တကယ်သိလို့ကြွားတာ ဘာဖြစ်လဲ … ဘာဖြစ်လဲ …

weiweiSeptember 4, 20111min033

အခုရက်ပိုင်း အလုပ်နဲနဲပါးနေတုန်း ရွာထဲကို အချိန်ပြည့်လည်နေမိတယ်။ ဦးစံရှားနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဌိတွေကိုမြင်တော့ ချက်ခြင်းဖတ် ချက်ခြင်းစဉ်းစား ချက်ခြင်းဖြေနဲ့ အဖြေမမှန်တာတွေကို ခပ်လောလောဖြေမိလိုက်ပါတယ်။ အဲဒီတော့ ကျွန်မတစ်ယောက်ထဲ ကြိတ်ရယ်နေမိရင်း ငယ်ငယ်တုန်းက အကြွားသန်ခဲ့ပုံလေးတွေကို ပြန်မြင်ယောင်လာပါတော့တယ် …

ကျွန်မငယ်ငယ်က တော်တော်ဆိုးခဲ့တာ … အလယ်တန်းလောက်ကထဲက ဆရာ ဆရာမတွေရဲ့ အမြင်ကတ်ခြင်းကို ခံခဲ့ရတယ်။ အခု လူကြီးစိတ်နဲ့ပြန်တွေးလိုက်တော့မှ သူတို့အမြင်ကတ်လဲ ကတ်ချင်စရာပါပဲ။ ကျွန်မရဲ့ကလေးဘဝ ဉာဏ်ရည်ဉာဏ်သွေးက တော်တော်မြင့်ခဲ့ပါတယ် (ကြုံတုန်းကြွားတာ)။ ဘာကျူရှင်မှလဲ မတတ်ပဲနဲ့ စာတွေကို အလိုလိုရနေပါတယ်။ အရင်ဘဝကထဲကများ သင်ခဲ့ဖူးလားတောင်ထင်ရတယ်။ ပြသနာက စာတွေရနေတာကို ငြိမ်ငြိမ်မနေတဲ့ကိစ္စ။ ဆရာမက စာတိုင်ပေးပြီး ပြန်ဆိုခိုင်းလိုက်တာနဲ့ ကျွန်မက အလွတ်ရနေပြီ။ စာအုပ်ကိုပိတ်လိုက်ပြီး ခပ်ကြွားကြွားလေး အလွတ်ရွတ်ပြလိုက်တော့ ဆရာမအမြင်ကတ်ပြီ။ ဆရာမလဲ စဉ်းစားပြီလေ။ ဒီကလေးမ သူ့ဆီကျူရှင်လဲမတက်ဘူး။ ဘယ်ဆရာမနဲ့ကျူရှင်တက်ပြီး ကြိုသင်ထားလို့ ဒီလောက်တတ်နေတာလဲလို့ပေါ့။ အတန်းဖော်ကျောင်းသားတွေကလဲ တစ်မျိုးစဉ်းစားတယ်။ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်တက်ထားလို့ စာတွေကြိုရနေတာဖြစ်ရမယ်ပေါ့။ တကယ်တော့ သူတို့အားလုံးမှားပါတယ်။ ကျွန်မက on the spot မှာတင် အားလုံးကို အလွတ်ရသွားတာဖြစ်ပါတယ်။ (အဲဒီခေတ်တုန်းက ကျူရှင်ဆိုတာ မရှိသလောက်ရှားတဲ့အချိန်)

အလယ်တန်းအဆင့်မှာ အဲဒီလောက်နဲ့ပြီးပေမယ့် ၉ တန်း ၁ဝ တန်းမှာ အဲဒီထက် ပိုဆိုးလာပါတယ်။ ကျွန်မက ဆရာမကို ဆရာပြန်လုပ်ပြီလေ။ ဆရာမ မျက်နှာမဲခနဲဖြစ်တာကို မျက်နှာရိပ် မျက်နှာကဲမသိ အမှားရှာပြီး တစ်ချိန်လုံးထောက်နေပါတော့တယ်။ အင်္ဂလိပ်စာဆရာမကိုတော့ ကျွန်မက အမှားအပြင်ပေးဆုံးပဲ။ ကြာလာတော့ ဆရာမက စာသင်ရမှာတောင် ကြောက်လာတဲ့ပုံဖြစ်လာတယ်။ ကျွန်မကလဲ ပိုအတင့်ရဲလာတယ်။ ကိုယ့်ဟာကိုယ်လဲ ဆရာမထက်တောင် ပိုတတ်နေတယ်လို့တောင် ထင်မိသည်အထိ စိတ်ကြီးဝင်ခဲ့ဖူးပါတယ်။ တကယ်တော့ ဆရာမက တော်တော်လေးတော်တာပါ။ သူကအတော်လွန်တော့ အထက်တန်းက grammar တွေကို ကလေးစာတွေဆိုပြီး လွဲကုန်တာ။

သချင်္ာကျူရှင်က အဖြစ်အပျက်တစ်ခုကလည်း မှတ်မှတ်ရရဖြစ်ခဲ့ဖူးတယ်။ သူငယ်ချင်းတွေစုပြီး ၁ဝ ယောက်တစ်ဝိုင်း သချင်္ာကျူရှင်တက်ပါတယ်။ အားလုံးအတော်တွေချည်းပဲဆိုတော့ ဆရာကလဲ သက်သာတယ်။ နဲနဲပဲရှင်းပြပေးပြီး များများတွက်ခိုင်းပါတယ်။ ကျွန်မတော်တော်အလိုက်ကမ်းဆိုးမသိခဲ့တာပဲ။ ဆရာရှင်းပြလို့မှ မပြီးသေးခင် အဖြေရနေပါပြီ။ စိတ်ထဲကအဖြေရလိုက်တာနဲ့ ပါးစပ်ကနေပြောပြီးသားပဲ။ ဆရာက မျက်နှာရိပ် မျက်နှာကဲနဲ့ အဲဒီလိုမဖြေဖို့ တားပေမယ့် အမြဲတမ်းကျွန်မကအရင်ပဲ ဖြေမိတာချည်းပါပဲ။ တွက်ခိုင်းရင်လဲ အမြန်ဆုံးတွက်ပြီး ပြီးပြီဆိုပြီး ဆရာ့ကို ချက်ခြင်းပြလေ့ရှိတယ်။ ဆရာက ကျွန်မအပြုအမူကို မကြိုက်ခဲ့တာကို ကျွန်မစိတ်ထဲ ဘယ်လိုမှ နားမလည်ခဲ့ဘူး။ ကျွန်မတော်လို့ မြန်မြန်တွက်နိုင်တာကို ဆရာက ချီးကျူးရမယ့်အစား ဝမ်းမသာတဲ့မျက်နှာနဲ့ဘယ်လိုဖြစ်တာလဲဆိုတာကို တကယ်မသိခဲ့ပါဘူး။

ကျွန်မကလဲ အရှိန်တက်လာတော့ ပိုပိုပြီး မြန်လာပါတယ်။ ရက်တွေတော်တော်ကြာလာတော့ ဆရာက ကျွန်မတစ်ယောက်ထဲကို သီးသန့်ခေါ်တွေ့ပြီး warning ပေးပါတော့တယ်။ နောက်တစ်ခါ စာမေးရင် ကိုယ်သိလဲ တိတ်တိတ်လေးနေပေးပါတဲ့။ ညည်းကသိပ်တတ်နေတော့ သူများတွေစိတ်ဓါတ်ကျကုန်တယ်တဲ့။ သချင်္ာတွက်ဖို့ စိတ်မပါတွေဖြစ်ကုန်ကြတယ်တဲ့။ ဖြေးဖြေးနဲ့မှန်မှန်ပဲ သူများတွေလို လုပ်ပါတဲ့။ အဲဒီအချိန်တုန်းက ဆယ်တန်းတက်ခါစ ကလေးသာသာပဲဆိုတော့ ဆရာ့ကို စိတ်ဆိုးခဲ့ပါတယ်။ စိတ်လဲကောက်မိတယ်။ အဲဒီနောက်ပိုင်း စာသင်ရင် တမင်သက်သက် ပါးစပ်ကိုပိတ်ထားပြီးထိုင်နေခဲ့ဖူးပါတယ်။

တကယ်တော့ ဆရာက အမုန်းခံပြီး ကျွန်မကို ဆုံးမခဲ့တာပါ။ ဆရာထောက်ပြခဲ့တဲ့အဖြစ်အပျက်တစ်ခုက ကျွန်မဘဝအတွက် သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။ ၁ဝ တန်းအောင်ပြီးနောက်ပိုင်းမှာ စိတ်မြန်လေ့မရှိပဲ စဉ်းစဉ်းစားစားလုပ်တတ်တဲ့စိတ်၊ သူများတွေကိုလဲ ကိုယ်ချင်းစာနားလည်စိတ်တွေ ဖြစ်လာခဲ့ပါတယ်။ တစ်ခါတစ်လေတော့လဲ သတိလက်လွတ်ဖြစ်တာပေါ့ … ဒါပေမယ့် ဆယ်တန်းတုန်းက အဖြစ်အပျက်လေးကို ပြန်စဉ်းစားမိလိုက်ရင် တကယ်တတ်တယ်ထင်ပေမယ့်လည်း တကယ်တတ်တယ်ဆိုတာ မသေချာသေးကြောင်း၊ မှားနိုင်ခြေအများကြီးရှိကြောင်း၊ အခြေအနေကိုစောင့်ကြည့်ဖို့တော့ လိုသေးကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလဲ ငဲ့ညှာပေးသင့်ကြောင်း စသဖြင့် သတိဝင်လာလေ့ရှိပါတယ်။

အခုလဲ အဲဒီလိုသတိလေးဝင်လာမိလို့ အားလုံးကို ပြန်လေမျှဝေပေးလိုက်ပါတယ် … လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ် …

33 comments

  • killer

    September 4, 2011 at 5:07 pm

    ကြွားသာကြွားပါ မမရာ။ လွတ်လပ်စွာလဲ မကွဲဘူး။ မလွတ်မလပ်လဲမကွဲဘူး။ ဘယ်သူခွဲခွဲ ဒို့မခွဲ အမြဲ စည်း
    လုံးမည်။ :mrgreen:

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 4, 2011 at 8:22 pm

      နည်းနည်းမှားနေဒယ်
      ကြွားဘာ ကြွားဘာ မမရာ
      မမချစ်စရာ ( ဟို ဖဲသမား ချစ်စ\ဆရာ မဟုတ်ပါ )
      မှတ်ချက်။ ။ သူများမမဂို ချစ်စရာသွားလုပ်လို့
      သူ့ဘိုးဒေါ်ဂျီး ဘောက်ဆင် လာပလေးရင်
      အောင်ပုလွတ်လွတ် 😀 😀 😀
      ……………
      အမလေး သူတတ်တာလေးလာကြွားနေဒယ်
      ဒို့သဂျီး တတ်လိုက်ပုံများ
      ဘုန်းတော်ကြီးတောင် သူ့တရားပြန်နာရဒယ်
      ဘာမှတ်သဒုံး

      Reply

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 4, 2011 at 5:37 pm

    အော် သံတွဲသားတယောက်လမ်းပျောက်ပြီးဒီရောက်နေသကိုး။ဟဲ့ သဘောထားကွဲလွဲတာလွဲပေါ့။ဘာဘုတောလျှောက်ပြောနေရတာလဲ။

    Reply

  • mgmglusoe

    September 4, 2011 at 6:13 pm

    အော် မောင်လူမုန်းစစ်မုန်းလေးက အဆိုးမြင်ဝါဒီ လေး တစ်ယောက်ပေကိုး.
    .. ဒီလို မပြောရဘူးလေကွာ… အတတ်ပညာကို တစ်လွဲမသုံးစမ်းပါနဲ့..
    ကဲ..ကဲ… ပြောစေဗျား… အရမ်းတတ်သိနေတဲ့သူမို့ ပညာယူပါရစေ..
    ခု မ wei wei ရေးတင်တဲ့ (တစ်ကယ်သိလို့ကြွား တာ ဘာဖြစ်လဲ )
    ပို့စ် အတွက် လွတ်လပ်စွာ သဘောထားကွဲလွဲ ပြပေးစမ်းပါဦး…။ :mrgreen:

    Reply

  • padonmar

    September 4, 2011 at 6:57 pm

    ဝေဝေရေ
    ကိုယ်သာ အဲဒီနေရာမှာ ဆရာဆိုရင်တော့ အတတ်မြန်တဲ့ ကလေးကိုမပိတ်ပင်ချင်ပါဘူး၊
    အဖြေမှန်မမှန်ဆိုတာ ဆရာဘဲသိတာလေ၊
    သူ့အဖြေလည်းမှတ်ထား အခြားသူတွေလည်း ဖြေပြီးရင် နှေးပေမယ့် မှန်အောင်ဖြေနိုင်တဲ့ကလေးကိုလည်း အားပေးဆုချမှာပေါ့။
    ဒီလိုဆရာတွေက ပိတ်ပင်ခဲ့လို့လည်း မြန်မာပြည်မှာ genius မတွေ့ရတာပေါ့။
    တပည့်ဆိုတာ ဆရာထက်ပိုတော်ရပါမယ်။
    ဒါမှ အဲဒီလူ့ဘောင် တိုးတက်ပါမယ်။

    Reply

    • weiwei

      September 5, 2011 at 9:25 am

      မပဒုမ္မာပြောတာ သိပ်မှန်ပါတယ် …
      ကျွန်မရေးခဲ့တာ အထက်တန်းအထိအဖြစ်အပျက်ပဲ ပါသေးတယ် …
      အလုပ်ထဲရောက်တော့လဲ အဲဒီလိုထပ်ဖြစ်ပါသေးတယ် … အလုပ်တွေကိုအရမ်းတက်ကြွပြီး အမြန်လုပ်ပြလွန်းတော့ ဌာနမှူးက ကျွန်မကိုခေါ်သတိပေးပါတယ် … ဒီလောက်ခက်ခဲတဲ့အလုပ်တွေကို နင်ကအမြန်လုပ်ပြနေရင် ငါတို့အလုပ်ကို သိပ်လွယ်ပြီး သိပ်ပေါတယ်ထင်နေကြလိမ့်မယ်တဲ့ … နဲနဲအချိန်ဆွဲပြီး လုပ်ပါတဲ့ …
      အခုတော့ မကောင်းတဲ့အကျင့်ပါနေပြီး လုပ်ချင်စိတ်တောင် မရှိတော့ပါဘူး ….

      Reply

      • researcher

        September 5, 2011 at 5:41 pm

        ကျွန်တော်အလုပ်ဝင်ခါစက ကျွန်တော့်အထက်လူကြီး ပြောတာ သတိရမိသေးတယ်။

        ကျွန်တော်တို့ MD က သူလုပ်ချင်တာကို ပြောရင် ကျွန်တော်တို့ကလဲ လူငယ်ဆိုတော့ တက်တက်ကြွကြွ လုပ်ချင်နေတာရယ် ကိုယ်လုပ်နိုင်တာကို ပြချင်တာရယ် ပေါင်းပြီး ဘယ်လောက်ခက်ခက် လုပ်မယ်၊ ပြီးတယ် ဆိုတာပဲ ပြောတာပေါ့။ အဲဒီမှာ ကျွန်တော်တို့ လူကြီးက ပြောတော့တာပါပဲ။ တရက်နဲ့ပြီးမယ့် အလုပ်ကို နှစ်ရက် အချိန်တောင်းရတယ် တို့ ၊ ဂျပိုးကို လိပ်ဖြစ်အောင်ပြောရတယ် တို့ စသည် စသည်ပေါ့လေ မှာတမ်းခြွေခြင်းကို ခံရတော့တာပါပဲ။

        ကျွန်တော်တို့ တက္ကသိုလ် ပထမ နှစ်မှာ ကြုံခဲ့ရတဲ့ ဆရာရဲ့သဘောထားကိုတော့ ကြိုက်တယ်။ တပည့်ဟာ ဆရာထက် ပိုတော်ရမယ်တဲ့။ တပည့်က ဆရာ့ထက် တဝက် (၅ဝ %) လောက်ပဲတတ်တယ်ဆိုရင် အဲဒီတပည့်တွေရဲ့ နောက်တခေတ် (next generation) က (၂၅ %) ပဲ တတ်တော့မှာပေါ့တဲ့။ အဲဒီနှုန်းနဲ့သာ သွားရင် generation (၅) ခုလောက်ရောက်သွားရင် တိုင်းပြည်ဘာဖြစ်သွားမလဲ ဆိုပြီးပြောလေ့ရှိပါတယ်။ အဲဒီဆရာက အခုတော့ အမေရိကားမှာပါ။ ဆရာ့ထက် တပည့်က ပိုတတ်တာကို တချို့ ဆရာတွေက သဘောမကျကြပါဘူး။

        အခု မဝေကိစ္စမှာတော့ အခန်းတဲမှာ တယောက်တည်းက သိပ်ထူးချွန်နေတော့ အခြားသူတွေ စိတ်မှာ ပညာရေးနဲ့ ပတ်သက်လာရင် အားငယ်စိတ် သိမ်ငယ်စိတ် ဖြစ်မှာ စိုးလို့ ဆရာက ခေါ်ပြီး သတိပေးတယ်လို့ ထင်မိပါတယ် ။ ဆရာဖြစ်သူက အများကိုငဲ့လိုက်တဲ့ အတွက် ခေါ်ပြောခံလိုက်ရသူရဲ့ စိတ်မှာ တခုခု ခံစားလိုက်ရတာကိုတော့ ဆရာ သတိမထားလိုက်မိဘူး ထင်ပါရဲ့…။

        Reply

  • yetazar

    September 4, 2011 at 7:04 pm

    အဲ့ဒီဥနှောက်ကြီးကို လုယူချင်လိုက်တာဗျာ ။ တစ်ကယ်ပဲ အဲဒီလောက် ညာဏ်ကောင်းရပြန်တယ်လို့ ။ ဟင့် ကျွန်တော်တို့များ ကျတော့ စာတစ်ပုဒ်ကို အခေါက် 50 လောက်ဖတ်မှ ရတာ ။ လူချင်းတူပေမယ့် အသက်ရှူချင်းကွဲတယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ်ထင်တယ် ။

    Reply

    • ပေါက်ဖော်

      September 4, 2011 at 8:29 pm

      တူတူပဲဂျာ..
      အဖော်ရှိသွားဘီ.အဟီ 😛

      Reply

      • nozomi

        September 5, 2011 at 1:34 pm

        ကျွန်တော်လဲ ပါပါတယ် 😀

        Reply

    • KoNyeinChan

      September 4, 2011 at 9:08 pm

      yetazar ရေ.. အဲ့ဒီ ဦးနှောက်ကြီးလိုချင်တယ် ဟုတ်?? ဒေါ်ဝေဝေရဲ ့ခေါင်းကိုဖြတ်ခဲ့.. ဦးနှောက်ချင်း လဲပေးလိုက်မယ်.. နောက်ဆို သူလည်း ကြွားလို ့ရတော့ဘူး.. နင်လည်း သူ ့ဦးနှောက်ကြီးရပြီး လျှောက်မကြွားနဲ ့.. နင့်လည်း ဖြတ်မယ် 😀 😀 😀

      Reply

  • pyinlepyaw

    September 4, 2011 at 7:05 pm

    What a good idea.! How nice ! That’s better. 🙂

    Reply

  • hmee

    September 4, 2011 at 7:28 pm

    မဝေရေ မှီလည်း ကြုံဖူးတယ်။ မဝေလိုတော့ မဟုတ်ဖူး မှီက စာကျက်တာ အားသန်တာ။ ဆရာက ဒီနေ့သင်တယ် နောက်နေ့ဆို ဘယ်သူမှ မရသေးဘူး ကိုယ်ကရနေတာပေါ့။ ဆရာစာမေးတိုင်း ကိုယ်ပဲ အရင်ထဖြေတယ်။ ကြာတော့ ဆရာမက ပြောပါရော တော်တော်တတ်နေတယ် “မမတတ်”ပေါ့တဲ့။ အဲ့ဒီအချိန်က စပြီး အတန်းတူ သူငယ်ချင်းတွေက “မမတတ်”လို့ပဲ ခေါ်တာခံခဲ့ရတယ်။ အခု အသက်ကလေး ရလာတော့ နေရာတကာ မပါမိအောင် အတတ်လွန်မလုပ်မိအောင် သတိထားနေရတယ် မဝေရေ။ 😛

    Reply

  • MaMa

    September 4, 2011 at 7:28 pm

    ကျောင်းတုန်းက အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိတယ်။
    အဲဒီဆရာမကအတန်းထဲမှာ စာအမြဲမေးတတ်တယ်။ လူစေ့အောင်လည်း မေးတတ်တော့ ကိုယ်ရတုန်း ဖြေထားရင် သက်သာတာမို့ ပထမဦးဆုံး ဖြေမိတယ်။ အဲလို ဖြေတာကို ဆရာမက မှန်သလားလို့ အတန်းထဲမှာ ပြန်မေးတယ်။ အတန်းထဲကလည်း ဆရာမမေးတာ မှားလို့ဖြစ်မယ်ဆိုပြီး မှားပါတယ်လို့ ဝိုင်းပြောကြတယ်။ ကိုယ့်ဖာသာမှန်တယ်ဆိုတာ သေချာလို့ ဖြေတာကို မှားပါတယ်ပြောလို့ စိတ်ဓာတ်ကို ကျသွားတာပဲ။ နောက်တော့မှ ဆရာမက မှန်ပါတယ်လို့ ပြောပေးတယ်။ အလွယ်တကူ အမှန်ကိုပြောလိုက်ရင် သိပ်မမှတ်မိတတ်ပေမယ့် ခုလိုဖြစ်သွားတော့ အားလုံးပဲ မှတ်မိသွားရောတဲ့လေ ဆရာမရဲ့ ပညာပေ့ါ။

    Reply

  • naywoonni

    September 4, 2011 at 7:47 pm

    ကျွန်တော်လည်း ငယ်ငယ်က ခပ်တိုင်ငံတဲ့ ပဲခူးဆား ဖြစ်ဘူးပါတယ်…။ ခုလည်း ……….. သိပ်တော့ မပြောင်းလဲသေးဘူး…။

    Reply

  • ဆူး

    September 4, 2011 at 8:20 pm

    မတတ်လို့ပါ တကယ် မတတ်လို့ပါ.. ကြွားချင်ပါတယ်။
    ကြွားနည်းလေး သင်ပေးပါ။

    Reply

    • ဂျဲသု

      September 4, 2011 at 9:47 pm

      ကြိုက်တယ်ဗျာ အပြောလေးတော့

      Reply

      • ရဲအောင်

        September 4, 2011 at 9:56 pm

        ဟိ… အပြောကိုပဲ ကြိုက်တာသေချာရဲ့နော်…….. ဂလု…. 🙄

        Reply

  • windtalker

    September 4, 2011 at 8:40 pm

    အဟမ်း
    ညနေတုန်းက ပုဇွန်ဆီပြန် နဲ ့ထမင်းစားလာတာ
    နဲနဲစပ်လို ့ဆိတ်သားမွှ အချိုကြော်လေး က ပါသေး
    ပြီး နံသာပု ငှက်ပျောသီး ရွှေဆိုင်းမြုပ်လေး နဲ ့ နို ့ပူပူလေးသောက်တုန်း
    ဒီကွန်မန် ့ကို ရေးဖြစ်သွားတယ်

    Reply

    • MaMa

      September 4, 2011 at 9:10 pm

      တကယ်စားလို့ကြွားတာ ဘာဖြစ်လဲ ဘာဖြစ်လဲ……………
      😉

      Reply

  • sanaythalay

    September 4, 2011 at 9:45 pm

    အားလုံးကောင်းပါတယ်…

    Reply

  • ဂျဲသု

    September 4, 2011 at 9:51 pm

    ပြောတာပြောဗျာ။ ကိုယ့်ဗီဇစိတ်ကိုကပြောချင်တာမို.လား။ မှန်တယ်ထင်ရင်ပြောသာချလိုက်။ ဒါပေမယ့် တစ်ခုရှိတာက မှားသွားလို. သူများဝေဖန်ရင်တော့ ကျေကျေနပ်နပ် ဝန်ခံလိုက် ။ မှန်သွားရင်တော့ ချီးကျုးတာ။ မနာလိုတာကိုခံလိုကပေါ့။ပြောချင်တာကို မပြောပဲအောင့်အီးထားရတဲ့ဒုက္ခက ပြောလိုက်လို.ရလာမယ့် ချီးကျူးခြင်း။ဝေဖန်ခြင်း၊ မနာလိုခြင်းတွေကို ခံစားရတဲ့ ဒုက္ခ ထက်ကြီးတယ်ဆိုရင် ပြောသာချလိုက်ဗျာ။

    Reply

  • nature

    September 4, 2011 at 10:38 pm

    ဆရာတွေရဲ့သင်ကြားပုံဟာ ကလေးတွေအတွက် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ မြန်မာပြည်မှာတုန်းက အတန်းထဲမှာ စကားတခွန်းမှမပြောရဲ တနေ့လုံးနေလို့မှ စကားတလုံးမှ မပြော၊ ကိုယ့်ပစ္စည်းပျောက်တာတောင် ဆရာမခုံပေါ်မှာ တင်ထားတာ သွားမယူရဲတဲ့ကလေးတယောက် စင်္ကာပူမှာ ကျောင်းသွားတက်တော့ အရမ်းပြောင်းလဲသွားတယ်။ အတန်းထဲမှာ ဆရာမစာမေးရင် အရင်ဆုံးထထဖြေလို့ ဆုတွေရပြီး ဆရာမက ချီးကြူးလို့ သဘောတွေကျနေတာတွေ့ဖူးတယ်။ ကျောင်းလခကတော့ ဈေးကြီးပါတယ်။

    Reply

  • မဝေရာ … ကျွန်တော်လည်း မဝေလိုပါပဲ။ တကယ်တော့ လူတစ်ယောက်ဟာ သိပ်တော်ဖို့မလို၊ မိမိတတ်စွမ်း သလောက် အလုပ်ကို တစိုက်မတ်မတ်လုပ်ဖို့ပဲလိုတာ ကျွန်တော် အများကြီးနောက်ကျပြီးမှသိတာ။ ဉာဏ်တုံးပါတယ်ဆိုတဲ့ ကျွန်တော့်အစ်မက ခုဆို နိုင်ငံခြားတက္ကသိုလ်မှာ ဆရာမဖြစ်နေပါပြီ။ ဉာဏ်ကောင်းပါတယ်ဆိုတဲ့ ကျွန်တော်က ဘာမှဖြစ်မလာဘဲ စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲပါပဲ။ ဉာဏ်ဆိုတာကလည်း သွေးရင်ထက်လာတာပါပဲ။ စွမ်းအားအကြီးဆုံးကတော့ အလုပ်ပါ။ လူ့ဘဝမှာ အလုပ်ကို တစိုက်မတ်မတ်လုပ်ဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ အလုပ်က အရာရာကို သင်ပေးသွားတယ်။

    Reply

  • ရွှေဘိုသား

    September 5, 2011 at 9:14 am

    ကိုပေ ကျနော် စားဖို.ကြည်.လိုက်တော. အိမ်ကကြင်သူကပြောပါတယ် သူချန်ထားတယ်
    သူခိုးစားသွားပြီထင်တယ်တဲ. အခုတော. သူခိုးမိပြီ ကိုပေမပြေးနဲ.
    ခဗျကို နအဖ စွမ်းအားရှင်တွေ ဝိုင်းထားတယ်
    ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ကစားမလို.

    Reply

    • windtalker

      September 5, 2011 at 2:47 pm

      ကိုယ်ပိုင်လေး တွေးစမ်းပါကွာ
      ငါ့ဟာငါ စားသောက်တဲ့ ကိစ္စ
      ဘယ်နှယ့်လုပ်
      ငါ က သူခိုးကြီး ဖြစ်ရတာလဲ

      Reply

  • etone

    September 5, 2011 at 10:36 am

    မဝေရေ… ဆရာတွေကလည်း …. စာသင်တုန်း ဉာဏ်နည်းနည်း ပြေးတဲ့ ကလေးဆို …. လန့်ကြတယ်လေ … ။
    ပြောရလျှင် သူတို့ စာသင်နေတုန်း … ဝင်ထောက်တာလည်း မကြိုက်ဘူး … မသိသလိုလေး လုပ်ပြီး ဟန်ဆောင်ပြရတယ် … ။ ပြီးတော့မှ သူတို့သင်ပေးလိုက်လို့ နားလည်သွားသလိုမျိုးလေး … ဒါကြောင့်ဒီလိုကိုး ဆိုတာမျိုး လုပ်ပြလျှင် သဘောတွေ့ မနောကို ခွေ့လို့ … (ရွာထဲက အပျိုဂျီး မနောမဟုတ်ပါ .. မနော= စိတ် 🙂 ) အဲ့လို အဟုတ်လျှင် အငြိုးခံရတယ် မဝေရဲ့ …. ။ အငြိုငြင်ခံ … အငြိုးခံရပြီးမှ တတ်လာတဲ့ ပညာ ဟဲဟဲ 😛

    Reply

  • Moe Z

    September 5, 2011 at 11:45 am

    မိုးစက်ရဲ့ဖေဖေက အထက်တန်းကျောင်းအုပ်ဆရာကြီးပါ (ကြွားတာမဟုတ်ဘူးနော်)..:)
    မနက် ၉းဝဝ နာရီကျောင်းတက်ပြီးရင် စာသင်ခန်းတွေကို လိုက်ကြည့်ပါတယ်..
    တစ်ရက်မိုးစက်တို့အခန်းရှေ့ကို ရောက်နေတာဘယ်သူမှမသိဘူး..
    အင်္ဂလိပ်စာအချိန်ပါ။ သင်နေတဲ့ဆရာမက မွန်လူမျိုးတစ်ချို့အသံထွက်တွေမပီဘူး..
    မိုးစက်ကအနောက်ကနေ ခဏခဏအသံထွက်အမှန်ကိုလိုက်အော်တယ်..
    အိမ်ရောက်တော့ဖေဖေဆူတာခံရတယ် ဖေဖေပြောတာတော့မိုးစက်ရဲ့အသံထွက်ကမှန်ပါတယ်..
    ဒါပေမယ့်တခြားသူတွေအမြင်မှာ ဆရာမကိုမလေးမစားလုပ်တယ်လို့မြင်လိမ့်မယ်တဲ့
    နောက်တော့ ဆရာမကိုသမိုင်းဘာသာပြောင်းပေးလိုက်တယ်..

    Reply

  • Shwe Ei

    September 5, 2011 at 5:05 pm

    ဒီပုံအတိုင်းဆို အခုခေတ်ကလေးတွေ ဉာဏ်ပိုပြေးတာနဲ့ ဘွဲ့ရ SAT လေးတွေနဲ့ ဘယ်လိုစာသင်ကြလဲ သိချင်သား။

    Reply

  • unclegyi1974

    September 5, 2011 at 10:39 pm

    မဝေကြွားတာနည်းသေး
    မဝေကမှစာဖတ်ရသေး
    စာအုပ်ခေါင်းအုန်းအိပ်လိုက်တာစာတွေအကုန်ရဆိုတာကြားဖူးသလား
    တကယ်ပြောတာနော်

    Reply

  • kai

    September 6, 2011 at 3:46 am

    အင်မတန်ဝမ်းနည်းစရာ အဖြစ်ကလေးပါ..။
    မြန်မာတွေရဲ့.. ယဉ်ကျေးမှုနဲ့.. တိုင်းပြည်ဘဝနောင်ရေးကို မီးမောင်းထိုးပြနေပါတယ်..။

    တကယ်က.. အတန်းစာတွေတတ်နေရင်..ဉာဏ်ရည်ကရှိသင့်တာထက်ပိုမြင့်နေတာမို့… တန်းတူအဆင့်ရောက်တဲ့အထိ.. အတန်းတွေဝင်ခွင့်အဆင့်ဆင့်စစ်ဆေးပြိး မြှင့်ပေးသွားသင့်တာပေါ့..။
    အလယ်တန်းကျောင်းသူအသက်နဲ့.. တက္ကသိုလ်မတက်ရဘူးလို့… ဘယ်ဘုရားကမှသတ်မှတ်ခဲ့တာမဟုတ်..။( ပြောရရင် ဦးနုခေတ်က..အတန်းကိုဉာဏ်ရည်နဲ့ တန်းတူမြှင့်ပေးတာရှိတယ်..။)

    ဝေမမရေ..။
    တချိန်ချိန်.အဲဒီလို.. အတန်းတွေမြှင့်ပေးနိုင်တဲ့ ..အခွင့်အရေးရှိတဲ့အခါ.. မြှင့်ပေးလိုက်ပါနော..။
    အဲဒီ ကလေးဖက်ကနေ.. ရပ်တည်ပြီး ဥပဒေတွေ..လုပ်ထုံးတွေ..ပြင်ပေးလိုက်ပါ..။
    ရွာသားတွေလည်း… ဒီလို..အဖြစိမျိုးတွေ့ခဲ့မိသည်ရှိသော်…အဲဒီလိုကလေးတွေဖက်က..ရပ်ပြီး.. ကူညီလိုက်ပါ..။ 🙂

    ဒါကိုဖတ်မိတဲ့.. လွှတ်တော်အမတ်တွေ.. ဥပဒေပြုရာမှာ.. သေသေချာချာထည့်သွင်းစဉ်းစားသင့်တာ်လို့.. အကြံပေးလိုက်ပါရစေ.။

    Reply

    • weiwei

      September 6, 2011 at 9:50 am

      သူကြီးပြောသလို တချိန်ချိန်မှာ အခွင့်အရေးတစ်ခုခု ရှိလာရင် ကျွန်မက ပညာတတ်တွေရဲ့အင်အားကို အသုံးချမှာပါ (စိတ်ကူးယဉ်ကြည့်တာလေ 😛 )

      လောလောဆယ်မှာတော့ ……. ပေဖြစ်နေတုန်းပဲ (မောင်ပေမဟုတ်ပါ …. 🙂 )

      Reply

  • ကြောင်ကြီး

    September 6, 2011 at 10:05 am

    ကြောင်ကြီးအမျိုး
    ကြောင်ကတိုး
    သူ့ရဲ့တန်ဖိုး
    သန်းချီဖြိုး
    အီးပါတဲ့အခါတိုး…။

    ရည်ညွှန်း – ရွာတော်ရှင်ဖွားဆူး၏ ကြောင်ကတိုးပို့စ်။။။

    Reply

Leave a Reply to unclegyi1974 Cancel Reply

Your email address will not be published.