Made in Myanmar ချယ်ရီဝက်ဂွန်း

black chawSeptember 3, 20111min05

မြန်မာပြည်တွင် တတ်ဆင်ထုတ်လုပ်သော ချယ်ရီဝက်ဂွန် ကားလေးများကို အစိုးရမှ ပြည်သူသို့ တစ်စီး ကျပ်သိန်းငါးဆယ် နှင့် ဖြန့်ချိရောင်းချပေးနေရာမှ ကျပ်သိန်းလေးဆယ် သို့  ဈေးနှုန်းလျှော့ချပေးသွား မည်ဖြစ်ကြောင်း မနေ့ကထုတ်ဝေသော ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရပါသည်။

ကျွန်တော်သိလိုသည်မှာ ချယ်ရီဝက်ဂွန် ကားလေးများကို မြန်မာနိုင်ငံသား မည်သူမဆို ဝယ်ယူခွင့် လျှောက်ထားနိုင်ပါသလား။ အရင်း သိန်းငါးဆယ်ခန့်သာရှိသော်လည်း အပြင်ဈေးကွက်တွင် သိန်းတစ်ရာ့ငါးဆယ်ခန့် ရှိနေသဖြင့် ကားဝယ်ယူခွင့်ရပါက ကျပ်သိန်းတစ်ရာခန့် အမြတ်ရနိုင်နေပါသည်။ ယခင် GSM ဖုန်းများ ဝယ်ယူခွင့် ကျပါက တစ်လုံး ကျပ်ဆယ်သိန်းခန့်အထိအမြတ်ရရှိခဲ့ကြဘူးပါသည်။အများပြည်သူမည်သူမဆို လျှောက်ထားဝယ်ယူနိုင်သည်ဆိုပါက တရားဝင် ပြည်သူသို့ ကြေငြာပေးသင့်သည်ဟုထင်ပါသည်။ ယခင်က သိထားသည်မှာ လွှတ်တော်အမတ်များကို သာဦးစားပေးရောင်းချပေးသည် ဟုဖြစ်ပါသည်။ ထို့ကြောင့် ချယ်ရီဝက်ဂွန် ကားလျှောက်လိုပါက မည်သို့ လုပ်ဆောင်ရမည်ကို သိရှိသူများ ပြောပြနိုင်လျှင် ပြောပြပေးကြပါဟု တောင်းဆိုပါသည်ခင်ဗျား။

5 comments

  • မီးမီး သော်

    September 3, 2011 at 4:16 pm

    အင်းမဖြစ်နိုင်သေးဘူးထင်ပါတယ်။တရုတ်ချယ်ရီကုပ္မဏီနဲ ့ညှိုနှိုင်းနေတုန်းဘဲလို ့ကြားပါတယ်။မသေချာဘူးနော်။ကြားရတာလေးပြောတာပါ။ဈေးသက်သက်သာသာနဲ ့စီးရမှာဆိုပေမယ့် လူကြိုက်မများလောက်ပါဘူး။

    Reply

  • nayminn

    September 3, 2011 at 4:35 pm

    ရှေ့မှာ လျှောက်ထားတာ လျှောက်လွှာ ၄ သောင်းကျော်ရှိသေးတယ်တဲ့….

    Black Chaw အဖေက လွှတ်တော်အမတ်ဆိုရင်တော့….ဒီနေ့လျှောက်ဒီနေ့ရ။

    Reply

  • MaMa

    September 3, 2011 at 5:34 pm

    GSM ဖုံးတွေ ခေတ်ကောင်းတုန်းက လျှောက်လွှာတွေကို မီးပွိုင့်တွေမှာ ဂျာနယ်ရောင်းသလို ရောင်းကြတယ်။ လွယ်လွယ်ကူကူဝယ်လို့ရတော့ လျှောက်လွှာတစ်စောင်ပဲ ရင်းရတာ မြတ်ရင် ၁ဝသိန်းဆိုပြီး လျှောက်ဖူးတယ်။ ယနေ့ထိ ဖုံးတစ်လုံးမှ မရဘူးပါ။ Black Chaw လည်း လျှောက်နိုင်ပါသည်။ သို့သော် ဒီကြားထဲမှာ ကျန်းမာရေးကောင်းအောင် အသက်ရှည်အောင် ဂရုစိုက်နေစေလိုပါသည်။ သို့မှသာ ကားရချိန်မှာ ပျော်ပျော်ကြီး ကားတစ်စီးနှင့် လျှောက်လည်နိုင်အောင် စေတနာဖြင့် အကြံပေးခြင်း ဖြစ်ပါသည်။
    🙂

    Reply

  • lupol

    September 3, 2011 at 5:52 pm

    သိန်း ၄ဝ နဲ့ အယုတ်အလတ် အမြတ်မရွေး ဝယ်စီးခွင့်ပေးရင်တော့ကောင်းမှာပါ၊
    ( ♪♪♪….ခုတော့လဲ တစ်စိမ်းတွေလို…♪♪♪ ) အဲဒလို ဖစ်နေတာမို့…. :mrgreen:

    Reply

  • zaw min

    September 3, 2011 at 7:40 pm

    ဟုတ်ကဲ့ခင်ဗျာ…ကျနော်ကပဲ ပြန်လည်ဖြေကြားပေးပါ့မယ်…မြန်မာပြည်တွင်းနေထိုင်ကြသော မည်သည့်မြန်မာနိုင်ငံသားမဆိုလျှောက်ထားနိုင်ပါတယ်။အားလုံးကိုပေးပါ့မယ်လို့မပါဘူးနော်…လျှောက်ထားပါ အစဉ်ပြေတဲ့သူကိုဦးစားပေးစနစ်နဲ့ဖြန့်ဖြူးရောင်းချပေးပါမယ်။
    ကျနောတို့အနေနဲ့ မြန်မာပြည်မှာကားမစီးနိုင်တဲ့လူ၊ဟန်းဖုန်းမကိုင်နိုင်တဲ့လူဆိုတာ မရှိရလေအောင်ဆောင်ရွက်သွားမှာပါ၊
    ဆင်းရဲမူပပျောက်ရေး၊ချမ်းသာကြွယ်ဝသော နိုင်ငံသားများဖြစ်ရလေအောင်အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမှာပါ။
    အားလုံးကိုကျေးဇူးတင်ပါတယ်..(လောလောဆယ်တော့ လျှောက်တွေဈေးတက်ပါတယ်ခင်ဗျာ)။

    Reply

Leave a Reply

Your email address will not be published.