ယေဘူယျတရားနားလည်မှုမှ-သည်-ဓမ္မါနုပဿနာဆီသို့

True AnswerSeptember 11, 20111min03

ဆရာတော်ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်များကို ပိုမို နားလည်စေဖို့ သက်သက် အတွက်သာ ရည်ရွယ်လျှက် ဉာဏ်မီသလောက် တင်ပြရခြင်းဖြစ်ပါသည်။ ဆရာတော်မှ တည်းဖြတ်ခြင်း မပြုရသေးသဖြင့် တစုံတရာ ချွတ်ချော်မှုများရှိခဲ့ပါက စာရေးသူ ၏ တင်ပြပုံ အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။

ဆရာတော်ဟောကြားသောတရားတော်များကို ပိုမိုရှင်းလင်းစွာနားလည်စေရန်အတွက် ယခုလက်ရှိ ကျွန်ုပ်တို့ ယေဘူယျ နားလည်နေသော တရားရှုမှတ်ပုံ နှင့် ဆရာတော်သင်ပြပေးသော တရားနှလုံးသွင်းပုံ တို့ကို ယှဉ်လျှက် ဇယားပုံစံဖြင့် တင်ပြထားပါသည်။

အမှားတဖက် ၊ အမှန်တဖက် ဟု နားလည်ရမှာမျိုး မဟုတ်ဘဲ၊ အခြေခံ တရားရှုမှတ်မှု မှ သည် ဓမ္မနုပဿနာ ဆိုက်သော နှလုံးသွင်းမှုမျိုး ပြောင်းလဲဖြစ်ပေါ်စေရန်အတွက် ရှင်းလင်းစွာ ခွဲခြား သိနားလည်နိုင်စေဖို့ အတွက်သာ ရည်ရွယ်တင်ပြထားခြင်းဖြစ်ပါသည်။

ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ open minded စိတ်ထားဖြင့် ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်ပါကုန်။ ဆရာတော် ဟောကြားသော guided meditation သစ္စာတရားတော်များကို ကြိမ်ဖန်များစွာနာယူ၍ တရား နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ လေ့ကျင့်ကြည့်ကြဖို့ လိုအပ်ပါသည်။

အမှန်တရားအတွက် မှတ်ကျောက်သည် မိမိ လောဘ-ဒေါသ-မောဟ (သမုတိသစ္စာများကို အတည်ယူ ဆုပ်ကိုင်မှု၊ အဟုတ်ထင်၊ ငြိတွယ်မှု) မည်မျှ ကင်းနေ (သို့) မည်မျှ ကင်းလာသလဲ ဆိုသောအချက် ဖြစ်သည်}} ဆိုတာကိုတော့ ကျွန်ုပ်တို့ မမေ့ရန် အထူး လိုအပ်လှပါသည်။

mediafire ဒေါင်းလုပ်လင့်

http://www.mediafire.com/?sygk31hz5154ofb

3 comments

  • ကြောင်ကြီး

    September 12, 2011 at 8:53 am

    ကျေးဇူးပါဆရာစိုး။ ဓမ္မာနုပဿနာနဲ့ ပတ်သက်လို့ ဆူနာမီဆရာတော်တပါးပဲ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတာ တွေ့ဖူးပါတယ်။ (ဆရာကြီးရွှေဥဒေါင်းလည်း ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် စာအုပ်အနေနဲ့တော့ အရင်ရေးခဲ့ဖူးပါတယ်)
    နည်းနည်းဆွေးနွေးချင်တာ ဓမ္မာသတိပဌာန်နဲ့ ဓမ္မာနုပဿနာ ကွာခြားပုံကိုပါ။ ညဏ်မှီသလောက်တော့ သတိပဌာန်ပြီးမှ နုပဿနာဖြစ်နိုင်ပါတယ်။ သတိပဌာန်သည် အဖြစ်၊ နုပဿနာသည် အပျက်ပါ။ ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ လေးမျိုးစလုံးနဲ့ ဆိုင်ပါတယ်။ အတ္တပါနေသ၍၊ တမင် သတိလိုက်ကပ်နေသ၍ သတိပဌာန်သာဖြစ်သေးပြီး အပျက်ညဏ်မြင်လာမှသာ နုပဿနာ မည်ကောင်းပါတယ်။
    သဲအင်းဂူဆရာတော်ကြီး မိန့်မှာချက်မှာ ကာယာနုပဿနာအမြင် သောတာပန်၊ ဝေဒနာနုပဿနာအမြင် သဂဒါဂမ်၊ စိတ္တာနုပဿနာအမြင် အနာဂါမ်၊ ဓမ္မာနုပဿနာအမြင်ကို ရဟနာ္တများသာ သိကောင်းပါသည်။ ပညတ်ဝေါဟာရများထက် အသိပြောင်းလဲပုံ အဆင့်ဆင့်ကို ညွှန်ပြထားခဲ့ခြင်းပါ။ ဆူနာမီဆရာတော်အား ဓမ္မာနုပဿနာ အမြင်ရှိထားသူ ပုဂ္ဂိုလ်ထူးဟု ၉၉.၉၉ရာနှုန်း ယုံကြည်ထားပါသည်။ (ကျန် ဝ.၀၁%ကိုတော့ မျက်မြင်ကိုယ်တွေ့အတွက်လည်းကောင်း၊ အချိန်ကာလသတ်မှတ်ချက်အတွက် သော်လည်းကောင်း ချန်ထားပါသေးသည်။)
    ထို့ကြောင့် ရှုမှတ်သူ ညဏ်အမြင်လိုက်၍ သတိပဌာန်လား၊ နုပဿနာလား ကွာသွားမည် ထင်ပါသည်။ အပျက်မြင်ရာတွင်လည်း ရှုမှတ်တုန်းအခိုက်လား၊ အမြဲတမ်းလား ရှိပါမယ်။ မိမိကိုယ်မိမိ လိမ်မရလို့ တိမ်သလ္လာ ဖုံးမနေလျင် ခွဲခြားသိနိုင်ကောင်းပါသည်လို့ မှတ်ချက်ပေးပါသည်။

    Reply

  • True Answer

    September 13, 2011 at 8:49 am

    ဟုတ်ကဲ့ပါ ကိုကြောင်ကြီး၊

    ကျွန်တော်နားလည်သလောက်တော့ ကာယဖြစ်စေ၊ ဝေဒနာဖြစ်စေ၊ စိတ်ဖြစ်စေ၊
    သတိပဌာန် (အဖြစ်) ကို သိသည်ဖြစ်စေ၊ နုပဿနာ (အပျက်)ကို သိသည်ဖြစ်စေ။
    ရှိနေတာကို သိသည်ဖြစ်စေ၊ မရှိတော့ပဲ ချုပ်သွားတာကို သိသည်ဖြစ်စေ၊

    ဖြစ်မှု၊ ပျက်မှု၊ သိမှု၊ ပြုလုပ်မှု မှန်သမျှအပေါ် အဟုတ်ထင် ငြိတွယ်မှု ကင်းကင်းသွားရပါမယ်။

    အပျက်ကို မြင်တယ်ဆိုသော်လည်း အပျက်များကို အဟုတ်ထင် ငြိတွယ်မှု ကင်းလာခြင်းမရှိသေးဘူးဆိုရင်တော့………….

    Reply

Leave a Reply to True Answer Cancel Reply

Your email address will not be published.