မန ္တလေးက ၂၀၁ဝနှစ်သစ်ကူးအကြိုည

DaveJanuary 2, 20101min01

ဒီဇင်ဘာ၃၁ရက်နေ့ညမှာ တစ်ကမ ္ဘာလုံးက လူပေါင်းသန်းနဲ့ချီပြီးတော့ ၂၀၁ဝနှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၀ဝပြည့်နှစ်ကို တစ်ကမ္ဘာလုံးနဲ့အပြိုင်ကြိုဆိုခဲ့ကြရာကအစဉ်အလာသစ်တစ်ရပ် ပေါ်ထွန်းခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့မန ္တလေးမြို့ ကြီးနှစ်မြို့ မှာ မြို့ သူမြို့ သားတွေ ထောင်သောင်းချီ စုဝေးပြီးတော့ ပျော်ကြပါးကြ၊သောက်ကြ၊စားကြနဲ့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိလာမယ့် ညသန်းခေါင်ယံအချိန်ကို စောင့်မျှော်ကြပါတယ်။အခုနှစ်မှာ မန ္တလေးသူ၊မန ္တလေးသားတွေဟာ အရင်နှစ် တွေတုံးကလိုပဲ ၇၃လမ်းနဲ့ ၆၆လမ်းကြား ၂၆လမ်းမကြီးတလျောက်မှာ ဆိုင်ကယ်၊ကားတွေနဲ့တစ်မျိုး၊ ခြေကျင်တစ်ဖုံ လူငယ်၊လူကြီး၊ကလေး၊ယောက်ျား၊မိန်းမ လူပေါင်းစုံ တစ်စီတစ်တန်းကြီး စုဝေးပြီး မီးရှူး မီးပန်းဖောက်သူဖောက်၊သီချင်းဆိုသူဆို၊ကသူက ဖြတ်သန်းကြပါတယ်။

ဒီလို နှစ်သစ်ကူးအစဉ်အလာသစ်ဟာ ၁ဝကြိမ်တိုင်တိုင်ရှိခဲ့ပါပြီ။ဆယ်စုနှစ်တစ်ခုတည်တံ့ခဲ့တဲ့ ဒီအစဉ်အလာကို ရှေးရိုးစွဲဝါဒီတွေကတော့ အနောက်တိုင်းယဉ်ကျေးမှု၊သရုပ်ပျက်ယဉ်ကျေးမှုလို့ ဆိုကြပါတယ်။နှစ်သစ်တစ်နှစ်ကို ရောက်လာတော့မှာမို့ ပျော်ကြတာ၊ကြိုဆိုကြတာတော့ အပြစ်ဆိုလို့ ရမယ် မထင်ပါဘူး။ပျော်ကြရွှင်ကြရင်းအများတကာရဲ့ ငြိမ်းချမ်းရေး၊လုံခြုံရေးကို မထိခိုက်အောင်တော့ ဂရုစိုက်ကြရမှာဖြစ်ပါတယ်။အဲဒီအသိတရားဟာ လူတိုင်းလိုလိုမှာ ရှိပြီးသားဖြစ်တဲ့အတွက် အလိုအလျောက် ထိန်းသွားနိုင်လိမ့်မယ်လို့ယူဆရပါတယ်။

အရင်က လူတွေအပျော်ဆုံး၊အကဲဆုံးအခြေအနေကို ကြည့်မယ်ဆိုရင် သင်္ကြန်ပွဲတော်ပေါ့။မြန်မာနှစ်သစ်ကို ကူးပြောင်းတဲ့အခါမှာ အကြို၊အကျ၊အကြတ်၊အတက် လေးရက်သတ်မှတ်ပြီး ရေကစားကြတယ်။ ဟိုးအရင်ကဆို အကြိုနေ့မှာ ရေမပက်ကြဘူး။မလည်ကြဘူး။အခုနောက်ပိုင်းမှာတော့ အကြိုနေ့ကတည်းက သောက်စားလည်ပတ်ပြီး ကွဲတဲ့လူကွဲ ပြဲတဲ့လူပြဲ ဖြစ်နေကြပါပြီ။

အခုတော့ သင်္ကြန်နဲ့အပြိုင် ခရစ်နှစ်ကူးပြောင်းတဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတစ်ခုတိုးလာတာကိုငြင်းလို့မရတော့ ပါဘူး။ပျော်ကြရွှင်ကြတာကို အတိုင်းအတာမလွန်အောင် ဝိုင်းဝန်းထိန်းပေးကြ သက်ဆိုင်တဲ့ အာဏာပိုင်တွေ ကလည်း လွန်ကျူးတဲ့ပျော်ရွှင်မှုမဖြစ်အောင် ကူညီဆောင်ရွက်သွားကြမယ်ဆိုရင် အားလုံးအတွက် ကောင်းမွန်တဲ့ ၂၁ရာစု အစဉ်အလာသစ်တစ်ရပ်အဖြစ် လက်ခံလာကြမှာပဲလို့ ယုံကြည်နေမိပါတယ်။

၂၀၁ဝအတွေးသစ်တွေ တွေးနေမိရင်း မန ္တလေးက နှစ်သစ်ကူးအကြိုည မြင်ကွင်းတွေကို ခံစားကြည့် ကြပါဦးဗျာ။ဇေယျတုသဗ္ဗမင်္ဂလံပါ။မင်္ဂလာနှစ်သစ်ဖြစ်ပါစေခင်ဗျာ။

One comment

  • cum min

    June 21, 2012 at 9:17 am

    အင်း..ဘယ်လိုပြောရမလဲ…ဘယ်လိုပြောရမလဲ…..

    Reply

Leave a Reply

Your email address will not be published.