလိုမတရားလုပ်တာတော့ကျွန်တောာ်တို့လက်မခံဘူး ကားတစ်စီးစာကုန်ရင် ကုန်သွားပါစေ ကျွန်တော်တို့က ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ရမှာပဲလို့ ပြောတယ်….

2 comments

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 12, 2011 at 5:43 pm

    တစ်ရာဖိုးသုံးစီးတန်ကားတွေကို အဲလောက်ပေးရတာတော့ မတန်ဘူး။ အများပြည်သူကိုပိုကြည့်သင့်တယ်။သူတို့လိုလက်ညှိုးထိုးရာရွှေဖြစ်၊ငွေဖြစ်ထင်နေလားမသိဘူး။

    Reply

  • ကြောင်ကြီး

    September 13, 2011 at 10:39 am

    ပိုက်ဆံအကုန်ခံပြီးတော့ ကားထုတ်သူတွေနဲ့ ပြိုင်မမိုက်နဲ့။ အဲဒီကားကို မြင်း၊နွား၊လား တကောင်ကောင် တပ်၊ လူက ကားခေါင်မိုးပေါ်ကနေ နှင်တံနဲ့ဇက်ကြိုးခွံ့ပြီး နေပူတော်အထိ မောင်းပြလိုက်..။

    Reply

Leave a Reply

Your email address will not be published.