“ယုံ ၊ မယုံ”

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို သက်တော် စောင့်များ ထားခွင့်မပြုတော့

မတ်လ ၃၁ ရက်နေ ့က ရာထူးကနေ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ ့ အိမ်တော်
ရဲ ့လုံခြုံရေး တာဝန်ယူဖို ယခင် တပ် သား ၁၀ဝ ကျော် အရာ လေးဦး ပါဝင်တဲ့ လုံခြုံ ရေး တပ်
ခွဲ ကို လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ် မင်းအောင် လှိုင် ရဲ ့ အမိန် ့အရ ဖယ်ရှား လိုက်
ပြီ လို ့ သတင်း ရရှိ ပါတယ်။

ဒီနေ ့တနင်္လာ နေ ့မနက် အစော ပိုင်းမှာ ဖယ် ရှား တာ ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီး ဌာန က
စေလွှတ် တဲ့ တပ် သား လေး ဦး ကတော့ ဆက်လက် တာဝန် ယူ နေဆဲ ဖြစ်တယ် လို ့ ဆိုပါ
တယ်။

အာဏာလွှဲ ပြောင်း ခြင်း မပြု ခင် ကတည်း က ကျန်းမာ ရေး ချို ့ ယွင်း နေတဲ့ ဗိုလ်ချုပ်မှုး ကြီး
သန်းရွှေ ဟာ မြန်မာ နိုင်ငံ ရေး ကို နောက် ကွယ် က နေ လဲ ကြိုး ကိုင် ထား နိုင် ခြင်း မရှိ တော့
ဘူး လို ့ သူ ့မိသား စု နဲ့  နီးစပ် တဲ့ အသိုင်း အဝိုင်း က FNG  ကိုပြောပါတယ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ ့ ကိုယ်ရံတော် တပ် လို ့ ခေါ် နို်င်တဲ့ သူ ့ရဲ ့ လုံခြုံရေး တပ် ကို ဘာ
ကြောင့် ဖယ်ရှား လိုက် ရတာ လဲ ဆိုတာ အသေးစိတ် မသိရ ပေမယ့် ဒီတပ်ကို ယခင် မြန်မာ
စစ်ခေါင်းဆောင် က  အသေအချာ လေ့ကျင့် ပေး ခဲ့တာ ဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ ့
အမိန် ့က လွဲ ရင် ဘယ် အမိန် ့မှာ မခံ ယူတဲ့ တပ် လည်း ဖြစ်ပါတယ်။

ယခင် သီတင်းပတ်က  မြန်မာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အထူးယုံကြည်
စိတ်ချရသူများတွင် ပါဝင်သူများ ဖြစ် သည့် ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို ့ ကို
၎င်း တို ့ ၏ ရာထူးများမှ ခေတ္တ  အရာ ချထား ကာ အဆိုပါ တာဝန် များ ကို အခြား စစ် အရာ
ရှိ များ နှင့် အစား ထိုး ထား လိုက်သည် ဟု သိရသည်။

ယခု လုံခြုံရေး တပ်ဖွဲ ့များ ကို ဖယ်ရှား ခိုင်းသည် မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဆန္ဒဖြစ်ပုံ မရ
ဟု ခိုင်မာ သော သတင်း ရပ် ကွက် များ က ပြောကြားသည်။

credit:http://freedomnewsgroup.com

7 comments

  • jalthusg.kt

    August 23, 2011 at 3:04 pm

    မယုံ

    Reply

  • မီးမီး သော်

    August 23, 2011 at 3:31 pm

    မယုံနိုင်စရာပါဘဲ။ဒါပေမယ့် ဒီအတိုင်းသာဖြစ်ခဲ့မယ် ဆိုရင်တော့ မကြာမီ ကိုရွှေအဖမ်းခံရလိမ့်မယ်။ယခု ကကကြည်း က သန်းရွှေရဲ ့အိမ်စောင့်ခွေးပမာသစ္စာရှိသူ မင်းအောင်လှိုင်ဆိုတော့ဖြစ်နိုင်ဖွယ်ရာနည်းတယ်ပြောရမှာပါ။

    Reply

  • pan pan

    August 23, 2011 at 4:27 pm

    ကြားတာတော့ ကြိုးကိုင်တုန်းဆို…..???
    တိဘူး တိဘူး
    အတိအကျတော့ နောက်ပိုင်းဇာတ်ထုပ်မျှော်ရမပေ့ါ

    Reply

  • nayminn

    August 23, 2011 at 4:53 pm

    မိုးလင်းခါနီးပြီ…ရွှေရွှေရေထတော့ နောက်ပိုင်းဇတ်ကရတော့မယ်။

    Reply

  • icecube

    August 23, 2011 at 7:04 pm

    စေ့စေ့တွေးရေးရေးပေါ်… မဖြစ်နိုင်ဘူးထင်မိတယ်…။
    မဖြစ်နိုင်တာမဟုတ်ဘူးနော်….မဖြစ်နိုင်သေးတာပါ…။
    (ပိုက်ပိုုက်မပေးရ၍ ဝင်ရောက်ဆွေးနွေး တွေးမိခြင်း)

    Reply

  • naywoonni

    August 23, 2011 at 8:32 pm

    အော်…. အရေးထဲ ပွဲကြည့်နေတဲ့သူတွေက ရှိသေး..။ ဘယ်သူတွေက ပွဲလန့်အောင်လုပ်ပြီး ဖျာဝင်ခင်းမလဲ မသိဘူးနော်……….။ စောင့်ကြည့် စောင့်ကြည့်

    Reply

  • captainamerica

    August 24, 2011 at 11:56 pm

    BBC မှာတော့ဖတ်ရတာပဲ အတိအကျတော့မသိဝူး၊၊ http://www.bbc news.com မှာဖတ်ကြည့်ကြပေါ့

    Reply

Leave a Reply

Your email address will not be published.