ဆောက်သမ်းမြန်မာ ပွဲအတွက် ဇေယျာရွှေမြေ ပရိသတ် ၁၅၀၀ဝ ခန့် ခေါ်ဆောင်လာမည် ဟုသိရ

BayoteMay 13, 20101min00

လာမည့် မေလ ၁၅ ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည့် ဇေယျာရွှေမြေ – ဆောက်သမ်း ပွဲစဉ် အတွက် စစ်ကိုင်းတိုင်း အတွင်းမှ ပရိသတ် ၁၅၀၀ဝ ခန့်ကို ဇေယျာရွှေမြေ အသင်း၏ အစီအစဉ်ဖြင့် ခေါ်ယူလာမည်ဟု သိရသည်။

အဆိုပါ ပွဲစဉ်ကို မန္တလေးမြို့၊ ဗထူး အားကစား ကွင်းတွင် ကျင်းပမည် ဖြစ်ပြီး စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ တန့်ဆည်၊ ရေဦး၊ ကျွန်းလှ၊ ကန့်ဘလူ၊ မြင်းမူ၊ ဝက်လက်၊ အုန်းတော၊ လှတော၊ ချောင်းဦး၊ ဆားတောင်၊ ရွာသစ်ကြီး၊ စာရေးအရှေ့၊ စာရေး အနောက်၊ ပဒူ၊ ခက်ခ၊ ကန်ကြီးကုန်း၊ ကျောက်ပနံ၊ ရွာသစ်၊ ဆည်လေး၊ စကျင်၊ ရေခါး၊ ကျောက်တာ၊ တစ်အိမ်တည်း၊ ကျောက်ဆည် တို့မှ ပရိသတ် ၁၅၀၀ဝ ခန့်ကို ကားစီးရေ (၂ဝဝ)ဖြင့် ခေါ်ဆောင် လာမည်ဟု သိရသည်။ စစ်ကိုင်းတိုင်း တစ်ဝှမ်းမှ လိုက်ပါလိုသူ ပရိသတ်များ အတွက် သယ်ယူ ပို့ဆောင်ရေးစရိတ် များကို အသင်းမှ ကျခံပေးမည် ဖြစ်ပြီး အသင်းမှ စီစဉ်သော ကားများဖြင့် လိုက်ပါမည့် ပရိသတ်များသည် ဇေယျာရွှေမြေ အသင်းအကျႌ ဝတ်ဆင်လာကြရန် အသင်းပိုင် ဝက်ဘ်ဆိုက်မှ နှိုးဆော်ထားသည်။

ပရိသတ် များကို ကားစီစဉ် ပေးရာ၌ အသင်းမှ ကားခများ ထုတ်ပေးခြင်း ဖြစ်ပြီး နေရာ အနီးအဝေး အလိုက် အနည်းဆုံး ကျပ် ၂၀၀၀ဝ မှ အများဆုံး ကျပ် ၁၅၀၀၀ဝ အထိ ထုတ်ပေးထား ရကြောင်း သိရသည်။ ဇေယျာရွှေမြေ အသင်းသည် လတ်တလောတွင် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် အသင်း ဖြစ်သော်လည်း ဆောက်သမ်း မြန်မာ အသင်းသည် နည်းပြချုပ် ကင်ဝေါ်ဒန် အစွမ်းဖြင့် ကမော္ဘဇ ကိုပင် အနိုင်ကစား ထားသောကြောင့် အကြိတ်အနယ် ရှိသည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

Source: Soccer Myanmar

Leave a Reply

Your email address will not be published.