“ဉာဏ်ကြီးရှင်”

Moe ZAugust 23, 20111min08

သဂျီးနဲ့ MG ရွာသူရွာသားအပေါင်း မင်္ဂလာပါ။ Post တစ်ခါမှမရေးဘူးလို့ ဖတ်ရတာအဆင်မပြေရင်လဲ သည်းခံပြီးဖတ်ပေးကြပါ။ မိုးစက်ဆိုတဲ့နာမည်ကို စတန့်ထွင်ပြီး Moe Z လို့ ငပိသံနဲ့ရေးတာကို သဂျီးက ဘိုသံနဲ့ မိုးဇီးလို့ခေါ်လိုက်တော့ ငိုအားထက်ရယ်အားသန်ပါပဲ၊ ပြီးတော့ ကိုရင်တဲ့ ဟီး..ဟီး .. မိုးစက်တို့ အင်္ဂလန် သွားစရာမလိုပဲ ဘဝပြောင်းသွားပြီ။

မိုးစက်တို့ငယ်ငယ်တုန်းက အခုလို ipod, ipad, computer ဆိုတဲ့ဟာတွေမရှိတော့ အခုခေတ် ကလေးတွေလို အလုပ်မရှုပ်ဘူး၊ ကျူရှင်ဆိုတာလည်းကြားတောင်မကြားဘူးတာနော်။ ကျောင်းကပြန်ရောက်ရင် အိမ်စာလုပ်၊ ပြီးရင်ကျောင်းနဲ့ပတ်သတ်တဲ့အလုပ်ကပြီးပြီ။ Entertainment ဆိုလို့ တစ်ချိန်လုံးတရှဲရှဲမြည်နေတဲ့ ရေဒီယိုလေးတစ်လုံးရယ် black & white တီဗီလေးတစ်လုံးရယ်ဒါပဲရှိတာ။ စနေနဲ့ တနင်္ဂနွေဆိုရင်တော့ ရွာရိုးကိုးပေါက်လျှောက်ကစားတာ ထမင်းမေ့ဟင်းမေ့ပဲ။  စာဖတ်တာလည်း တော်တော်ဝါသနာကြီးတယ်။ ရွှေသွေး နဲ့ မိုးသောက်ပန်း အသစ်ထွက်ပြီဆိုရင် ဘယ်သူလာခေါ်ခေါ်မလိုက်တော့ဘူး။ ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ကာတွန်းဇာတ်ကောင်တွေကို အခုထိမှတ်မိသေးတယ်။ အဲဒီအထဲကမှ ရုပ်ပုံကိုပါအခုထိမှတ်မိနေတဲ့ ဇာတ်လမ်းလေးကို ပြန်ပြောပြချင်လို့ ဒီ post ကိုရေးလိုက်တာ။ ဇာတ်လိုက်က ကိုရိုးတဲ့ သျှောင်ကြီးဗွေနဲ့ ဝဝတုတ်တုတ်ကြီး ပေါ့။ တစ်နေ့မှာ သူကမက်မန်းသီးတွေအပြည့်ပါတဲ့ တောင်းကြီးတစ်တောင်းနဲ့ တစ်ခြားရွာကိုသွားဖို့အတွက် လှည်းကြုံစောင့်နေတယ်။ အဲဒီအချိန်မှာ လှည်းတစ်စီးရောက်လာတော့ ကိုရိုးက လှည်းကြုံလိုက်ခွင့်တောင်းပါတယ်။ လှည်းသမားက ခရီးဝေးကလာရတာဖြစ်တဲ့အတွက် သူ့နွားတွေလည်း ပင်ပန်းနေပြီ၊ မက်မန်းသီးတောင်းကလည်း လေးမယ့်ပုံပဲ ကိုရိုးကလည်းဝတော့ သူ့နွားတွေမနိုင်မှာစိုးတယ်လို့ ပြောပါတယ်။ အဲဒီတော့ ကိုရိုးက ကိစ္စမရှိဘူး သူ့ကိုသာတင်ခေါ်သွားပါ၊ မက်မန်းတောင်းကို သူ့ခေါင်းပေါ်မှာရွက်ခဲ့မယ်လို့ပြောလိုက်တော့ လှည်းသမားက သဘောတူလိုက်တယ်။ ဒါနဲ့ပဲ ကိုရိုးလည်းလှည်းပေါ်မှာ မက်မန်းသီးတောင်းကြီးရွက်ပြီးပါသွားပါလေရော။

          မိုးစက် ၆နှစ်အရွယ်ကတည်းကဖတ်ခဲ့ပြီး အခုထိတွေးမိတိုင်း ပုံပါပြန်မြင်နေတဲ့ ကာတွန်းဇာတ်လမ်း လေးပါ။ ကာတွန်းတွေက ဘဝအမောတွေကိုခေတ္တခဏပြေပျောက်စေပါတယ်။

8 comments

  • windtalker

    August 23, 2011 at 1:20 pm

    ဝမ်းမလီး ဝဲလကမ်း ပါ မိုးဇီး ( အဲလေ ) မိုးဇက်
    အခု ဆိုရင် ဂေဇက် ထဲ ကို မိုးဇက် တစ်ယောက်
    ဘာတောင်းကြီး မှန်းမသိ ထမ်းဝင်လာပါပြီ……..နော်
    ဘော်ဘူးဘော်……

    Reply

    • Moe Z

      August 23, 2011 at 2:25 pm

      ဆိုင်ကယ်ကယ်ရီယာပေါ် တင်လာတာပါ၊ မထမ်းပါဘူး ..

      Reply

  • Shwe Ei

    August 23, 2011 at 1:24 pm

    ကိုရိုးကာတွန်းလေးတွေ များများရှိရင် စုပြီးတင်ပေးပါလား။

    Reply

  • နွယ်ပင်

    August 23, 2011 at 1:37 pm

    ကာတွန်းလေးတွေက လူတွေစိတ်ကို ပြုံးပျော်စေတယ်
    အသိပညာတွေအပြင် သဘာဝနဲ့ နီးနီးစပ်စပ်လေးတွေကို
    ရေးပြတက်ကြတယ် ။ ဒီကာတွန်းလေးက (6) နှစ်သား အရွယ်
    မိုးစက်ရဲ့ စိတ်ထဲကနေ အခုချိန်ထိ စွဲစွဲမြဲမြဲမှတ်မိနေတာဆိုတော့
    ကာတွန်းရေးတဲ့ ကာတွန်းဆရာရဲ့ ပညာက မသေးဘူးပဲနော် …

    Reply

  • pan pan

    August 23, 2011 at 2:14 pm

    ကာတွန်းဆရာတွေ လေးစားပါရဲ့
    တော်ကြလွန်းလို့ပါ
    ကလေးကာတွန်းလည်း ကလေးကာတွန်းမို့
    လူကြီးတွေအတွက်လည်း လူကြီးတွေအတွက်မို့
    တခါတလေ ကိုယ့်မှာကာတွန်းဖတ်ရင်း ဉာဏ်မမှီဘူး
    တကွက်တည်းနဲ့ အရမ်းမြင့်လွန်းတော့ တော်တော်တွေးယူရတယ်

    Reply

  • hmee

    August 23, 2011 at 2:20 pm

    ငယ်ငယ်တုန်းက စနေနေ့ဆို သတင်းစာပို့တဲ့သူက ရွှေသွေးစာစောင် ပို့တတ်တာမို့ အိမ်ရှေ့မှာ ထွက်စောင့်ရတယ်။ ကိုယ်က ပထမဆုံး ဖတ်ချင်လို့ လုတာလေ။ တယောက်ပြီးမှ တယောက်ဖတ်လို့လည်း ရရဲ့နဲ့ မောင်နှမထဲက တယောက်ယောက်က ကိုယ့်ထက်အရင်ဦးထားပြီဆို ဘေးကနေ ကပ်ပြီးဖတ်ရတာ။ ကိုယ်ဖတ်လို့ မပြီးသေးပဲ နောက်တရွက်လှန်ရင် ရန်ဖြစ်ရော။ အဲ့တော့ အမေ့အရိုက် ခံရရောပေါ့။ ကိုရိုးဆို အသည်းစွဲဖတ်တာ။ ဆက်ရန်များပါရင် နောက်တပတ်စနေ အမြန်ကို ရောက်ချင်တာ။ ကာတွန်း ဦးဘကြည်ဆို အရမ်းကြိုက် ဇတ်လမ်းတွေကလည်း ကောင်းမှကောင်း။ အခုတော့ ရွှေသွေးတွေက ငယ်ငယ်တုန်းကလို စွဲဆောင်မှု မရှိတော့သလိုပဲ။

    Reply

  • Arkar11

    August 23, 2011 at 2:58 pm

    … လှပ လည်း ထွက်ဖူးတယ်..ရွှေသွေး ထက် ပိုဖတ်လို့ကောင်းတယ်…

    Reply

  • jalthusg.kt

    August 23, 2011 at 3:01 pm

    ခုနောက်ပိုင်းတော့ ကလေးဖတ်စာပေကို ကောင်းကောင်းကန်းကန်းကိုမတွေ.တော့ဘူးဗျနော် အရင်က စာအုပ်လေးတွေလွမ်းမိပါရဲ့။ ဘယ်ကျော်တို. မောင်န တို. ကိုရိုးတို. ဦးနုံတို.ဆိုတာတွေ နောက်ပြီး ပုံပြင်တကာ့ပုံပြင်တို. တီထွင်ပါရဂူ ဖိုးဆိတ်ဖြူတို. စိတ်တိုမျောက်ညိုတို. ပြောရင်းတောင်ပြန်ငယ်သွားသလိုပဲ

    Reply

Leave a Reply

Your email address will not be published.