ဥပုဒ်စောင့်သောကျား

Shwe Myine TharAugust 29, 20111min015

ဥပုဒ်စောင့်သောကျား
တစ်ခါကတောအုပ်တစ်ခုတွင် ရေတွေကြီးပြီး မိုးသက်မုန်တိုင်းကျ ၍တောရိုင်း
တိရိစာ္ဆန်တွေအားလုံးဟာလေပြင်းနဲ့အတူရေထဲမျောပါသွားသတဲ့ကွယ်……….
အဲဒီထဲမှာအသားစားကျူးတဲ့ကျားတစ်ကောင်လဲပါသွားတယ်…………….
ဒါပေမဲ့ကံကောင်းတဲ့ကိုရွှေကျားကမျောပါရင်းနဲ့ ကျောက်ဆောင်တစ်ခုပေါ်ကိုရောက်သွားသတဲ့ကွယ်…………..
သေမဲ့ဘေးကလွတ်ခဲ့တဲ့ကျားကကျောက်ဆောင်ကြီးပေါ်မှာ တစ်ကောင်တည်းဘာစားစရာမှမရှိ
ဘေးပတ်ဝန်းကျင်မှာကလည်းရေတွေကမကျသေး
ဒီလိုနဲ့လေးငါးရက်လောက်ကြာလာတော့ကိုရွှေ ကျားကြီးကအစာအဟာရပြတ်ပြီးပိန်လာတာပေါ့၊…………
အဲဒီမှာကိုရွှေကျားကြီးကစဉ်းစားမိတယ် ငါဒီပုံစံအတိုင်းဆိုသေမှာပဲ
မသေခင်ဘာမှလဲမစားရတော့မဲ့အတူတူအကျိုးရှိအောင် ဥပုဒ်စောင့်ရင်ကောင်းမယ်ပေါ့။
ဒါနဲ့ကျားကြီးကဥပုဒ်စောင့်ရင်းအိပ်နေသတဲ့ကွယ်…….
အဲဒီလိုနေရင်းနဲ့တစ်ရက်တောင်ဆိတ်တစ်ကောင်ဟာလဲရေထဲကမျောပါလာရင်းနဲ့ ကိုရွှေကျားကြီးရှိတဲ့ကျောက်ဆောင်ပေါ်ကိုရောက်လာသတဲ့
အဲဒီမှာပထမရောက်နေတဲ့ကိုရွှေကျားနဲ့တိုးတာပေါ့
ကိုရွှေကျားကလည်းငါကဥပုဒ်နဲ့ပဲမစားတော့ပါဘူးဆိုပြီးဆက်အိပ်နေတာပေါ့ ဒါပေမဲ့တောင်ဆိတ်ရဲ့အနံ့ကကိုရွှေကျားရဲ့နှာခေါင်းထဲကိုလေလေးသင့်တိုင်းရောက်ရောက်လာတယ်…….
ဥပုဒ်စောင့်နေတဲ့ကိုရွှေကျားကလဲငါမစားလဲဒီဆိတ်ကသေမှာပဲ
ငါစားလိုက်ရင်ဥပုဒ်ဆက်စောင့်နိုင်မယ်လို့တွေးမိတယ်…
မစားရ ရင်မနေနိုင်တော့တဲ့စိတ်ဖြစ်ကာ
အဲဒီမှာပဲတောင်ဆိတ်ကိုကိုရွှေကျားကစားလိုက်ပါတော့တယ်….
ဒီပုံပြင်လိုပဲ ကိုရွှေကျားကဥပုဒ်ကခဏခဏထွက်ပြီးအသားဆက်စားမလား။
ကိုရွှေကျားကဥပုဒ်ပဲဆက်စောင့်မလား။
ကျွန်တော်ကတော့ကိုရွှေကျားကိုဥပုဒ်ပဲဆက်စောင့်စေချင်တယ်…….
ဘာဖြစ်လို့လဲဆိုတော့တစ်သက်လုံးအသားစားပြီးပြီပဲတော်ရောပေါ့………….မဟုတ်ဘူးလား…..
ကောင်းတာကိုဖြစ်စေချင်တဲ့ဆန္ဒနဲ့ပါ…………………
ရွာထဲကလူတွေရောဘယ်လိုမြင်ပါသလဲ ?????????????

15 comments

  • တာနော

    August 29, 2011 at 12:51 am

    အမြဲတမ်းဥပုသ် စောင့်လို့ရအောင် ရွှေကျား ကတော့ စားမြဲစားနေမှာပဲပေါ့
    ရွှေကျား ဆိုတဲ့နောက် ကောင်းတာဖြစ်ပါတော့မလား။

    Reply

  • kai

    August 29, 2011 at 3:27 am

    သတ္တဝါတွေမှာ သဘာဝရှိတယ်..။
    ကျားက..အသားစားရပြီး.. နွားက..အသီးအရွက်စားရတာပဲ..။
    ကျားက ဥပုဒ်စောင့်ရင်.. သဘာဝဆန့်ကျင်နေတာမို့.. ကျားရူးလို့ခေါ်ရမှာပဲ..။ 🙂

    ဆိုတော့..
    သိပ်ပြိး..ဝေ့လည်ကြောင်ပါတ်မနေပါနဲ့..။
    စိုင်းထီးစိုင်သီချင်းလိုပေါ့..

    “သဘာဝဟာ…သဘာဝ”ပါ..။

    စကားမစပ်..
    လူကအစုံစားတယ်..။ အသားရော…အရွက်ရော..
    မယုံရင်..သွားတွေကြည့်…။
    အသားတွေကိုက်ဖြတ်ဖို့သွားတွေပါတယ်..။ 🙂

    Reply

    • ဆူး

      August 29, 2011 at 2:41 pm

      သဂျီးဆို အသားစားဖို့ ပါတဲ့ သွားတွေကို အသုံးချပြီး ရေဘဝဲ တကောင်ကို အရှင်လတ်လတ် ငရုတ်ဆီ နဲ့ တို့ပြီး ပါးစပ်ထဲ မှာ မသေမချင်း ဝါးပြီး အရသာခံ စားသောက်ဖူးကြောင်း ပြောဖူးတယ် ဆိုတော့….

      ဒီအကြောင်းအရာ ကို ထောက်ခြင်း အားဖြင့် သဂျီး သည် အရွက် စားမဟုတ် ဒီ အတွက် သဂျီးသာ ကျားဆိုရင် ရွှေကျား က ရွှေဆိတ်ကို ဝါးမြိုမှာ မလွဲဧကန်ပါပဲ။

      Reply

  • minthar

    August 29, 2011 at 8:02 am

    အင်းလေ ပေါက်ပေါက်ရှာရှာ .. ကျားကို ဥပုသ် စောင့်ခိုင်းမတဲ့ …
    ချာလပါတ်လည်မယ်နော် .. သတိထား… သူများတွေကို ဆွဲခေါ်မနေနဲ့… 😛 😛

    Reply

  • MaMa

    August 29, 2011 at 8:43 am

    ဒိနေရာမှာ သဂျီးဝါဒနဲ့ ကျားကို ဥပုသ်မစောင့်ခိုင်းသင့်ပေမယ့်-
    ရွှေမင်းသားကတော့ ဥပုသ်စောင့်မှ အသက်ရှည်မှာမို့ ဥပုသ်စောင့်သင့်တယ်။

    အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားပုံရှိတယ် မဟုတ်လား။

    Reply

  • မှော်ဆရာ

    August 29, 2011 at 8:47 am

    စာရေးသူဆိုလိုချင်တာ ဒီသဘော မဟုတ်ဘူးထင်တယ်…
    ကျားနဲ့ လူနဲ့ကို ဥပမာ ပေးထားတယ် ထင်တယ်…
    ကျားဆိုတာတော့ အသားစားမှ အသက်ရှင်မယ့် သတ္တဝါလေ..
    ဒါကြောင့် ကျားအသားစားတာ အပြစ်မဟုတ်ဘူးထင်တာပဲ….
    လူဆိုတာတော့ မကောင်းမှုလုပ်မှ အသက်မွေးနှိုင်တာ မဟုတ်ဘူး..
    လူဖြစ်ပြီး မကောင်းမှုကို မရှောင်ကျဉ်တာ ကြတော့ အပြစ်ဖြစ်သွားပြီ..
    ပျက်အစဉ် ပြင်ခဏ..အရင်တုန်းက ဘယ်လောက်ပဲ မှားခဲ့ မှားခဲ့ အခု ပြင်ဆင်သင့်တယ်လို့ စာရေးသူ ဆိုလိုချင်ဟန် တူပါတယ.်

    Reply

  • ကြောင်ကြီး

    August 29, 2011 at 9:48 am

    အများလက်ခံနိုင်တဲ့စကား ပြောရရင် စားချိန်မှာ မစောင့်၊ မစားချိန်မှာ စောင့်ပေါ့ကွယ်။ သိထားရမှာက ဥပုဒ်စောင့်တာ အစားတခုထဲမှ မဟုတ်ဘူးနော်။

    Reply

  • Harumoto

    August 29, 2011 at 10:41 am

    ဟာဟား… မစားရမဲ့ အတူတူ ဥပုဒ် စောင့် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုတော့ စားစား မစားစား အတူတူ ပါဘဲ။ အဓိက က ဘာအတွက်ကြောင့် ဘာလုပ်သင့် တယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။စားစရာမရှိလို့ ရွှေကျားက မစားဘူးဆိုတာမှန်ပါတယ်။ အဲ..စားစရာ ရှိလာတဲ့အခါ (ဆိတ်ဟာ သူ့အစာပါ) သူစားသင့်ပါတယ်။စားသင့်လျှက်နဲ့ မစားဘူးဆိုရင်တော့ ရွှေကျား မှားတာပေါ့။ဒါ့ကြောင့် လုပ်သင့်လုပ်ထိုက် တဲ့ အချိန် မှာ ဝေဝါးမနေဘဲ လုပ်စရာရှိတာကို မှန်မှန်ကန်ကန် လုပ်ဘို့အရေးကြီးကြောင်း…..။

    Reply

  • မီးမီး သော်

    August 29, 2011 at 1:17 pm

    ““ဘာဖြစ်လို့လဲဆိုတော့တစ်သက်လုံးအသားစားပြီးပြီပဲတော်ရောပေါ့………….မဟုတ်ဘူးလား…..
    ကောင်းတာကိုဖြစ်စေချင်တဲ့ဆန္ဒနဲ့ပါ…………………””ဟုတ်ပါတယ် တသက်လုံးအမှားတွေကိုမှားမှန်းသိပါရဲ ့နဲ ့ဆက်မမှားကြဖို ့ဥပမာပေးလိုက်သလိုပါဘဲ။

    Reply

  • cobra

    August 29, 2011 at 1:18 pm

    ဥပုဒ်စောင့်တဲ့ကျားဆိုတာရှိလို့လား။
    မဖြစ်နိုင်ပါဘူးလေ။

    Reply

  • Shwe Myine Thar

    August 29, 2011 at 1:27 pm

    မှော်ဆရာပြောသလိုပါပဲ၊
    အခြေအနေတစ်ခုကကောင်းဘို့ဖြစ်လာစေချင်ရင်ကောင်းအောင်ကြိုးစားစေချင်တာပါ။
    ကျားဆိုတာအသားစားမှာပဲ ဒါသဘာဝကို လူဆိုတာအကုန်စားမှာပဲ ဒါလဲသဘာဝပါပဲ။
    ကျားကတော့ဥပုဒ်စောင့်လို့မဖြစ်ပေမဲ့လူတွေကတော့ဥပုဒ်စောင့်လို့ဖြစ်ပါတယ်…….
    ………..ဟုတ်တယ်ဟုတ်…………..

    Reply

  • windtalker

    August 29, 2011 at 2:00 pm

    ဝါးတား ဖော်လိုး ၊ ဖစ်ရှ် ဖော်လိုး ဆိုတာများလား

    Reply

  • Yan Shin

    August 29, 2011 at 2:51 pm

    သဘာဝဟာ သဘာဝပါ
    ဆိုပေမဲ့

    ကျွန်တော်တို့ အန်တီကမှာထားဘူးပါတယ်။
    ပေဖြစ်တုန်းမှာ တောင့်ခံနိုင်ရမယ်။ လွတ်လမ်းကိုလည်းရှာကြံပါ။ ဒါပေမဲ့
    ကိုယ် တူဖြစ်ရင်တော့ ပြန်မနှံပါနဲ့တဲ့။ မေတ္တာနဲ့ပဲ အပြုသဘောလက်တွဲခေါ်ဆောင်ပါ တဲ့။

    ကိုတော်ကာကိုမေးပေးပါ။
    မဆိုင်တာများရေးမိသွားလား?

    Reply

  • “ဘီလူးကြီး”ogre

    August 29, 2011 at 3:28 pm

    ကျားဟာကျားပါပဲ…
    စားစရာရှိတာသူစားလိမ့်မယ်
    ဥပုဒ် စောင့်ခိုင်းခြင်တဲ့ စိတ်ကိုဖျောက်လိုက်တော့..။။

    Reply

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    August 29, 2011 at 5:30 pm

    ငါဆိုလဲ စားမှာဘဲကွ။ကျနာကိုက်ကိုက်မယ်ကွာ။

    Reply

Leave a Reply

Your email address will not be published.