ဝန်ကြီးအဖွဲ့ ပါတီတည်ထောင်ခွင့်ရှိသည်ဟု အစိုးရပြော

BayoteMay 13, 20101min02

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာသွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ၏ခရီးစဉ်အတွင်း စစ်အစိုးရဝန်ကြီးတော်တော်များနဲ့ တွေ့ဆုံခဲ့ပြီး မိမိသိလိုသည်များကို အဆိုပါဝန်ကြီးများအားမေးမြန်းခဲ့သည်ဟုသိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူလိုက်ပါသွားသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Larry M. Dinger က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စပ်လျဉ်း၍

မကြာခင်ကမှ စစ်ရာထူးများမှ အနားယူသွားကြသည့် ဝန်ကြီးများ အနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မြေမြန်းရာ ရွေးကောက်ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပါတီတည်ထောင်လိုသူများတွင် နိုင်ငံ့ဝန်ထမ်းများ မပါဝင်ရန်သာ ဥပဒေပြဋ္ဌာန်းချက်ရှိကြောင်း၊ အဆိုပါဝန်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post သာဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်ဟု ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင်ဖော်ပြထားသည်။ လက်ရှိဝန်ကြီးများ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခြင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပေဒပုဒ်မ ၄၄၄(က) အရ ဥပဒေနှင့် ညီညွတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု အဆိုပါသတင်းစာတွင်ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သံတမန်၏ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ ထားရှိရေးနဲ့ပတ်သက်ပြီး မေးမြန်ရာတွင် ၂၀၁ဝ အတွင်းကျင်းပမည့် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတအောင် စီစဉ်ထားသည့်အတွက် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ မလိုအပ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်ဟုသိရသည်။

2 comments

  • kogyimaung

    May 13, 2010 at 5:26 am

    Political Post ဝန်ကြီးများရဲ ့စားဝတ်နေရေးကို ဘယ်သူကများတာဝန်ယူပါသလဲခင်ဗျား..သိချင်ပါတယ်..နိုင့်ငံတော်က ကျွှေးတာကို စားနေတယ်ဆိုရင်တော ့နိုင် ့ငံဝန်းထမ်းတယောက်လို ့ပဲ ယူဆပါတယ်…

    Reply

Leave a Reply

Your email address will not be published.