ပေးဆပ်ခြင်း…….လား

naywoon niSeptember 10, 20111min03

ပျိုမြစ်တဲ့…
အလှရဲ့ စွမ်းအားဟာ
ရင်ခွင်ကိုအရမ်းကာရောခုန်စေတယ်
အကြည့်တွေ မျောပါသွားပေါ့…..။
ယမင်းရုပ်ထု
ခေတ်သစ်ပန်းပုဆရာကထွင်းထု
ရောဂါကုစားမဲ့ ဆေးဝါး
တစ်ရှိုက်မက်မက် သောက်သုံးပါရစေ…….။
အကြည့်စိမ်းမှာ ရင်ခုန်
အယူအဆ တိမ်းပါး
အတွေးအခေါ်တွေလည်း စည်းဝါးမဲ့ခဲ့
အခြေအနေ ခြားနားခြင်းရဲ့ တစ်ဖက်
ရက်စက်စွာလမ်းခွဲ
မိုးမစဲသေးဘူးနော်…..။
ကျော်ကြားမှု
ပျော်ပါးမှု သစ်ပင်အောက်
အလည်အပတ် တစ်ခေါက်
ဒြပ်ရုပ်မဲ့ အပ်စိုက်ခြင်းအတတ်
အမြတ်ထုတ်မဲ့ စက်ရုံတွေကိုရှောင်ကွင်း
အနာမယဉ်းခင်မှာ
နာကြင်ရင်ပြန်လှည့်
ဖုန်မှုန့်များသဲ့ထုတ်
နှလုံးသားပြုတ်ရည်တစ်ချို့
ချုပ်ရိုးတစ်လျှောက်လိမ်းသုတ်…
တိမ်းလိုကတိမ်း
ယိမ်းလိုကယိမ်း
စိမ်းလိုကစိမ်းလိုက်ပါတော့
ဘယ်သူတွေဘာဖြစ်ဖြစ်
ဘယ်သူတွေက ဘာပြောနေနေ
ဘယ်လိုလူတွေဘယ်ပုံတွေးတွေး
အချစ်ဆိုတာကတော့ အချစ်ပဲလေ…….။။

နေဝန်းနီ

3 comments

  • ရွှေအိမ်စည်

    September 10, 2011 at 11:53 pm

    တိမ်းလိုကတိမ်း
    ယိမ်းလိုကယိမ်း
    စိမ်းလိုကစိမ်းလိုက်ပါတော့
    ဘယ်သူတွေဘာဖြစ်ဖြစ်
    ဘယ်သူတွေက ဘာပြောနေနေ
    ဘယ်လိုလူတွေဘယ်ပုံတွေးတွေး
    အချစ်ဆိုတာကတော့ အချစ်ပဲလေ…….။

    …………

    ကောင်းလိုက်တဲ ့စကား…..နည်းနာယူသွားပါတယ်…
    ပေးဆပ်ခြင်းက..အချစ်ဘဲလေ…

    Reply

  • ကြောင်ကြီး

    September 11, 2011 at 8:35 am

    မှိန်းလိုကမှိန်း
    ကျိန်းလိုကကျိန်း
    ပိန်းတော့မပိန်းနဲ့
    အမြီးကျက်အမြီးစား
    ခေါင်းကျက်ခေါင်းစား
    ဤကမာ္ဘကြီးမှာ
    အချစ်ဆိုတာ
    ညစ်နွမ်းနေတာကြာပြီ…။

    Reply

  • phuu.sar.shin

    September 30, 2011 at 10:19 pm

    ကိုကြောင်ကြီးတို့ကတော့
    လုပ်ပီ။။။
    🙂

    Reply

Leave a Reply to ရွှေအိမ်စည် Cancel Reply

Your email address will not be published.