အပူချိန်လွန်ကဲမှုကြောင့် လူ ၂ ဦး သေဆုံး

chitkayMay 12, 20101min04

People Daily online သတင်းဝက်ဆိုဒ် တစ်ခုတွင် အပူချိန်လွန်ကဲမှုကြောင့် ရန်ကုန်တွင် လူ ၂ဥိးသေဆုံးဟု ဖေါ်ပြထားပါသည်။

သေဆုံးသူ ၂ဦးမှာ ဆိုက်ကားဆရာများဖြစ်သည်ဟုလည်း ဖေါ်ပြထားပြီး မွန်းတည့်ချိန်တွင် ဆိုက်ကားစီးသူအား လိုက်ပို့ပြီး သေဆုံးသည်ဟု ဖေါ်ပြထားပါသည်။

ဒီဖြစ်ရပ်ကြောင့် မွန်းတည့်ချိန်မှာ တခြားသောသူများကလည်း ပင်ပင်ပန်းပန်းလုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်လာကြတယ် ဟုလည်း ဆိုပါသည်။

မြန်မာနိုင်ငံ၏ နွေရာသီမှာ March မှ May လ အထိဖြစ်ပြီး April နှင့် May လများတွင် အပူဆုံးလများဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အမြင့်ဆုံးအပူချိန်မှာ ၄၃ နှင့် ၄၅ ဒီဂရီ  စင်တီဂရိတ်ထိ ရှိပြီး ယခင်နွေရာသီ အပူချိန်ရလဒ်များနှင့် နှိုင်းယှဉ်လျှင် ၅ ဒီဂရီ စင်တီဂရိတ်ခန့် ပိုများနေကြောင်းကို လည်း ဖေါ်ပြထားပါသည်။

ထို့ပြင် အပူချိန်လွန်ကဲလာပါက မည်သို့လုပ်ဆောင်ရမည်ကို သိရှိထားရန်လိုအပ်ပါသည်ဟု ညွန်ပြထားပါသည်။

4 comments

  • susunosuki

    May 12, 2010 at 5:21 am

    ပူတာတော့ ဟုတ်ပါတယ်
    တော်တော့်ကို ပြင်းထန်တယ်
    အမြင့်ဆုံးစံချိန်ကို ချိုးပြီနဲ့တူတယ်

    Reply

  • kopauk mandalay

    May 12, 2010 at 6:03 am

    ပူတာကတော.ပူတာပါဘဲ။
    ပူမှန်းလဲသိတော.သိပါရဲ.။
    ဒါပေမဲ.ဝမ်းရေးအတွက်ကခက်တော.
    နေပူစပ်ခါးပေမဲ.လဲ လုပ်စားနေရတဲ.
    သနားစရာကောင်းနဲ.လူတွေအများကြိးပါ။

    Reply

  • Shwemannmay

    May 12, 2010 at 7:02 am

    သနားပါတယ်။ဆိုးလိုက်တဲ ့ရာသီဥတု မိုးခေါင်ရေရှားဖြစ်လို ့ကတော့ပြသနာပဲ

    Reply

  • intro

    May 12, 2010 at 7:39 am

    သူတို့ခင်ဗျာလည်း ပူတာကို သိပေမယ့် ဝမ်းရေးအတွက် လုပ်နေကြရတယ် ထင်ပါတယ်ဗျာ… ကြားရတာ စိတ်မသက်မသာ ရှိလိုက်တာ…

    Reply

Leave a Reply to intro Cancel Reply

Your email address will not be published.