အဖေ…

koyinAugust 31, 20111min010

အဖေ (တိတ်တဆိတ် တမ်းတမိသော)

အဖေ…
ကျနော့်ဘဝ နွေထဲမှာ…။

ပြန်မလာနိုင်တော့တဲ့ ခရီး
အဖေတစ်ယောက်တည်း စီးနင်းလို့ထွက်ခွာ
ကျနော်တို့ မိသားစုမှာတော့
ရွှေတောင်ကြီး ပြိုလဲ သွားသလိုမျိုး
ဟိုတုန်းက ဆိုးခဲ့ဖူးတဲ့ ကျနော်
ညီမတွေကို အော်ငေါက်
ဆေးလိပ်သောက် အရက်ကြိုက်
ဖဲမရိုက်တတ်တာက လွဲရင်
မိသားစု ငြိုငြင်အောင် မိုက်ခဲ့တာ
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု
အဖေ စနစ်တကျ ပြုစုပျိုးထောင်
ကျနော့်ကြောင့် မိုးမှောင်တွေ ကျခဲ့ဖူးတယ်
မရှိမဲ့ ရှိမဲ့
အဖေ့အိပ်ကပ်ထဲက ပိုက်ဆံ
ကျနော်တို့ ဆိုင်ထိုင်တော့ နည်းလိုက်တာ….။
မိသားစုအတွက် အဖေရှာသမျှ
ကျနော့်အတွက် မလောက်မငှဖြစ်ခဲ့
ညီမနှစ်ယောက်ရဲ့ ရှေ့ရေး
ကျနော် တစ်ခါမှ ထည့်မတွေးခဲ့ဘူး အဖေ…။
အိမ်မှာ ဖြစ်ချင်တာ ဖြစ်
အမေ စိတ်ညစ်မှာလည်း မကြောက်
ကျနော့်ဘာသာ သွေးနားထင်ရောက်ခဲ့တာ
လိုချင်တာ တစ်ခုတည်း အတွက်
အရာရာကို မျက်ကွယ်ပြုလို့…
အခုမှ မျက်ရည်စို့တယ်ဆိုရင်
အဖေ လှောင်ရီလေမလား…။
အားလုံးကို အဖေ စွန့်ခွာသွားမှ
လောကဓံက ရက်စက်တတ်မှန်း
မျက်ကန်းကျနော် သိခဲ့ပြီ အဖေ…။
အမေနဲ့ ညီမတွေကို ပစ်ပြီး
ရေမြေရပ်ခြားမှာ စီးပွားလာရှာတဲ့ကျနော်
အဖော်မရှိ တစ်ကိုယ်တည်း
ခရောင်းလမ်းမှာ စမ်းတဝါးဝါး
အဖေ့ရဲ့ အားပေးစကားနဲ့
ခွန်အားတွေ လိုအပ်နေတယ် အဖေ…။

အမေနဲ့ ညီမတွေရဲ့ အဝေးမှာ
ကျနော် မပျော်ရှာပေမယ့်
အဖေသာ အနားက ဖေးမပေးနေမယ်ဆိုရင်…..။ ။

တောက ကိုရင်

(၁၉.၀၆.၂၀၁၁
အဖေများနေ့
အမှတ်တရ)

10 comments

  • MAUNG

    August 31, 2011 at 3:24 pm

    ကောင်းတယ် ဗျာ။ ရင်ဘတ် နဲ့ အပြည့် ခံစားသွားတယ် ။ အားပေးပါတယ် ။ ဆက်ရေး ပါ။

    Reply

    • koyin

      August 31, 2011 at 4:02 pm

      ဟုတ် ကျေးဇူးပါ…
      အားပေးတဲ့သူတွေ ရှိလို့ ရေးရတာ အားရှိပါတယ်..
      မောင် ပျော်ရွှင်ပါစေ…

      Reply

  • myanpyithar

    August 31, 2011 at 4:15 pm

    တော်တော်ကောင်းပါတယ်
    အားကျတယ်ဗျာ
    ရေးတတ်ချင်လိုက်တာ..

    Reply

    • koyin

      August 31, 2011 at 4:45 pm

      ဟုတ်…
      အားပေးပါတယ်..
      ရေးပါ…
      ကိုယ့်ရင်ထဲရှိတာတွေသာ ချရေး..
      တေးစပ်ချင်ရင် တေးကိုသာ ရအောင်ကျက်ပါတော့ တဲ့
      စလေ ဦးပုညက ပြောထားတယ်
      ကဗျာတွေ များများဖတ်ပေ့ါဗျာ
      အကူအညီလိုရင် koyin.aaa13 ကို အက်နိုင်ပါတယ်…
      ကိုရင်လည်း လက်တည့်စမ်းတဲ့ အဆင့်ပဲ ရှိသေးတာပါ…
      ပျော်ရွှင်ပါစေ…

      Reply

  • ရွှေအိမ်စည်

    August 31, 2011 at 5:04 pm

    အဟ…
    …………………
    ………………………..
    မပျော်ရှာဘူး….ညညဆိုချက်ဝိုင်းမှာ
    ချက်ဆိုလို ့ချက်ဘောက်ငါပိတ်တာမဟုတ်ဘူး..
    မန်ဘာ250ကျော်ရင်သူ ့အလိုလို်facebookကပိတ်ပစ်တာ…
    ငါကိုလာပြောနေကြတယ်
    လိမ်မာပါသားရေ…..
    အဖေကအနားမှာမနေနိုင်ဘူး……
    အခုတွေးတော့သားရေ…..

    **********

    မရှိမဲ့ ရှိမဲ့
    အဖေ့အိပ်ကပ်ထဲက ပိုက်ဆံ
    ကျနော်တို့ ဆိုင်ထိုင်တော့ နည်းလိုက်တာ….။
    မိသားစုအတွက် အဖေရှာသမျှ
    ကျနော့်အတွက် မလောက်မငှဖြစ်ခဲ့
    ညီမနှစ်ယောက်ရဲ့ ရှေ့ရေး
    ကျနော် တစ်ခါမှ ထည့်မတွေးခဲ့ဘူး အဖေ…။

    *************************

    ငါဧ။်သူငယ်ချင်းလခတိုးပါစေ…ဟုတ်

    Reply

    • koyin

      August 31, 2011 at 5:15 pm

      အောင်မယ်
      လာလာချည်သေး..
      လခ က တိုးပြီးသွားပြီလေ..
      ဟီး…
      ဒီကဗျာ ဖတ်ပြီးရင်တော့ ငါ့ကို အားလုံးက လူဆိုးကြီးလို့ ထင်ကုန်တော့မယ်
      ကိုရင် ဘယ်လောက်ရိုး ဘယ်လောက်အေးတယ်ဆိုတာ
      ထိပ်ထားလေးကို မေးကြည့်ကြပါဗျို့…
      ခံစားချက်တွေနင့်အောင် ပိုပိုသာသာလေး ရေးထားတာဖြစ်ပါကြောင်း…
      ထိပ်ထားလည်း ပျော်ရွှင်ပါစေ…

      Reply

  • မီးမီး သော်

    August 31, 2011 at 10:31 pm

    “”အားလုံးကို အဖေ စွန့်ခွာသွားမှ
    လောကဓံက ရက်စက်တတ်မှန်း
    မျက်ကန်းကျနော် သိခဲ့ပြီ အဖေ…။””

    ကိုရင်ရေ ဝင်ဖတ်ပြီး ခံစားသွားပါတယ်။

    Reply

    • koyin

      September 1, 2011 at 4:12 pm

      ဟုတ်ပ မီးမီးရေ…
      ဖတ်ရှုအားပေးရင်း ခံစား
      နှလုံးသားတွေ မျှဝေတတ်ရင်
      အကြောင်းခြင်းရာတွေ မတူပင် မတူငြား
      အားလုံးဟာ သားသမီးတွေချည်းပဲလေ…
      တစ်နေ့မှာ ကိုယ်တွေ မိဘနေရာ ရောက်ရအုံးမှာပ…။
      မီးမီးပျော်ရွှင်ပါစေ…

      Reply

  • blackchaw

    September 2, 2011 at 2:58 pm

    ကိုရင်ရေ
    ဒီတစ်ပုဒ်ထဲကို ဖတ်တာမဟုတ်ပါဘူး။ ခင်ဗျားရေးရေးနေတဲ့ ကဗျာလေးတွေ ဖတ်ဖြစ်နေပါတယ်။
    ခင်ဗျားက ဂျက်ကွမ်းခြံကုန်းစကားနဲ့ ပြောရရင် လက်ရှိတယ်လို့ ဆိုရမယ်ဗျာ။ လုပ်ပါ။ အားပေးနေပါတယ်။

    Reply

    • koyin

      September 2, 2011 at 4:11 pm

      ဟုတ်
      ကျေးဇူးပါ…
      ကဗျာတွေ ရေးတာကတော့ ဝါသနာပါလို့ ရေးတာ
      တင်ရတာက တကယ်ကို မဝံ့မရဲနဲ့ပါ…
      ခုလို လက်ခံတဲ့သူတွေ အားပေးတဲ့သူတွေ ရှိတော့
      တကယ်ကို ပျော်ရွှင် ကျေနပ် ပီတိတွေ အထပ်ထပ်ဖြစ်ရပါတယ်…
      ထပ်ပြီး ကြိုးစားရေးနေအုံးမှာပါ….
      ပျော်ရွှင်ပါစေ…

      Reply

Leave a Reply

Your email address will not be published.