အမျိုးသားဘက်မှအမြင်နှင့် အမျိုးသမီးဘက်မှအမြင်

moonpoemSeptember 7, 20111min018

(ဖတ်မိတဲ့ ဟာသတစ်ခုကို ကိုးကားပြီး ကိုယ့် စိတ်ကူးနဲ ့ပြန်လည် ရေးသားထားခြင်းလို ့ဦးစွာ ဝန်ခံပါရစေ။)

ဖတ်ထားတဲ့စာက အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်း ကြီး တွေက သူတို့ ရဲ့ ဝန်ထမ်းခန့်ထားရေး မှာ အမျိုးသားဝန်ထမ်းနဲ့ အမျိုးသမီး ဝန်ထမ်းတွေအပေါ်ထားရှိတဲ့သဘောထားလေးတွေကို သရော် ထားတာလေးပါ။ ဖတ်ပြီးပြီးချင်းတော့ အမျိုးသမီးထုကြီးဘက်ကနေ စိတ်တိုမိပေမယ့် သေချာစဉ်းစားကြည့်တော့ ကိုယ်လည်း သူပြောသလို တွေ းနေမိပါလားလို ့ပြုံးမိပါတယ်။

အမျိုးသားတယောက်သာ မနက်စောစောစီးစီး ရုံးတက်ချိန်သမ်းဝေနေရင် မနေ ့ကဘောလုံးပွဲကြည့်လို ့နေမှာပေါ့။အမျိုးသမီးတယောက်သာ စောစောစီးစီး အိပ်ချင်မူးတူးဖြစ်နေရင် မိန်းကလေးဖြစ်ပြီး အစောကြီးရှိသေးတယ် လူမြင်မကောင်းဘူး အိပ်ချင်နေတာ လွန်လွန်းတယ်လို ့တွေးပါသတဲ့။

အမျိုးသားတယောက်ကသူ့စားပွဲပေါ်မှာမိသားစုဓာတ်ပုံတင်ထားရင်သူဟာ အရာရာကိုအလေးအနက်ထားသူဖြစ်တယ်လို့ ယူဆတယ်
အဲဒါဟာအမျိုးသမီး တယောက်ဆိုရင်တော့သူမအတွက်မိသားစုဟာ အလုပ်ထက်အရေးကြီးတယ်လို့ ယူဆတယ်တဲ့

အမျိုးသားတယောက်က အကြောင်းကိစ္စတစ်ခုကြောင့် ခွင့်ယူရင် သူ ့ခမျာ မအားရှာလို ့။
အမျိုးသမီးတယောက်သာ ခွင့်ယူရင်တော့ အင်းအကြောင်းပြပြီး ရည်းစားနဲ ့ချိန်းတွေ ့မလားမသိဘူးတဲ့။

အမျိုးသားတယောက် ရဲ့စာ:ပွဲဟာစာရွက်စာတမ်းတွေနဲ့ပြန့်ကျဲနေရင် သူဟာအလုပ်ကြိုးစားသူတယောက်
အမျိုးသမီးတယောက်ဆိုရင်တော့သူမဟာ တော်တော်ကိုသပ်သပ်ရပ်ရပ်မရှိသူတယောက်ပါပဲ

အမျိုးသားတယောက် ဟာသူ့လုပ်ဖော်ကိုင်ဖက်နဲ့စကားပြောနေရင် ဒါသူတို့ အချင်းချင်းနောက်ဆုံးစီးပွါးရေးသတင်းကို ဆွေးနွေးနေကြတာ
အမျိုးသမီးနှစ်ယောက်ဆိုရင်တော့ ဒါအတင်းပြောနေတာပဲ

အမျိုးသားတယောက်ကသူ့ အလုပ်ရှင်နဲ့ နေ့လည်စာတူတူစားရင် သူရာထူးတက်ဖို့ ကြိုးစားနေပြီ
အမျိုးသမီးတယောက်ဆိုရင်တော့သူ တို့မှာ လူမှုရေးဖောက်ပြန်ရှိနေ တာဖြစ်နိုင်တယ်

အမျိုးသား တယောက်အိမ်ထောင်ပြုလိုက်ရင် သူ့ဘဝ က ပိုပြီးတည်ငြိမ် သွားတော့မယ်
အမျိုးသမီး တယောက်ကအိမ်ထောင် ပြုလိုက်ရင်တော့ သူ ကလေးမွေးဖွားခွင့်ယူတော့မယ်

အမျိုးသားတယောက်က အလုပ်အသစ်ရလို့ ပြောင်းသွားရင် ဒါသူ့ရဲ့ တက်လမ်း အတွက်သူသွားတာ
အမျိုးသမီးတယောက်ဆိုရင်တော့ မိန်းမတွေဟာ အလုပ်တခုမှာဘယ်တော့မှ ကြာကြာအားကိုးလို့မရဘူးတဲ့

အမျိုးသားတယောက်ရုံးပြန်ခါနီး ဖုန်းဝင်လာပြီး အေးငါလာခဲ့မယ်ကွာလို ့ပြောရင် သူ ့အပေါင်းအသင်းတွေကို ချိန်းပြီး တွေ ့မလို ့နေမှာ လို ့တွေးပြီး ။
အမျိုးသမီးတယောက်က ရုံးပြန်ခါနီး ဖုန်းဝင်လာပြီး အေးငါလာခဲ့မယ်လို ့ပြောရင် သူ ့ရည်းစားနဲ ့ချိန်းထားတာဖြစ်မယ်လို ့တွေးမိတတ်ကြပါတယ်တဲ့။
ကဲဟုတ်လားမဟုတ်လား စမ်းစစ်ကြည့်ကြပါဦး။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။

18 comments

  • pan pan

    September 7, 2011 at 4:23 pm

    ဟုတ်တုတ်တုတ်ပဲ
    ဟုတ်တယ်ဟေ့လို့ ရဲရဲတောက်ပြောရအောင်လည်း
    ကိုယ်တိုင်က အမျိုးသမီးဖြစ်နေတယ်ဆိုတော့ကာ… 🙄
    လျှော့လျှော့ပေ့ါပေ့ါလေးပေ့ါနော…. (သဂျီးလေသံဖြင့်) :mrgreen:

    Reply

  • နွယ်ပင်

    September 7, 2011 at 4:29 pm

    ဟုတ်တယ်လို့ ပြောရအောင်ကလဲ ကိုယ်ကအမျိုးသမီးဖြစ်နေတယ်
    မဟုတ်ဘူးဆိုပြန်တော့ လိမ်ပြောရာကြနေမယ်
    အဲတော့ ဝိနည်းလွတ်ပြောရရင်တော့ ဘယ်လိုပြောရမလဲ ဆိုရင်ပေါ့နော် တို့က အဲဒီအကြောင်းတွေ သိပ်ပြီး မသိဘူးလို့ပဲ ပြောရမှာပေါ့နော် 😛

    Reply

  • thit min

    September 7, 2011 at 5:32 pm

    ဒါဆိုစဉ်းစားလို့ရအောင်သဲလွန်စပေးမယ်လေ
    အမျိုးသမီးတွေရဲ့အချစ်ဟာသူတို့ရဲ့ဘဝတခုလုံးပဲဆိုတော့……………

    Reply

  • manawphyulay

    September 7, 2011 at 5:50 pm

    ကိုယ့်ဘက်က ကြည့်တော့ လက်ဖဝါး….
    သူ့ဘက်က ကြည့်တော့ လက်ဖမိုး….
    အင်း…. ဘယ်လိုပြောရမလဲပေါ့နော်…. 😛

    Reply

  • water-melon

    September 7, 2011 at 7:32 pm

    မိန်းမဖြစ်ရတာ မကောင်းပါလား။

    Reply

  • MaMa

    September 7, 2011 at 7:40 pm

    ဘယ်သူတွေ ဘယ်လိုပဲမြင်မြင် ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူး။ ဒါကြောင့်မို့ အမျိုးသမီးပေမယ့်လည်း ရဲရဲရင့်ရင့် ရပ်တည်ပါ။
    Be brave!

    Reply

  • alinsett

    September 7, 2011 at 7:56 pm

    သိပ်ဟုတ်တာပေါ့ မမရယ်။
    ကိုယ် လည်း မမပြောသလို ပဲ..ဝင်ပြောသါားတယ် လို ့ထားလိုက်

    Reply

  • alinsett

    September 7, 2011 at 7:56 pm

    သိပ်ဟုတ်တာပေါ့ မမရယ်။
    ကိုယ် လည်း မမပြောသလို ပဲ..ဝင်ပြောသါွးတယ် လို ့ထားလိုက်

    Reply

  • nature

    September 7, 2011 at 9:10 pm

    ဘာပဲဖြစ်ဖြစ်အမျိုးသားတွေက အမျိုးသမီးတွေထက် နှာတဖျားသာတယ်လို့တော့ယူဆပါတယ်။ အမျိုးသားတွေကနေချင်သလိုနေလို့သိပ်မထူးပေမဲ့ အမျိုးသမီးတွေနေချင်သလိုနေရင်တော့ ဣန္ဒြေမရှိဘူးလို့အပြောခံရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝ ကိုယ်နေရာကိုယ်တန်ဘိုးထားတတ်ဖို့လိုပါတယ်။ အမျိုးသမီး အမျိုးသားလို့ ဝိဝါဒကွဲနေမဲ့အစား ငါတို့သည်လူသားများဖြစ်သည်ဟူသော အမြင်ဖြင့် နေတတ်ရင်ကြေနပ်စရာပါ။

    Reply

    • etone

      September 9, 2011 at 8:38 am

      နှာတဖျားသာတယ်ဆိုတာ တကယ်တမ်းတော့ မဟုတ်ဘူး … မြန်မာ့အသိုင်းဝိုင်းမှာ ရှေးရိုးစွဲ အယူတွေ ၊ ခွဲခြားဆက်ဆံခဲ့ကြတာတွေကြောင့် အဲ့ဒီအတွေးကြီးက ဝင်နေတာ … ။ မိန်းမဘဝ ဘယ်လောက် မြင့်မြတ်သလဲ … စိတ်ဒုက္ခခံပြီး ကိုယ်ဝန်လွယ်တယ် .. အသက်နဲ့ ရင်းပြီး မွေးဖွားရဲတယ် … ။ ဒီလို သတိ္တမျိုးက မိန်းမတွေမှာပဲရှိတယ် … 🙂

      Reply

  • ရွှေဘိုသား

    September 8, 2011 at 9:14 am

    မမ လမင်းကဗျာ ကြီးဘာလို.ဒီစာတင်သလဲ သိချင်ပါ၏
    ကျနော်ကတော. ထောက်ခံသဗျ စာလေးတွေကို
    အခုလည်းသွားလိုက်အုံးမယ် အလုပ်ကိစ္စချိန်းထားလို.

    Reply

  • Shwe Tike Soe

    September 8, 2011 at 9:49 am

    အင်းဟုတ်တယ် အဲဒီစာရေးသူက မိန်းကလေးပဲဖြစ်ရမယ်.. မူးရင်းစာကိုပြောတာနော်..
    ဒီလိုပါပဲ အဲဒါသူများကိုလိုက်ကြည့်နေတော့ အဲလိုပဲစဉ်းစားမိနေတာပေါ့… ဘယ်သူမှမကြည့်ပဲ ကိုယ့်ကိုကိုယ်ကြည့်ရင် အဲဒါထက်ဆိုးတာတွေ စဉ်းစားမိမှာ….

    Reply

  • ကြောင်ကြီး

    September 8, 2011 at 10:08 am

    ယောက်ျားနဲ့မိန်းမ သမီးရည်းစားဘဝမှာဆိုရင် မြင်သူအပေါင်းက ကျားကြီးနဲ့သမင်မလေး၊ အိမ်ထောင်လည်းကျရော ကျားကနေနွားဖြစ်၊ သမင်မကနေ ကျားမဖြစ်သွားပြီလို့ မြင်ကြပါသတဲ့..။

    Reply

  • နီလေး

    September 8, 2011 at 10:22 am

    ဟုတ်သလိုလိုတော့ရှိသားနော် ဒါပေမယ့် အမြင်ဆိုတာ ကြည့်သူအပေါ်မှာသာသက်ဆိုင်တာပါ မူတည်တာပါ အဲလိုတရားသေကြီးလဲမဟုတ်လောက်ပါဘူး

    Reply

  • Shwe Ei

    September 8, 2011 at 1:24 pm

    မိန်းမတွေ အပေါ်ဘယ်လိုဘဲ တဆင့်နိမ့်အမြင်ရှိကြပါစေ ယောက်ကျားတွေနဲ့ တန်းတူလုပ်ရည်ကိုင်ရည်ရှိကြတာက ဂုဏ်ယူစရာပါ။ ပတ်ဝန်းကျင်ကိုအရမ်းကြီး ဂရုစိုက်လွန်းရင် အလုပ်ပျက်တယ်လို့ မြင်တာဘဲ။

    Reply

  • မီးမီး သော်

    September 8, 2011 at 1:50 pm

    အမလေးနော် မှန်လိုက်တာ။မိန်းကလေးဖြစ်ရတာတောင် စိတ်ပျက်ရမလိုဖြစ်နေပါပီ။

    Reply

  • etone

    September 9, 2011 at 8:40 am

    ပြောချင်တာတွေလည်း … ပြောကြပါစေကွယ် .. ဘဝဆိုတာရယ် … အဲ .. ယောင်ကုန်ပြီ ။ 😀
    အမျိုးသမီးတွေ အားနည်းတယ် ပျော့ညံ့တယ် … ညဘက်မထွက်ရဘူး … ဘီယာမသောက်ရဘူး ….လမ်းသွားရင်း သီချင်း မညည်းရဘူး … လေမချွန်ရဘူး … ဘာဘူး .. ညာဘူး ခေတ်တွေ ကျော်လွန်ပါစေတော့ … ။ 😛 😛
    တချို့ မိန်းမတွေ ခေတ်နဲ့ တပြေးညီ သွက်လက်ထက်မြက်ပြီး ရင်ဘောင်တန်း လုပ်ကိုင်လာနိုင်တာ … အရမ်းကို ဂုဏ်ယူဖို့ကောင်းတယ် … ။ 🙂

    ဒါပေမဲ့ တချို့ မိန်းမတွေ .. အားနွဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ကြောမတင်းတာကလည်း တပုံကြီးရှိသေးတယ် .. 😡

    Reply

    • pan pan

      September 9, 2011 at 9:24 am

      ဟုတ်ပ
      တချို့မိန်းမတွေ လက်ကြောမတင်းချင် အပျင်းထူချင်လို့လည်း တချို့ယောက်ျားတွေက
      မိန်းမတွေဆို အထင်သေးပြီးနှိမ်ချင်တာပေ့ါ
      အရက်သောက်မူးရူးနေတဲ့ယောက်ျားကို ဈေးရောင်းကျွေးနေတဲ့မိန်းမမျိုးကျတော့ နှာတစ်ဖျားမက သာသွားပြန်ရော
      ယောက်ျားတွေကိုယ့်ကိုကိုယ် အရွယ်မရောက်သေးတဲ့ပုံနဲ့နေပြီးလက်ကြောမတင်းရင် ပိတ်ရိုက်ပစ်ချင်တယ် 😡

      Reply

Leave a Reply

Your email address will not be published.