ဩဂုတ် ၃၁ ရက်နေ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဘလောဂ်ဒေးနေ့

manawphyulayAugust 30, 20111min04

ဘာလိုလိုနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဘလောဂ့်ဒေး ဩဂုတ် ၃၁ ရက်ကို ရောက်ရှိလာပြန်ပါပြီ။ နှစ်စဉ် ရန်ကုန်မှာလုပ်တဲ့ ဘလောဂ့်ဒေး အမှတ်တရ နေ့ရက်လေးတွေကိုလည်း အမြဲအမှတ်တရ သတိရနေမိပါတယ်။ ဘလောဂ့်ဒေးနဲ့အတူ မနောတို့ရဲ့ မြန်မာဘလောဂ်ဂါအဖွဲ့အစည်းကတော့ ၂၀၁၁ ဆိုရင်ဖြင့် ငါးနှစ်တိုင်တိုင်ပြည့်ခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း ဘလောဂ်မောင်နှမတွေစုဖြစ်ကြပြီး ဟောပြောပွဲတွေ၊ တွေ့ဆုံပွဲတွေ လုပ်ခဲ့ကြပြီး ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ရင်းနှီးမှုတွေကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာအင်ဖိုတက်မှာ ဟောပြောပွဲတွေနဲ့ လက်ဆောင်ပစ္စည်းများပေးပြီး တင်ဆက်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်ကတော့ နှစ်တွေထဲမှာ အပျော်ဆုံးနှစ်တစ်နှစ်ဆိုလည်း မမှားပါဘူးလေ။ အဲဒါကတော့ ပထမတစ်ရက်မှာ ဘလောဂ်ရေးသားသူတွေကို ကန်တော်ကြီးမှာ စုပြီး စားကြသောက်ကြ တွေ့ဆုံဆွေးနွေးကြနဲ့ နောက်ရက်ကျတော့ ပြည်မြို့ဟောင်း သရေခေတ္တရာကို သွားလည်ကြတာ ခုချိန်ထိ မေ့မရနိုင်သေးဘူး။


ဒီနှစ်တော့ ဟောပြောပွဲထက် ခရီးသွားမလား။ ဘယ်လိုလုပ်ကြမလဲဆိုတာ တိုင်ပင်တော့ ခရီးလည်းသွားချင်တယ်။ ဒီမှာလည်း လူစုံချင်တယ်လို့ ပြောကြတော့ ခုထိတော့ စီစဉ်နေကြတုန်းပါပဲ။ ဩဂုတ် ၃၁ ရက်နေ့က ကြားရက်ဖြစ်နေလို့ ၃ ရက်နေ့ကို စီစဉ်ကြမယ်လို့တော့ ပြောနေတုန်းပါပဲ။ ဒီနှစ်က တည်ထောင်ထားတဲ့ မြန်မာဘလောဂ်အဖွဲ့အစည်းရဲ့ ၅ နှစ်ပြည့် အထိမ်းအမှတ်လေးလည်း လုပ်ချင်ကြပါသေးတယ်။ တစ်ခုခုတော့ လုပ်ဖြစ်မှာပါ။ တစ်နှစ်မှ တစ်ခါ ဘလောဂ်ဂါတွေ တွေ့ဆုံပွဲလေးကို လုပ်ဖြစ်မယ်ဆိုရင်တော့ အားလုံးပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါရစေရှင်။

4 comments

  • ကြောင်ကြီး

    August 31, 2011 at 10:01 am

    ဘလော့ဂါ
    အဖော်မရှာ
    မတော်ပါ..
    အော်ဒါ
    မျှော်တာ
    သော်တာ..
    ဖော်သဟာ
    စော်ဟာ
    ပျော်စရာ..
    မညှော်တာ
    အတော်ကြာ
    ခေါ်ကွာ..။

    Reply

  • manawphyulay

    August 31, 2011 at 10:33 am

    ဦးကြောင်ကြီးနော်
    ဘာ အော်ဒါကို မျှော်နေပြန်သတုန်း…. 🙁

    Reply

  • ပေါက်ဖော်

    August 31, 2011 at 10:35 am

    ခေါ်မကွာ.
    ဘလော့ဂါ..
    ဆော်ဒါ
    ပေါ်တာ
    ဒေါ်လာ
    ပေါ်မလာ
    ကြောင်ကြောင်လာ
    😛

    မောင်ဘလော့ဂါ..မယ်ဘလော့ဂါတို ့..
    ပါတီမှာ ဝါးတီး အစီအစဉ်ရှိရင်လဲ
    တားတားတို ့ကို ပါဆယ်ပို ့ပေးလိုက်ဦး

    Reply

  • မီးမီး သော်

    August 31, 2011 at 12:23 pm

    ပေါက်ဖော်ပြောတာဟုတ်တယ်နော်။စားပွဲလေးပါရင်တော့ခေါ်ပါ။လာမယ်နော်။ဟိဟိ။ဘယ်နေ ့လဲဟင်. ကြိ ုတော့ပြောပါနော်။

    Reply

Leave a Reply to ကြောင်ကြီး Cancel Reply

Your email address will not be published.