မြို့ပတ်ရထားတွဲဆိုင်တစ်ခု လမ်းချော် တိမ်းမှောက်မှုဖြစ်ပွား

Wai Yan LaySeptember 1, 20111min012

အင်းစိန်မှ ရန်ကုန်ဘူတာကြီးသို့ ပြေးဆွဲသော မြို့ပတ်ရထား တွဲဆိုင်းတစ်ခု လမ်းချော်တိမ်းမှောက်မှု ယနေ့မွန်းလွဲ ၂ နာရီခန့်က လှည်းတန်းဘူတာအနီးတွင် ဖြစ်ပွားခဲ့သည်။ ရထားတွဲဆိုင်းလမ်းချော် တိမ်းမှောက်မှုကြောင့် ကျား (၃) ဦး၊ မ (၁) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်…………

12 comments

  • lusoegyikoko

    September 1, 2011 at 4:30 pm

    ပုံလေးပါရင်ပ်ိုကောင်းမယ်နော့်

    Reply

  • မီးမီး သော်

    September 1, 2011 at 4:39 pm

    ဟုတ်တယ်နော်။မြိ ု့ပတ်ရထားတွေကြောင့်ပြည်သူတွေဒုက္ခရောက်ပြန်ပီပေါ့။ဒဏ်ရာရ လူနာများမယ်ထင်တယ်နော်။

    Reply

  • Wai Yan Lay

    September 1, 2011 at 4:39 pm

    Ref: Eleven Media.

    Reply

  • manawphyulay

    September 1, 2011 at 4:40 pm

    လူသေတယ်လို့ သတင်းကြားရပါတယ်ရှင် ဟုတ်ပါသလား။

    Reply

  • moethidasoe

    September 1, 2011 at 4:42 pm

    မြို့ပတ်ရထား မှောက်တာ မကြားဖူးဘူးနော် .. အခုတော့ အမြန်ရထားတွေကို အမီလိုက်နေတာလား
    ဒါမှမဟုတ် တရုတ်က ကျည်ဆန်ရထားကို အမီလိုက်နေတာလား
    ခံစားရသူတွေအတွက်တော့ စိတ် မကောင်းပါ

    Reply

  • weiwei

    September 1, 2011 at 5:02 pm

    အခုလေးတင် အဲဒီသတင်းကြားလာတာ .. လူတော်တော်သေတယ်လို့ကြားတယ် … ခေါင်းတွဲနဲ့ နောက်တွဲ ပြုတ်ကျကျန်ခဲ့ပြီး နောက်တွဲတွေ တုံးလုံးမှောက်ကုန်တာလို့ ပြောကြတယ် … ရွာမကျောင်းလမ်းအလွန်လေးမှာ ဖြစ်တာပါတဲ့ …

    Reply

  • pan pan

    September 1, 2011 at 5:10 pm

    ကောင်းတော့မယ်ဆို စပြီ
    အဲလိုပဲ
    စိတ်မကောင်းလိုက်တာ 🙁

    Reply

  • MaMa

    September 1, 2011 at 5:39 pm

    အချိန်နဲ့ တပြေးညီ တင်ပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

    Reply

  • cobra

    September 1, 2011 at 6:30 pm

    စိတ်မကောင်းစရာပဲဗျာ..အသေအပျောက်သတင်းလေးရရင်လည်း ထပ်တင်ပေးပါဦး

    Reply

  • ဆူး

    September 1, 2011 at 8:01 pm

    ရထားလမ်းချော်တာတော့ ကြားမိတယ် အဲလို တိမ်းမှောက်တာတော့ မကြားဖူးဖူး ဘာများဖြစ်လို့လဲ.. တခုခု ပြသနာ ရှိလို့နဲ့တူတယ်။

    Reply

  • ပေါက်ဖော်

    September 1, 2011 at 8:49 pm

    ယနေ့တွင်ဖြစ်ပွားခဲ့သော အင်စိန် ရန်ကုန် မြို့ပတ်ရထား တွဲဆိုင်း တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များများ၏ နစ်နာမှုများအတွက် မြန်မာ့မီးရထားမှ အပြည့်အဝ တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းမန်နေဂျာက ပြောသည်။

    မီးရထားတွဲဆိုင်း တိမ်းမှောက်မှုကြောင့် မီးရထားရုံပိုင်တစ်ဦးအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်မှု ပြင်းထန်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ရာ ၎င်းတို့ နစ်နာမှုများအတွက် မြန်မာ့မီးရထားမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

    “အခုပဲ မြန်မာ့မီးရထားက တိုင်းဆရာဝန်ကြီးကို အရေးပေါ်ဌာနကို စေလွှတ်လိုက်ပါပြီ၊ လိုအပ်တာအားလုံး မြန်မာ့မီးရထားက တာဝန်ယူဖြေရှင်းသွားမှာပါ၊ ပျက်နေတဲ့ လမ်းပိုင်းကိုလည်း ချက်ချင်းပြင်ဆင်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

    အင်းစိန်ဘူတာရုံမှ နေ့လည် တစ်နာရီအချိန်တွင် ထွက်ခွာလာသော အင်းစိန်-ရန်ကုန်မြို့ပတ်ရထား (ရထားအမည် တောင်ပြန်ရှစ်) သည် နေ့လည် ၁နာရီ ၅၅ မိနစ် အချိန်ခန့်တွင် ကမာရွတ်မြို့နယ် လှည်းတန်းဘူတာ အနီး မိုင်တိုင် ၅၅၊၅၆ အရောက်တွင် တွဲချော်မှု ဖြစ်ပွားပြီး နောက်ဆုံးတွဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

    ရထားတွဲ တိမ်းမှောက်မှုကြောင့် အင်းစိန်မီးရထားရုံပိုင် ဦးကျော်ဆွေသည် ခါးအောက်ပိုင်း ထိခိုက်မှု ရှိခဲ့ပြီး မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ ၎င်းကို တစ်ခြမ်းစောင်းလဲနေသည့် မီးရထားတွဲအောက်မှ ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

    အခြားဒဏ်ရာရသူများဖြစ်သည့် ဦးကြည်ရှင်းနှင့် ကိုလှဦးတို့မှ ထိခိုက်မှု ပြင်းထန်ခြင်းမရှိသော်လည်း အသက် ၄၉ နှစ်အရွယ် ဒေါ်လီခင်မှာမူ ဦးခေါင်းပေါက်ပြဲပြီး ခြေထောက်နှစ်ဖက် ထိခိုက်မှု ရှိထားသဖြင့် စောင့်ကြည့်ရမည့် အခြေအနေရှိကြောင်း အခင်း ဖြစ်ပွားရာတွင် ရောက်ရှိနေသည့် မီးသတ်ဦးစီး တာဝန်ရှိသူတစ်ဦးကပြောသည်။

    မီးရထားတွဲ တိမ်းမှောက်ခြင်းနှင့်ပတ်သတ်ပြီး မည်သည့်လုပ်ကြံဖန်တီးမှု ကြောင့်မျှမဟုတ်ပဲ ရထားလမ်းကြံ့ခိုင်မှု အားနည်းနေခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော် ဗိုလ်မှုကြီး တစ်ဦးက သတင်းထောက်များကို ပြောသည်။

    “သဘာဝကြောင့် ဖြစ်တာပါ။ရထားလမ်းက ကြံ့ခိုင်မှုတွေ ပြင်ဆင်သွားရမှာပါ” ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

    “ရထားလမ်းက မနက်ပိုင်းက မိုးရွာလို့ ရေကျော်ထားတာ၊ဇလီဖားတုံးတွေက ကွန်ကရစ်ပါသလို ဆွေးနေတဲ့ သစ်သားတွေလည်း ရှိနေတယ်။ကျွန်တော်မြင်တာကတော့ နောက်ဆုံးတွဲက ဆွေးနေပြီး ရေမြုပ်ထားလို့ အိနေတဲ့ ဇလီဖားတုံးကို နင်းမိတဲ့အချိန် အိကျသွားပြီး လမ်းချော်တော့ အဲ့တစ်တွဲလုံးလမ်းချောသွားပြီး တစ်ဖြည်းဖြည်းနဲ့ ညာဖက်ကို တိမ်းမှောက်သွားတာ၊ မှောက်တဲ့အရှိန်နဲ့ တွဲဆက်ပြုပ်သွားတော့ ရှေ့မှာရှိတဲ့ တွဲတွေကတော့ ဘာမှမဖြစ်လိုက်ဘူးပေါ့” ဟု အဆိုပါ တိမ်းမှောက်မှု ဖြစ်ပွားရာ လမ်းနဘေး နေထိုင်သူ အသက် ၃ဝ ကျော်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

    တိမ်းမှောက်သည့် တွဲပေါ်တွင် ခရီးသည် အရေအတွက် အတည့်အကျ မည်မျှပါသည်ကို သက်ဆိုင်ရာမှ ထုတ်ပြန်နိုင်ခြင်းမရှိသော်လည်း အဆိုပါရထားပေါ်တွင် ဈေးလိုက်လံရောင်းချနေသူတစ်ဦးကမူ ခရီးသည် နှစ်ဆယ်ဝန်းကျင်သာ ထိုတွဲပေါ်တွင် လိုက်ပါမှု ရှိလာသည်ဟု ပြောသည်။

    “အဲ့ဒီတွဲဖက်ကျွန်တော်ရောက်သွားပါတယ်။ခရီးသည် သိပ်မပါဘူး။နှစ်ဆယ်တောင် မပြည့်လောက် ဘူး။ ရှေ့တွဲတွေမှာတော့ ပြည့်နေတယ်၊ရှေ့တွဲတွေပါ ပါလိုက်ရင် အခြေအနေက တော်တော်ဆိုးမှာ” ဟု အဆိုပါရထားပေါ်တွင် ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။

    ယခုရထားတွဲ တိမ်းမှောက်မှုကို ကမာရွတ်ရဲစခန်းအနေဖြင့် အမှုဖွင့်ရန် အနေအထားမရှိကြောင်း ကမာရွတ်မြို့နယ် ရဲစခန်း စခန်းမှုးက ပြောသည်။ဖြစ်စဉ်တွင် တာဝန်ရှိသူများဖြစ်သည့် ဂါတ်ဗိုလ်မင်းမင်းဦး နှင့် တွဲထိန်း မင်းမင်းထွန်းတို့ကို လတ်တလောတွင် ထိန်းသိမ်းထားကြောင်း မီးရထားဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

    သတင်း.. နေလင်း၊ ရန်နိုင်(မြစ်မခ)

    Copied from:http://myatlayngon.blogspot.com/2011/09/blog-post_9637.html

    Reply

  • nature

    September 1, 2011 at 10:12 pm

    အဓိကမှောက်ရတဲ့ အကြောင်းအရင်းက ဘာများလည်း။ နောက်တခါထပ်မဖြစ်အောင် ဂရုစိုက်ဖို့လိုပါတယ်။

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.