CDMA 800MHz ဖုန်းတွေ အဝင် ခေါ်ဆိုမှု လိုင်းပျက်တောက် ( 8-9-11)

etoneSeptember 8, 20111min04

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ CDMA 800MHz ဖုန်းတွေ ငါးသိန်းနဲ့ ချပေးတုန်းက ဆယ့်ငါးသိန်းပေးရတဲ့ GSM ထက် ဈေးနည်းတာရယ် …၊ GSM ,WCDMA ,CDMA 400 ဖုန်းတွေထက်ပိုပြီး …ရန်ကုန်မြို့တွင်း လိုင်းဆွဲအား အတော်ကောင်းပြီး ခေါ်ဆိုရ လွယ်တာရယ် ၊ ဟမ်းဆက်တွေ ဈေးကွက်ထဲ တန်ဖိုးနိမ့် ၊မြင့် ကြိုက်သလို ရွေးဝယ်လို့ရတာတွေရယ်ကြောင့် လူကြိုက်များခဲ့ပါတယ် … ။ ဖုန်းချခါစက နယ်မြေဧရိယာသတ်မှတ်ခဲ့သော်လည်း နောက်ပိုင်း ရန်ကုန်တမျို့လုံး လိုရာ သယ်သွားလို့ရတာကြောင့် (နယ်သယ်သွားချင်ပါက ဟမ်းဆက်လဲလိုက်တာနဲ့ အဆင်ပြေပြေ သုံးလို့ရတယ်)  … ရောင်းအား အကောင်းဆုံး ဖြစ်လာခဲ့ပြန်တယ် … ။ ထိုမှ တဆင့် နည်းပညာဆင့်ကဲ တိုးတက်လာပြီး အင်တာနက်ပါ အသုံးပြုခွင့်ရသောအခါ … ရောင်းအား ပိုမို တိုးတတ်လာခဲ့ပြန်တယ် … လူလတ်တန်းစားတွေတင်မကပဲ … အခြေခံလူတန်းစား အနည်းငယ်ကလည်း ဝယ်ယူ အသုံးပြုလာနိုင်ကြတယ ်… ။

တစ်လတစ်ခါ ဖုန်းရုံးသွား ဖုန်းဘေလ်ဆောင်ဖို့ မတ်တပ်ရပ်တန်းစီရတဲ့ ဒုက္ခကလည်း ကင်းဝေးတာမို့ .. အသုံးပြုသူ စိတ်ကြိုက်ဖြစ်လာခဲ့ပြန်တယ်လေ … ။ ဒီလောက် လူကြိုက်များပြီး .. လိုင်းဆွဲအားကောင်းနေတဲ့ CDMA 800MHz ဖုန်းတွေ မနေ့က ည 9နာရီကျော်လောက်မှာ … CDMA 800MHz ဖုန်းတချို့ ကမောက်ကမဖြစ်ခဲ့ပါတယ် … အဝင်ခေါ်ဆိုမှူလက်ခံမရပဲ … ဖုန်းပိတ်ထားတယ်လို့ ဖြေကြားတဲ့ အသံမျိုး ကြားနေခဲ့ရပါတယ် … ။ ညအချိန်တွင်တော့ ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်တာကို တွေ့ရပါတယ် .. ။

သို့သော် .. ဒီနေ့မနက် ရှစ်နာရီခွဲခန့်မှ စပြီး … အဝင်ခေါ်ဆိုမှု လုံးဝ မရတော့ကြောင်း … သိရပါတယ် … ။ အဝင်ခေါ်ဆိုမှု မရတော့သော်လည်း .. တချို့ ဖုန်းများမှာ ပြင်ပသို့ ခေါ်ဆိုလို့ ရနိုင်သေးကြောင်း  သိရပါတယ် … ။ တချို့သော ဖုန်းများမှာ .. အဝင်ရော ၊ အထွက်ခေါ်ဆိုမှူပါ …. ပြသနာရှိပြီး … အသုံးပြု၍မရခြင်းကြောင့် လုပ်ငန်းနှောက်နှေးခြင်း ၊ အဆင်မပြေခြင်းများနှင့် ကြုံတွေ့ရကြောင်း သိရပါတယ် … ။ လိုင်း ပြတ်တောက်ရခြင်း အကြောင်းရင်းကို မသိရသော်လည်း … ကြိုတင်ကြေငြာထားခြင်း မရှိပဲ လိုင်းပြတ်တောက်ခြင်းကြောင့် ရုံးသုံး ၊ လုပ်ငန်းသုံး အသုံးပြုနေသူများ စိတ်အနှောက်ယှက်ဖြစ်ကြရသည် … အချိန်နှင့်တပြေးညီ ဖုန်းဆက် အစီရင် ခံရသော အလုပ်များ နှောင့်နှေးခြင်း ဖြစ်ပေါ်ခဲ့သော်လည်း … ယခုထက်တိုင် … လိုင်းပြတ်တောက်နေရခြင်းအကြောင်းရင်းကိုမူ မည်သူမှ တိတိကျကျ မသိနိုင်သေးပေ … `

(သိရင်ပြောကြပါ .. ဘာလို့ လိုင်းပြတ်နေတာပါလိမ့်နော် L )

4 comments

  • နွယ်ပင်

    September 8, 2011 at 1:11 pm

    etone ရေ ခုနကတော့ ဖုန်းရုံးကို လှမ်းမေးတော့ ဆာဗာပြုပြင်နေတာလို့ပြောပါတယ်
    အခုတော့ လိုင်းပြန်ကောင်းလို့ သုံးလို့ရနေပါပြီ ……….

    Reply

    • etone

      September 8, 2011 at 1:25 pm

      ဟုတ်ပါတယ် နွယ်ပင်ရေ … အခုတော့ သုံးလို့ ပြန်ရနေပါပြီ ။
      တကယ်ဆို လျှပ်တပြတ်ချို့ ယွင်းတာမဟုတ်လျှင် … ကြိုတင်အကြောင်းကြား ထားရမှာ …အ ခုတော့ အလွဲလွဲချော်ချော် ကမောက်ကမနဲ့ .. . ဒလေးဖြစ်ကုန်ပြီ .. တကယ့်ကို… ဂျောက်ဂျက်ပဲ … ။ 😡

      Reply

  • Shwe Tike Soe

    September 9, 2011 at 9:46 am

    သိတောင်မသိလုက်ဘူး… Service အရမ်းကောင်းလို.လား ဖုန်းပြောတာပဲ နဲလို.လားမသိဘူး.. ဟိဟိ
    ဆက်သွယ်ရေးက ချက်ချင်းပြင်လိုက်တာနေမှာပါ….. ထင်တာပြောတာ…

    Reply

  • ကြောင်ကြီး

    September 9, 2011 at 11:25 am

    လိုင်းပြတ်တာ…..
    လိုင်းမကောင်းလို့ ဖြစ်နိုင်သည်
    တယ်လီပို့ဆာဗာဟန်းသွားလို့ ဖြစ်နိုင်သည်
    ငွေခန်းလို့ ဖြစ်နိုင်သည်
    ရာသီဥတု ဆိုးရွားလို့ ဖြစ်နိုင်သည်
    အထက်အမိန့်ကြောင့် ဖြစ်နိုင်သည်
    အိမ်ကမိန်းမနှင့် ရန်ဖြစ်လာလို့ ဖြစ်နိုင်သည်
    ရည်းစားနှင့် စကားများထားလို့ ဖြစ်နိုင်သည်
    ဘောလုံးပွဲရှုံးလို့ ဖြစ်နိုင်သည်
    နှစ်လုံးသုံးလုံး မပေါက်လို့ ဖြစ်နိုင်သည်
    …..ဖြစ်နိုင်သည်
    …..ဖြစ်နိုင်သည်
    …..ဖြစ်နိုင်သည်
    ဒါထက်နေပါအုံး။ လွှတ်တော်အမတ်တွေဆီ သွားမပြောဘဲ ဘဇာကြောင့်ရွာထဲ လာဖွနေရသတုံး…။ သဂျီးခင်မျာ ပြောရတာလည်း အာပေါက်လှပြီ။ ဘယ်သူမှလည်း အရေးမစိုက်။ မှတ်ထား လွှတ်တော်ဆိုတာ နိုင်ငံရေးကိစ္စကလွဲရင် ကျန်တာပြောဖို့ ဖွင့်ထားတာ…။

    Reply

Leave a Reply to Shwe Tike Soe Cancel Reply

Your email address will not be published.