စိတ်ပျက်မိသည့်အရက်ကြော်ငြာ

နည်ရဲဇော်September 11, 20111min056

ကျွန်တော်ကပဲကြော်ငြာတွေကို အမြင်ကတ်နေသလား၊ ကြော်ငြာတွေကပဲ လွန်နေသလားတော့မသိပါဘူး။ မနေ့က အသိတစ်ယောက်ယူလာပြတဲ့ အရက်ကြော်ငြာတစ်ခုအကြောင်းမနေနိုင်မထိုင်နိုင်ရေးမိလိုက်ပါတယ်။ ကုန်ပစ္စည်း အသစ်ကြော်ညာဆိုတော့ ဈေးကွက်အတွင်း လူသိအောင်၊ ကိုယ့်အမှတ်တံဆိပ်ကို ထင်ရှားအောင်ထိုးဖောက်ရမှာပေါ့။ ဒီလိုထိုးဖောက်တဲ့အခါမှာ အောက်က အရက်ကြော်ငြာကတော့ ထင်းယုံမက ပြူးတောင်ပြူးနေပါပေ့ါလား။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အရက်ကြော်ငြာအများစုဟာ ဒီလိုမျိုးပြူးတူးပြဲတဲပုံတွေ၊ ကော့ကော်ကံကား ပုံတွေနဲ့ပဲကြော်ငြာနေကြတာဘာကြောင့်မှန်းမသိပါဘူး။ သူတို့စိတ်ထဲ အရက်သောက်သုံးသူဖောက်သည်တွေကို အကုန်လုံးတဏှာရူးတွေ ဟုယူဆထားပုံရပါတယ်။ ဒီလိုလူမျိုးက ဒီလိုစရိုက်ရှိတယ်ဟုတွေးတတ်သည့် stereotype အမြင်မျိုးဖြစ်နေပါတယ်။ တကယ်တော့ အရက်သောက်သုံးသူတစ်ယောက်စိတ်ဝင်စားတာက နံရံပေါ်က မပေါ့်တပေါ် ပိုစတာမဟုတ်ပါ။ ပုလင်းထဲကအရက်သာဖြစ်ပါတယ်။အရက်ကိုနှစ်ချိုက်စွာသောက်သုံးသူတွေကို စော်ကားခြင်း တစ်မျိုးဟုသာခံစားရပါတယ်။ ကြော်ငြာတာဝန်ခံတွေ အနေနှင့်အရက်နှင့်မြည်းဖို့ နံရံပေါ်ကပိုစတာကို မကြာခဏငေးတတ်သည့်လူဦးရေ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာ ဘယ်လောက်ရှိသလဲဆိုတာကို မသိမသာ အရင်စစ်တမ်းကောက်ထားကြည့်ကြပါလား။

ဒီလိုဆိုတော့ဒီလိုပုံတွေမကြိုက်ကြဘူးလားဟုမေးလာလျှင်တော့ သိပ်ကြိုက်တာပေါ့ဟုဝန်ခံလိုက်ပါမည်။ ဒီလိုပုံမကြိုက်သည့်ပုရိသယောက်ျားဒီကမ္ဘာပေါ်မှာ အင်မတန်ရှားပေလိမ့်မည်။ ဒီလိုပုံကြည့်ချင်ရင် အကုန်လုံးမြင်ရသည့် စာအုပ်တွေ၊ ဗွီဒီယိုတွေ၊ အင်တာနက်စာမျက်နှာတွေ ပေါလွန်းလှသည်ပဲ။ ဒါပေမယ့်ဒီလိုကြော်ငြာပုံမျိုးတော့ လုံးဝမကြိုက်ပါ။ ကိုယ့် အမေ၊ နှမ၊ သမီးနှင့် သွားရင်းလာရင်းမတော်တဆ တွေ့လို့မှမသင့်တော်သည့်ပုံတွေပါပဲ ။မြန်မာပြည်ကလုပ်ငန်းရှင်တွေ ကြော်ညာကိုအဆင့်အတန်းရှိရှိကြော်ငြာလျင်ဖြင့်သိပ်ကောင်းမှာပါပဲ။ နိုင်ငံခြားမှာကော အရက်ကြော်ငြာတွကို ဒီလိုပဲ ပေါ်ပေါ်တင်တင်ကြော်ငြာကြသလားမသိ။ ဒီပုံတွေကတော့ ပုံနှိပ်စက်ဖြင့် တရားဝင်ပုံစံမျိုးထုတ်ထားတာကတော့သေချာသည်။ စာနယ်ဇင်းဆရာတွေပြောပြောနေသည့် စာပေစိစစ်ရေးဆိုတဲ့အဆင့်ကို ဘယ်လိုဖြတ်ကျော်ခဲ့လဲစဉ်းစားစရာပင်။

56 comments

  • lu ta lone

    November 15, 2011 at 3:09 pm

    ကောင်းသားပဲ ဟိ… 🙂

    Reply

  • inz@ghi

    November 15, 2011 at 3:18 pm

    ဂလိုပို့စ် ကျ လူတယ်စီပါကလား …

    Marketing ဘက်ကပဲမန့်တော့မယ်ဗျာ…..
    Mkt မှာ sex sells ဆိုတဲ့ approach တခုရှိတယ်ဗျ
    ကျင့်ဝတ်နဲ့တော့ မညီဝူးပေါ့ …..
    စက်စီကျရင် ရောင်းရတယ် ဆိုတာမျိုး
    ဟုတ်ကဲ့ ဒါမျိုးက တကယ် ရှိတာပါ …..

    ပွင့်၂လင်း၂ ပြောရရင် အနှီပုံလေးတွေ ကလင်ဒါရိုက်ပီး လက်ဆောင်ပေးမယ်
    ဆိုတဲ့ တံဆိပ် နဲ့ ဘာမှ မပေးတဲ့တံဆိပ်ဆို
    ပေးတဲ့ တံဆိပ်က ရောင်းရမှာပါပဲ…

    ဟိုလူဂျီးတွေ သည်လူဂျီးတွေ မပြောတော့ပါဝူး …
    နိုင်ဂျံဂါးမှာလည်း အရက်လို ယောက်ျားထု အဓိက သုံးစွဲတဲ့ပစ္စည်းတွေကို
    သည်လို ကြော်ငြာတတ်ကြပါတယ်ခည

    နောက်တချက် က controversial တွေလုပ်တယ်ဆိုတာ
    awareness ရအောင်လည်း ရည်စူးတာခဗျ…
    လူကြည့်အောင်ပေါ့ …..နည်းနည်းပိုဆိုးတဲ့ controversial တွေကျတော့
    word-of-mouth ရအောင် လုပ်တာခည … word-of-mouth အကြောင်း
    သပ်သပ်ရေးပါ့မယ်ဗျာ ဟိုကြော်ငြာလေ မြင်ပီးပလား… ဆိုတာမျိုး
    အချင်းချင်း လက်တို့ သတင်းဖြန့်ဝေရင်း ပေါက်အောင်လုပ်တတ်သေးတာ…
    လူတွေ ဖွအောင် ညှော်တိုက်တဲ့ သဘောပေါ့ဗျာ..

    CK ဆိုဒါမျိုးသိပ်လုပ်တတ်တာလေ. ..
    သည်တော့ ဒါတွေ ရှိနေဦးမှာ ပါပဲ လို့ ဆိုချင်ပါသည်။

    Reply

  • cobra

    November 15, 2011 at 4:21 pm

    ကိုယ်ပြောချင်တာတွေအကုန်လုံးသူများတွေပြောသွားတော့
    ကိုယ်လည်းဘာမှမပြောပဲနဲ ့ထွက်သွားရတော့တာပေါ့။

    Reply

Leave a Reply

Your email address will not be published.