လမ်းခွဲ

မောင် ပေAugust 29, 20111min08

တိတ်ဆိတ်ဆွံ  ့အ နေတဲ့ ဝန်မခံခြင်းများ ကြားမှာ

လိုချင်ရှာဖွေ မိတဲ့ အမှန်တရားတွေ ရှိတယ်

ကျယ်ကျယ်လောင်လောင် ထုဆစ်ခဲ့တဲ့

သံယောဇဉ် ကြိုးများအတွက်

ဘယ်တော့မှ သော့မခတ်ခဲ့ဘူး

အက်ဆစ် မိုးရေတွေ ကို လည်း ချိုမြိန်ခဲ့ဖူးတယ်

ရွက်သစ် မိုးစိုတွေ ကို လည်း ဘုရားမှာ လှူဖူးတယ်

ငါ ဆုတောင်းခဲ့တာ မင်းမသိနိုင်သလို

မင်းဆုတောင်းခဲ့တာလည်း ငါနဲ ့ပေါင်းဖို ့မဟုတ်ဘူး

ငါနှစ်သက်တဲ့ စီးကရက် ကို မင်းမုန်းတယ်

မင်းကြိုက်တဲ့ ကွာစိ ကြ လက်သည်းစူးတယ် ..

ငါသောက်တဲ့ ဗြိတိန်က စမ်းရေ  ကို မင်း က ချဉ်တယ်

မင်းသောက်တဲ့ ဒိန်ချဉ် ကို ငါ က ချဉ်တယ် ..

ငါ့ ကာရံ တွေ ကို မင်းက အာခံတယ်

မင်း စာသံတွေ ကို ငါ က ဆူညံတယ် ..

မင်း က ရုပ်ရှင်ရုံ သွားဖို ့ငါ့ခေါ်တယ်

ငါ နဲ ့စာအုပ်အဟောင်းတန်း သွားဖို ့ကြ မင်း မသိ ..

မင်း ကျောင်းသွားဖို ့မင်းရတဲ့ မုန် ့ဖိုး ၅၀၀ဝ ကို မင်း ခုံမင်သလို

ငါ့ ကဗျာတစ်ပုဒ် အတွက် ရတဲ့ ၅၀၀ဝ ကျပ် ကို ငါ ခုံမင်တယ် ..

နေ ့တိုင်း ပိုက်ဆံ မရတဲ့ ငါ့ကို မင်း ကောတယ်

နေ ့တိုင်း ပိုက်ဆံ ရတဲ့ မင်း ဆီ ငါ တောင်းဖူးလို ့လား ..

နေပါဦး လို ့မင်းပြောတယ်

ငါပြောမယ့် အမှန်တရား အတွက် မင်းလည်းနေပေးပါဦး

ဟောဗျာ….

ဆံပင်ရှည်

စတစ်ကော်လံ

ကချင် ပုဆိုး

သားရေဖိနပ် နဲ ့

ရိုးရှင်းတဲ့ ငါ့ကို မင်းကစပြီး စိတ်ဝင်စားတာဆို

မင်းတို ့အခန်းရှေ  ့

ကဗျာစာအုပ် ရောင်းတုန်းက

ငါ့ဘဝထဲ ကို မင်း ဇွတ်ဝင်ခဲ့တာလေ

ကိုရီးယား ကား မကြည့်ဖူးပေမယ့်

မင်းသမီး က ဒီလို ဆိုပြီး

I love you ..လို ့

နင်ပြောခဲ့တာလေ..

အနမ်းတစ်ပွင့် ပဲ ယူပြီး

မင်းဝါးပြီးထွေးပစ်တဲ့ ပီကေ လို

ထွက်သွားတော့မှာလား…………

ငါ့ကဗျာထဲ က

ငါ့သွေးသား ဟာ

မင်းကိုယ်တိုင် ဖြစ်လာတော့မှာလား….

မေးခွန်းတွေ များလွန်းတဲ့

ကဗျာ ကို

ခင်ဗျားတို ့ကြိုက်ချင် ကြိုက်ပါ

မကြိုက်ချင်လည်း မကြိုက်ပါနဲ ့

ကျေနပ်လွန်းလို ့ပါ ။

8 comments

  • Shwe Ei

    August 29, 2011 at 3:16 pm

    ခံစားချက် အစစ်အမှန်တွေများလား?
    မိုက်တော့ မိုက်တယ်။

    Reply

  • Nan Shin

    August 29, 2011 at 3:19 pm

    ဒီကဗျာလည်း ငါးထောင်ရသွားပြန်ပြီပေါ့နော်။
    ချစ်သူကို စိတ်မဆိုးပါနဲ့ဗျာ။
    သူ့ကြောင့်ကဗျာတွေဖြစ်နေမှတော့ တောင်းနေစရာမလိုတော့ပါဘူး။
    သူနဲ့သာဆန့်ကျင်ဘက်များများလုပ်ပေးပေါ့။
    တစ်နေ့ကဗျာဆယ်ပုဒ်ဆို မနည်းဘူးဗျ။ဟီး။

    Reply

    • windtalker

      August 29, 2011 at 3:24 pm

      အဲဒါ မိန်းပွိုင့် ပဲ နော်
      မနန်းရှင်
      တစ်နေ ့ကို ကဗျာ ဆယ်ပုဒ် = ငါးသောင်းကျပ်
      တစ်လ ရက်၃ဝ ဆို = တစ်သိန်းခွဲ
      အားပါးပါး
      ကဗျာ ဆရာ မှ သူဌေးမဖြစ် ဘယ်သူ ဖြစ် မလဲ
      ဟားဟား
      တစ်ကယ့် ကဗျာဆရာကြီးတွေ ကြားသွားလို ့
      ကျုပ် လာသတ်နေဦးမယ်
      စတာပါဗျို ့

      Reply

      • windtalker

        August 29, 2011 at 3:26 pm

        အရေးထဲ သချင်္ာ က တော်ပြ နေပြန်ပြီ
        အပေါ်က ကွန်မင့် ကို
        တစ်နေ ့ငါးသောင်း
        ဆယ်နေ ့ငါးသိန်း
        တစ်လ တစ်ဆယ့်ငါးသိန်း လို ့
        ပြင်ဖတ်ပေးကြပါ နော်

        Reply

  • Moe Z

    August 29, 2011 at 3:45 pm

    မိုက်တယ်ဗျို့…ကိုရီးယားကားထဲက မင်းသမီးတွေလို
    အရင် propose လုပ်တဲ့သူနဲ့ တွေ့ပါစေ 🙂

    Reply

  • king

    August 29, 2011 at 4:51 pm

    လမ်းခွဲ ဆိုလို့
    ဖိုးကာ သီချင်းမှတ်နေတာ
    ကဗျာလေးပဲ
    ကြိုက်တယ်ဗျ
    ကဗျာထဲက ရုပ်ရှင်ရုံခေါ်မယ့် ကောင်မလေးတော့ လိုချင်သား
    မီးမီးသော်တို့ ဦးဆောင်တဲ့ ရွာသူ/သားတွေလာကြည့်မယ့် ကားတော့ မကြည့်ချင်ဘူး
    ဘာလို့လဲဆိုတော့ ဒီတစ်ခါကျရင် သူတို့တွေလက်ထဲမှာ ကင်မရာတွေ လက်ကိုင်ဖုန်းတွေ ကိုင်ထားကြမှာစိုးလို့ ………… 😀

    Reply

  • ဆူး

    August 29, 2011 at 6:39 pm

    အခုတော့ ၅၀၀ဝ မရဘူး.. ၄ဝ တော့ ရမှာ သေချာတယ်။
    ဆူး က ၃ကျပ် ထပ်ပြီး အားဖြည့်ပေးလိုက်မယ်။

    Reply

  • alinsett

    August 29, 2011 at 7:07 pm

    သိပ်ကောင်းပါတယ် ဆိုတဲ ့စကားနဲ ့တောင် မလုံလောက်တဲ ့ကောင်းခြင်း..ပါ ။
    ဒီလို ခံစားချက် ပြင်းထန်တဲ ့စာလေးတွေက ထ၏ဖတ်သူရဲ ့၊ရင်ထဲ ကို တိုက်ရိုက်ရောက်သွားတတ်ပါတယ် ။

    တိုက်ဆိုင်မှုရှိသူတွေ ဖတ်မိရင် ပို ခံစားရတာပေါ့ဗျာ..။

    ဒီ ပို့စ် လေးအတွက် ကျေးဇူးပါပဲ.။

    Reply

Leave a Reply to alinsett Cancel Reply

Your email address will not be published.