နေပြင်းချိန်အတိုအပြတ်ဝတ်လွန်းသူများ အရေပြားကင်ဆာဖြစ်နိုင်သည်ကို သတိပြု

klnMay 12, 20101min02

အပူချိန်ပြင်းထန်သည့်အခါ လူအများစု အပူဒဏ်သက်သာစေရန်အတွက် စကတ်အတို၊ ဘောင်းဘီအတိုများ အကျင်္ ီလက်ပြတ်များ ဝတ်ဆင်ကြရာတွင် ခရမ်းလွန်ရောင်ခြည်များ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး အရေပြားကင်ဆာပင်ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခဆေးပညာဆရာဝန်ကြီး ဒေါက်တာချစ်စိုးက ပြောသည်။ နှစ်တစ်နှစ်၊ နှစ်နှစ်အတွင်း ချက်ချင်းဖြစ်ပေါ်သော ရောဂါမဟုတ်သော်လည်း ခရမ်းလွန်ရောင်ခြည်များ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိလာခြင်းကြောင့် တဖြည်းဖြည်း ဖြစ်ပွားနိုင်ခြင်းမှာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၊ တစ်ရှူးများ ခရမ်းလွန်ရောင်ခြည်ကြောင့် မျိုးဗီဇပြောင်းလဲသွားခြင်းဖြစ်ကြောင်းသိရသည်။ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသည့်အခါ အပူဒဏ်သက်သာစေမည့် အဝတ်အစားများ ဝတ်ဆင်ပါက ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်ပေးနိုင်မည့် လိမ်းဆေးများလိမ်းခြင်း၊ ထီးဆောင်းခြင်း၊ နေပူထဲတွင် အလုပ်လုပ်သူများ ခန္ဓာကို်ယ်အထဲ နေရောင်ခြည်တိုက်ရိုက်မဝင်အောင် ကာကွယ်နိုင်မည့် အဝတ်အစားများဝတ်ဆင်သင့်ပါသည်။

2 comments

  • Shwemannmay

    May 12, 2010 at 5:36 am

    အမှန်က ပူတဲ့အချိန်မှာ အတိုအပြတ်ထက် ဝတ်တဲ့ အဝတ်အစား က ချည်ထည်ပွပွချောင်ချောင်၊ လက်ရှည် လိုပာာမျိူးကမှ နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်တာ။ အတိုအပြတ်တွေဝတ်လို ့နေပူလောင်ရုံပဲရှိမယ်၊ စကတ်တွေရဲ ့အသားက ချည်သားမပာုတ်တော့အပူဒဏ်ကိုလည်းမကာကွယ်နိုင်ဘူး။
    မန်းလေးသူတွေ ဝတ်ပုံ က အောက်ကစကတ်အတို န ဲ ့ ( တိုတာက ပေါင်ရင်းနီးနီးတိုတာ) လက်ကျတော့ လက်အိတ်ကအရှည်ကြီး ကာခြင်းကာ လက်ရောခြေထောက်ရောကာတာပာုတ်ဖူး 😀

    Reply

  • susunosuki

    May 12, 2010 at 5:52 am

    ပူလွန်းတဲ့ရာသီမှာ အတိုအပြတ်ဝတ်လွန်းတာက အရေပြားကင်ဆာကနောက်ပါ
    လောလောဆယ်သူများမျက်စိနောက်တယ်
    အသားလဲနေလောင်မယ်
    မဲမယ်
    အသားဖြူဆေးသုံးပြန်ရင်လဲ ဘေးထွက်ဆိုးကျိုးက လိုက်မယ်

    Reply

Leave a Reply

Your email address will not be published.