ထောင်ထွက်(ဝါ) သူတောင်းစား လက်သစ်

nigimi77September 6, 20111min021

အကိုကြီး…မီးချစ်ပါလား ခင်ဗျ ??

အော် ..ရော့…။

ကျေးဇူးပါ…အကို..အကို  ..ခဏလေး… ကျွန်တော့်ကို  တခုလောက် ကူညီပါ (ခါးကြားမှာ ထိုးထားတဲ့ စာရွက်ခေါက်ကို ဖြန် ့

ပြရင်း..)  ကျွန်တော် ဒီနေ ့မှ ထောင်က ထွက်လာတာပါ ..မယုံရင် ဒီမှာကြည့်ပါ။ ကျွန်တော့် အိမ်မှာ မိသားစုက မျှော်နေတာ

အခု ကျွန်တော် အိမ်ကိုပြန်ဖို ့ လမ်းစားရိတ် မရှိလို ့ပါ..ငါးရာ တစ်ထောင်လောက် ကူညီပါဗျာ….ဆိုပြီး ….လက်ဖျံတွေမှာ ထိုး

ထားတဲ့ ဘုရားပွဲဈေးတန်း လက်ရာ ဆေးမှင်ကြောင်တွေကို မြင်သာ အောင်ပြရင်း… ဆေးပေါ့လိပ် အတိုကို ဖွာရင်း  မိုက်ကြေး

ခွဲနေတဲ့   Neo-Begger လို ့ပဲ နာမည်ပေးရမလားပဲ …ရှုတည်တည် ပေစုတ်စုတ် သူတောင်းစား လက်သစ်ကောင်က

မြေနီကုန်းမှာ မှတ်တိုင်နားမှာ လုပ်စားနေလေရဲ  ့။   ကျုပ်လဲ  ဖွာလက်စ ဆေးလိပ်ကို  လွင့်ပစ်ရင်း ဘောင်းဘီ အနောက်

အိပ်ကပ်ထဲမှာ အသင့်ဆောင်ထားတဲ့……. ၁၀ဝ တန် အဖာတရာ (မဆောင်လို ့က  မရ။ လှည်းတန်းကို သွားရင်  သီလရှင် 

သီလရှင်ဝတ်နဲ ့ သူတောင်းစား ၊  ယောဂီဝတ်နဲ ့သူတောင်းစား ၊ နေ ့တွက်နဲ ့ငှားတဲ့ ကလေးကို မိုးရွာရွာနေပူပူ ပြပြီး ပိုက်ဆံ

တောင်းတဲ့ သူတောင်းစား ၊ စောက်မြင်ကပ်စရာ ကောင်းလောက်အောင်ကို လက်ကို လာကုတ်လိုက် အဝတ်စကို လာဆွဲ

လိုက်နဲ ့ ရှုံ  ့မဲ့နေတဲ့ မျက်နှာနဲ ့ အော် မထုတ်မချင်း နားမဒိမ်းကျင့်တတ်တဲ့ ကလေး သူတောင်းစား တွေရဲ  ့ရန်ကို ရှောင်ဖို ့)

 ကို ထုတ်ပြီးတော့…. ခင်ဗျားကို ပေးချင်ပါတယ်။ ကျုပ်မှာ ကားခက ဒီ တစ်ရာတန်ပဲ ရှိတယ်ဗျ လို ့ပြောတာတောင် မယုံ

သင်ကာ မျက်လုံးနဲ ့ ပေစောင်းစောင်းကြည့်ပြီး  …လုပ်ပါဗျာ …ခင်ဗျားမှာ ရှိပါတယ်။ ပေးစမ်းပါ…(လေသံက ပြောင်းသွား)

ဆိုပြီး ဆက်တောင်းနေတော့ ..သူ ့ကို ဘာမှ မပြောတော့ပဲ စိုက်ကြည့်နေလိုက်တော့ ထွက်သွားပြီး စုံတွဲ တတွဲ ဆီမှာ ဆက်ပြီး

သွားတောင်းရော….။

 

စက္ကန် ့ပိုင်းပဲ ခြားမယ်….နောက်တစ်ကောင် ရောက်လာပြီး  ခုနလိုပဲ ထောင်ထွက်လက်မှတ် ဆိုတဲ့ စာရွက်ကို ထပ်ပြပြန်ပြီး

မြင်သာထင်သာရှိတဲ့  အိမ်မြှောင် အတက်အဆင်း ဆေးမှင်ကြောင်ကို  ဝဲယားသလို ကုတ်ပြရင်း  ပေးမှာလား မပေးဘူးလား

ငါက အချာပင်တော့ မဟုတ်ဘူး …ဇ နော် ဆိုတဲ့ စောက်ခွက်နဲ ့ လာတောင်းနေတော့….. ကျုပ်လဲ…..

ပူပြင်လှတဲ့ နေ ့လည်ခင်းမှာ ဝတ်ထားတဲ ရှပ် လက်ရှည် ကြယ်သီးကို ဖြုတ်ရင်း  လက်ခုံကနေ စပြီး အပ်ချစရာမရှိအောင်

ပြည့်နေတဲ့ (ကြွားတာ)  ဒီဇိုင်းတွေကို မြင်ရအောင် တံတောင်ဆစ်အထိ လက်ကို ဆွဲတင်ရင်း…. 

ဖန်ခင်လိုက်လေ…ပြန်စရာ ပိုက်ဆံမရှိရင် ဖန်ခင်မလား …ဆိုပြီး ပြောလိုက်တော့ …မင်းစောက်ခွက် ငါမှတ်မိတယ် ဆိုတဲ့ ရုပ်

နဲ ့ ထွက်သွားတော့တယ်….။

 

ကဲ…. သေချာတော့ မကြည့်လိုက်မိပေမဲ့  ထောင်ထွက်လက်မှတ်ဆိုတဲ့ စာရွက်တွေက  ကွန်ပျူတာ ဆိုင်တွေမှာ Print ထုတ်

ထားတဲ့ လက်ရာတွေတော့မဟုတ်ဘူး။ ကျုပ်လဲ တကယ့် ထောင်ထွက် လက်မှတ်ကို မမြင်ဖူးဘူး ။ သူတို ့စာရွက်မှာက တံဆိပ်

တုန်းတောင် ရိုက်ထားသေးတယ်။  ဒီစာရွက်တွေ ဘယ်က ရသလဲ…..? အာပင်တွေလား…..?

ဘယ်လိုပဲ ဖြစ်ဖြစ် စမ်းချောင်းက ကြွက်တွေ ဘယ်ရောက်နေပြီး ဘာတွေလုပ်နေလဲ….?  ဒီ သူတောင်းစား လက်သစ်တွေ

ကားဂိတ်မှာ မိုက်ကြေးခွဲ တောင်းစားနေတာကို မသိရအောင် …..။

ကျုပ် ကြုံရတာ  မြေနီကုန်းရယ်…..မြောက်ဥက္ကလာ ခြောက်ကွေ ့ မှတ်တိုင်မှာရယ်….။

ရွာသူရွာသားတွေ…ဒီ သူတောင်းစား လက်သစ်တွေကို ဘယ်လို လုပ်ရင် ကောင်းမလဲ…..?

21 comments

  • “ဘီလူးကြီး”ogre

    September 6, 2011 at 7:41 am

    ကိုနိဂီမီ 77က လမ်းမှာတင်တွေ့လို့ေ တာ်တော့တယ်
    ကျုပ်ဖြင့် အိမ်ပေါ်ထိ တက်လာပြီးဦးသုံးကြိမ်တွေ ချလို့
    အိပ်ထဲရှိသမျှ ဖွတ်ကလိဒင်္ဂါး နှစ်ထောင်နဲ့ အင်္ကျီ အဟောင်းနှစ်စုံပါ
    ပါသွားပါတယ်ခင်ဗျာ …ထောင်ထွက်ငမိုက်သား ဟိုအရင်က
    ရုံးကယာဉ်မောင်းပေါ့..။။။။

    Reply

  • Ko Ko Aung

    September 6, 2011 at 8:44 am

    အတိအကျမဟုတ်ပေမယ့် အဲဒါမျိုးဆန်ဆန်ကို ကျွန်တော်လဲ ပန်းဆိုးတန်းမှာ ကြုံဘူးတယ်။
    လက်ရှိလုပ်နိုင်တာကတော့ ကိုယ်က သိသိသာသာ ဗလပိုကောင်း အဟန့်ပိုကောင်း အုပ်စုကောင်းမယ်ဆိုရင် ဆဲလွှတ်လိုက်တာ အကောင်းဆုံးထင်မိပါတယ်။ အဲဒါ ကိုယ့်တိုင်းပြည်ကိုယ်ပြုပြင်ရာ ရောက်ပါတယ်။

    နယ်မြေခံ ရဲ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဟာ ဒီကိစ္စမျိုးမှာ တာဝန်အပြည့်ရှိတယ်လို့ ယူဆပါတယ်။
    နိုင်ငံရေးလှုံ့ဆော်စာတွေ ဝေမှာ ကြဲမှာကျတော့ မျက်စိဒေါက်ထောက် ကြည့်နေကြပြီး ဒါမျိုးကျတော့ လွှတ်ထားတာ ပြည်သူတွေ မိုက်ကြေးခွဲခံရတာကို သဘောကျနေသလားလို့ … တွေးစရာထင်စရာ ဖြစ်ပါတယ်။

    Reply

    • kai

      September 6, 2011 at 11:03 am

      အင်မတန်ကို အပြုသဘောဆန်တဲ့..ကောမန့်ပါ..။

      ဟုတ်ပါတယ်..။(သာမန်အားဖြင့်)..နယ်ထိန်းတွေက.. သူတို့နယ်ဖြစ်တာတွေ.. အကုန်သိကြတယ်..။
      အဲဒီလိုလုပ်စားနေသူတွေကို.. အရေးယူသင့်တယ်..။
      အဲဒီလိုတွေ…လုပ်ပေးရင်.. ပြည်သူတွေက..မေတ္တာရှိတဲ့.. ရဲတွေဖြစ်လာမယ်လို့.. ထင်မိတယ်..။

      Reply

  • ပေါက်ဖော်

    September 6, 2011 at 10:32 am

    ကျနော်က…ကန်ဘောင်မှာတွေ ့ဘူးတယ်ဗျ..
    ထောင်ထွက် သူတောင်းစားတော့မဟုတ်ဘူး
    ခလေး သတောင်းစား..ဈေးသည်သတောင်းစားတွေ
    သောက်ခလေး..ပိုက်ဆံမပေးမချင်း..အနားမှာ..ရေသန် ့ဘူးကို.တစ်ဂျောက်ဂျောက် နဲ ့ ခေါက်နေတာ
    သနားအောင်တောင်းရင် ပေးလိုက်ဦးမယ်….စေတနာပျက်အောင် လာလုပ်နေလို ့ ပိတ်ဆဲပလိုက်တယ်..
    မရဘူး.
    .ခြေသလုံးဖြတ်ကန်..နားပန်ကျင်းပေးလိုက်တော့မှ အော်ငိုပြီး ထွက်သွားတယ်

    ဈေးသည် သတောင်းစားလဲ တူတူပဲ..အရက်နံ ့ တစ်ထောင်းထောင်းနဲ ့…ဆေးလိပ် လိုက်ရောင်းတာ
    မဝယ်ဘူး..ဗူးလိုက် ရှိတယ်ဆိုလဲ မရဘူး…သူ ့ကို တော်တော် အသည်းပေါက်နေတာ သိတော့မှ တခြားဘက်ရွေ ့သွားတာ..မရွေ ့ရင်လဲ..အဲဒီကျက်သတုံးနဲ ့ ထ.သတ်ရတော့မယ်

    သတောင်းစားအတုတွေ..တော်တော်ပါလာတယ်ဗျာ..ကျက်သရေတုံးတယ်

    Reply

  • mgmglusoe

    September 6, 2011 at 11:30 am

    အင်းနော်… အေးဓါးပြတွေ ၊ အနုကြမ်းစီးမှုတွေ ကြီးစိုး နေတဲ့ခေတ်ကြီးပါပဲဗျာ…။ တာဝန်ရှိတဲ့ သကောင့်သား
    တွေက လဲ ငွေမရတဲ့အလုပ်မို့ လှည့်မကြည့်ကြဘူး…။ စည်းကမ်းတစ်ကျ၊ စနစ်တစ်ကျ ပျက်စီးနေကြတာ
    က ကြာနေပါပြီ…။ ဒီထက်ပိုဆိုးလာရင် ဘယ်လိုလုပ်ကြမလဲဗျာ….။

    Reply

  • လင်းဝေကျော်

    September 6, 2011 at 12:31 pm

    လူတွေက ပေးမှန်းသိတော့ လွယ်တယ်ဆိုပြီး တောင်းစားနေကြတာပေါ့။
    မပေးပဲနေကြပါ။ ဟို ရဲလိုလို လူဆိုးလိုလို ဘာဖြစ်နေမှန်းမသိတော့တဲ့ ကောင်တွေကို အားကိုးမနေနဲ့။
    ဟိုထောင်ထွက်လို လူမိုက်လုပ်စားနေတဲ့ကောင်မျိုးတွေကို ဆဲပေးလိုက်ပေါ့။ မကြောက်ကြနဲ့။
    နဂျီလိုလူမျိုးတွေနဲ့ များများတွေ့ဖို့ကောင်းတယ်။
    ကလေးတွေကို ပိုက်ဆံပေးနေရင် ကလေးသူတောင်းစားပိုများအောင်လုပ်နေတာပဲ ဆိုတဲ့ အသိပြန့်ပွားပါစေ။
    သနားတဲ့အရသာခံပြီး ကလေးတွေကို သူတောင်းစားဖြစ်အောင်တွန်းမပို့ကြပါနဲ့။

    Reply

  • မီးမီး သော်

    September 6, 2011 at 12:36 pm

    ခုလို ကိစ္စမျိုးတွေက နယ်တွေထက်မြို ့ပြတွေမှာပိုဆိုးမယ်ထင်ပါတယ်။ဘာဘဲဖြစ်ဖြစ် အားလုံးမှာတာဝန်ရှိတာပေါ့။လစ်လျူရှုထားမယ်ဆိုရင် ခုထက်ပိုဆိုးလာမှာပါ။

    Reply

  • etone

    September 6, 2011 at 2:55 pm

    တော်သေးတယ် .. အဲ့ဒီလူတွေ မြေနီကုန်းတို့ စမ်းချောင်းတို့မှာ ခြေရှုပ်နေတယ်…. ကျုပ်နဲ့ မတွေ့သွားတာပဲ 😀
    ခင်ဗျားကလည်း မလှူချင် မလှူနဲ့ပေါ့ … ဇာတိကိုက ပြချင်တယ်…. ရိုင်းကိုရိုင်းတယ် ဟွန်း :mrgreen:

    Reply

  • pan pan

    September 6, 2011 at 3:22 pm

    ဦးလေး၇ရ လက်မှာပဲ ဆေးမင်ကြောင်တွေနဲ့လား
    ဒါနဲ့ ဟိုက ချမယ်ဆိုရင် တကယ်ပြန်ချမှာလား
    ခုခေတ်တက်တူးတော့ ဘယ်လိုရယ်မသိ
    အရင်က အာဠာဝကထိုးထားရင် တခါတလေ တကယ်ဘီလူးစီးတယ်ကြားဖူးတယ် 🙄

    Reply

  • MaMa

    September 7, 2011 at 8:33 am

    မူဆယ်ဘက်ကို လမ်းစပွင့်တော့ သွားဘူးတယ်။ လူတွေက ခရီးသွားတယ်ဆိုတော့ လမ်းမှာတွေ့သမျှ အလှူခံတွေ လမ်းဘေးက ကလေးတွေကို ငွေပစ်ချပေးလိုက်ကြတာပဲ။ အဲဒီမှာ ရှမ်းမကြီးတစ်ယောက် ကြည့်ရတာတော့ ချမ်းချမ်းသာသာထဲက ဖြစ်မယ်ထင်တယ်။ သူက ကားပေါ်ကလူတွေကို အော်ပြောတယ်။ အဲလို ပစ်ချပေးနေရင် ကလေးတွေ သူတောင်းစားဖြစ်သွားလိမ့်မယ်တဲ့လေ။ သူ့စကားကိုကြားတော့ လူတွေအံ့ဩသွားတယ်။ ကျမလည်း သူပြောတာကို သဘောကျတယ်။ သူ့ရဲ့စေတနာနဲ့ အမြှော်အမြင်ကို လေးစားသွားတယ်။ အဲဒီကားပေါ်ကလူတွေ နောက်ထပ် ငွေတွေ ပစ်ချမပေးကြတော့ဘူး။

    Reply

  • zawmaung

    September 7, 2011 at 9:57 am

    Easy to talk not to give , hard to do as people stare at you like you have no mercy at all.
    However , I never give anyone including monks , old grandma , small kids .
    If everyone do not give , it can be gone, however , ……………………..

    Reply

  • မောင်ဘလိူင်

    September 7, 2011 at 11:15 am

    ကျွန်တော်လည်း ကြုံဖူးတယ်ဗျ..လှည်းတန်းမှတ်တိုင်မှာ မိုးတွေကရွာ..လူတွေက
    အုတ်အုတ်ကျက်ကျက် နဲ့ ပလက်ဖောင်းပေါ်မှာ ထီးလေးနဲ့ရပ်နေတုန်း ငနဲတစ်
    ကောင်က ညီလေး ငွေနှစ်ရာလောက် ဆိုပြီး လာတောင်းတာ။လူက လူမိုက်ရုပ်နဲ့၊
    မိုးကာ အကျင်္ ီဝတ်လို့ ကျွန်တော့်ဘေး ကပ် လက်ပိုက်လို့ ရပ်ပြီးလာတောင်းတာ။
    ကျွန်တော် ခေါင်းခါပြတော့ ဘုကြည့် ပြန်ကြည့်ပါရော။ဘာရယ်တော့ မဟုတ်ဘူး။
    အဲဒီအချိန်မှာ အမေရိက က Correctional facilities အကြောင်းတွေးမိတာ..။
    သူတို့ဆီမယ်တော့ ထောင်တို့ အကျဉ်းတို့ကို ပုဂ္ဂလိက ပေးလုပ်ဆိုပဲ။နောင်ဆို
    အဲဒီအလုပ်က ရင်းနှီးမြှုပ်နှံငွေ ၃၂ ဘီလီယံထိရှိလာမယ်လို့မှန်းကြတယ်။
    Corrections Corporation of America ဆို total assets ၃ဘီလီယံနီးပါး
    လောက်ရှိတာ။ဗမာပြည်မယ်လည်း နောင်တစ်ချိန် ဒါမျိုး ပုဂ္ဂလိကများ
    ပေးမလား..ဘာညာနဲ့ တွေးနေတုန်း ငတိက လစ်သွားပြီ။အဲဒီ အကြောင်း
    မျိုး ကျွန်တော်တို့ သူကြီး ဦးခိုင်က ပိုသိမယ်ထင်တယ်..။ 🙂
    http://en.wikipedia.org/wiki/Corrections_Corporation_of_America

    Reply

  • hmee

    September 7, 2011 at 1:18 pm

    ကိုနီဂျီမီ၇ရရေ ပျောက်လှချည်လား။ မှီကတော့ သူတောင်းစား မျိုးစုံကို မြင်ဖူးတာ။ ရွာမှာတုန်းက စဉ့်အိုးအဝကို ပိတ်ပတ်ပြီး တီးပြကာ ဆန်လာတောင်းတဲ့ သူတောင်းစား။ ရွာဆိုတော့ ပိုက်ဆံမရဘူး ဆန်ပဲရတယ်လေ။ သီချင်းမဆိုခင် ပြောသေးတာ အမြဲတောင်းစားတာမဟုတ်ပါဘူး ဘုရားလှုထားတဲ့ ကယ်ပါမျိုးမို့ တနှစ်တခါ စတိသဘောမျိုး တောင်းရတာပါတဲ့ ဟုတ်မဟုတ်တော့ မသိဘူး။ နောက် ရန်ကုန်မှာ ဟင်းသီးဟင်းရွက်တွေ ထည့်ထားတဲ့ တောင်းကို ရွက်ပြီးလာတယ်။ ခြံဝကနေ အသီးအရွက်ကလေးတွေ ယူပါ ပိုက်ဆံမပေးပါနဲ့ အဝတ်ဟောင်းလေးတွေပဲ ပေးပါ ဇွတ်လာတောင်းတော့ သနားပြီး တနင့်တပိုး ကိုယ်က ပေးလိုက်ပါတယ် နောက်တော့မှ လခြား ခဏခဏ လာတော့မှ အင်ကြီးမှန်းသိသွားလို့ ပြောလွှတ်ယူရတဲ့အထိ။ တခြားတခြား ကြုံဖူးသမျှ ပြောရရင် တထောင့်တည ပုံပြင်ထက်သာမယ်။ အခုတော့ ကိုယ်ပင်ပင်ပန်းပန်း ရှာထားတာကို အရှောင် နှိုက်တယ်ထင်လို့ အသက်ကြီးတဲ့သူတွေက လွဲရင် လုံးဝမထည့်တော့ဘူး။

    Reply

    • etone

      September 7, 2011 at 4:35 pm

      အဲ့လူပျောက်နေတာပဲကောင်းတယ် မမှီရေ .. မဟုတ်လျှင် ဟိုလူနဲ့ ရန်ဖြစ်လိုက် ဒီလူနဲ့ ရန်ဖြစ်လိုက်နဲ့ .. ရန်ဖြစ်လည်း ကောင်းကောင်းမဖြစ်ဘူး .. အဆဲလေးက ပါလိုက်ဦးမယ် .. အတော့်ကို အဆဲ ဝါသနာထုံတဲ့ လူ.. ( ဟဲဟဲ သူမရှိတုန်း အတင်းပြောထားတာ .. ) ဘယ်တော့လာပြန်ဆဲဦးမလဲ မသိဘူး 😀 😀 😀

      Reply

  • myanpyithar

    September 7, 2011 at 1:27 pm

    တော်တော်ဆိုးတဲ့နောက်တမျိုးရှိသေးတယ်ဗျ…ဘာသာရေးကိုခုတုံးလုပ်တာလေ….
    ဘုန်းကြီးအိုတစ်ပါးနဲ့ သန်သန်မာမာတောင့်တောင့် ယောက်ကျားနှစ်ယောက်လေ..
    ဆရာတော်ကြီးဆေးဝါးကုသဘို့ ဆိုပြီးအလျုှလိုက်ခံနေတာ.. နှစ်နဲ့ချီနေပြီ..
    ဇိဝိတဒါနဆေးရုံရှိတာဘဲဗျာ..အမှန်ဆိုရင်ပေါ့…အင်မှအင်အစစ်..
    မြို့နယ်တော်တော်များများကိုလိုက်..တောင်းနေတာ. တွေ့ဘူးကြမှာပါ…

    Reply

    • etone

      September 7, 2011 at 3:04 pm

      အဲ့ဒါပေါ့ .. ကောင်မလေးတွေရှေ့ရောက်လျှင် အဲ့ဒီ ကပိ္ပယက အလိုက်မသိ ခွက်ကြီး မျက်နှာရှေ့ ထိုးခံတော့တာပဲ .. တစ်ရက် .. စိတ်လေနေတဲ့ ရက်နဲ့ ကြုံတော့ .. ပြောပစ်လိုက်မိတယ် .. ဘုန်းကြီးတော ့အားနာပါရဲ့ … . သူတို့ကို အမြင်ကတ်တယ် ။

      Reply

  • နွယ်ပင်

    September 7, 2011 at 1:31 pm

    အရင်တုန်းကတော့ ဆေးရုံက ဆင်းလာခါစဆိုပြီး အဲလို လက်မှတ်လေးတွေပြပြီး
    တောင်းတာ ကြုံဖူးတယ် အခုလိုမျိုး မိုက်ကြေးခွဲတဲ့ ပုံစံမျိုးတောင်းတာနဲ့တော့ မကြုံသေးဘူး
    တောင်းစားတဲ့ သူတွေကတော့ မျိုးစုံစဉ်းစားပြီတော့ကို တောင်းနေတော့တာပဲ နောက်တစ်ခါဆို ဘယ်လိုပုံစံမျိုးနဲ့ တောင်းကြမလဲမသိဘူး ….

    Reply

  • စုံ စုံ

    September 7, 2011 at 2:38 pm

    ကားပေါ်မှာလဲရှိသေးတယ်လေ
    ကွန်ပျူတာနဲ့စာရိုက်ထားတဲ့စာရွက်တွေကိုဘာမပြောညာမပြောနဲ့လိုက်ဝေကြတာ
    ပြီးရင်စာရွက်တွေလိုက်သိမ်းရင်းပိုက်ဆံပါတောင်းတာ
    အစမသိခင်ကတော့စာဖတ်လိုက်သေးတယ်
    နောက်ခနခနကြုံလာတော့မှစာလဲမဖတ်တော့ဘူး ပိုက်ဆံလဲလုံးဝမပေးဘူး
    အဲ့ခါကျရင်မကျေနပ်ဘဲဘုကြည့်ကြည့်ပြီးထွက်သွားကြကော
    မပေးပါဘူး အကျင့်ပါလို့

    Reply

  • Aung Myat Way

    September 7, 2011 at 3:23 pm

    နေရာတကါစာရွက်တွေပြပြပြီးတောင်းနေတာလေ
    သူတိုံကိုယောထောင်ထွက်လို့ပြောမှာလား ဟဲဟဲ
    တိုကတော့တိုကတောအားလုံးသူတောင်စားတွေလိုပြောလိုက်မယ်

    Reply

  • sitminnaing

    September 7, 2011 at 5:54 pm

    &
    ရီစရာတော့ အကောင်းသားဗျ…လမ်းပေါ်မှာတောင်းလိုက်တောင်းနေတဲ့ သူတွေကိုတော့ သူတောင်းစားတွေ..သူတောင်းတွေဆိုပြီးပြောလိုက်ကြတာ…ပန်ကာအောက်မှာ ထိုင်ခုံကြီးနဲ့မိန့်မိန့်ကြီးထိုင်တောင်းနေတဲ့သူတွေကိုတော့ ဘယ်လိုခေါ်မှာလဲ…
    ထောင်ထွက်တိုင်းလည်း လူမိုက်မဟုတ်သလို…အရုပ်ထိုးတားတိုင်လည်း(ဆေးမှင်ကြောင်) လူသတ်ရဲတဲ့ကောင်မဟုတ်ဘူး…

    Reply

  • zawmaung

    September 7, 2011 at 6:09 pm

    sitminnaing….. Absolute right. Our country is full of beggar or thief . One way or another. So sad.

    Reply

Leave a Reply to လင်းဝေကျော် Cancel Reply

Your email address will not be published.