အနေတတ်ပြီး ပျော်ရွှင်ဖို့နည်း

manawphyulayMay 11, 20101min03

လူဆိုတာ ကိုယ့်ကိုယ်ပိုင် သီးသန့်ကိုယ်ရည်ကိုယ်သွေးများကို ငါကွလို့ ပြလိုက်ရရင် အလွန်ပျော်တတ်တာပါပဲ။ တခြားနာမည်ကြီးတွေကို လိုက်လုပ်တာမျိုးမှ မဟုတ်တာကိုး။ ဒီလိုပါပဲ ယောက်ျားဆိုရင် မာမာထန်ထန်ဖြစ်ရမယ်။ မိန်းမကတော့ ပျော့နဲ့နဲ့လို့ အဲလို ဘောင်ခတ်ထားဖို့လည်း မလိုပါဘူး။
ဥပမာ မြင်ယောင်ကြည့်လိုက်။ အသုဘလိုက်ပို့ဖူးတယ်မဟုတ်လား။ မိန်းမတွေ ငိုနေ၊ ယောက်ျားတွေကတော့ မာတင်းတင်းမျက်နှာပေးတွေနဲ့လေ။ ယောက်ျားပဲကွာ ခံစားမှုကို ဘယ်ထုတ်ဖော်လို့ကောင်းမလဲ။ မိန်းမက ခံစားရသမျှ ဖော်ပြရတာချည်းပဲ။ အဲသလို သဘာဝလောကက သမားရိုးကျ မျှော်လင့်ထားကြတဲ့အတိုင်း နေကြရတာပဲ မဟုတ်လား။ ဒါပေမယ့် ခက်နေတာက လူတိုင်း လူတိုင်း မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီနိုင်တာပါပဲ။ အော်ငိုချင်ပေမယ့် ကိုယ့်ကို်ယ်ကိုယ် အတင်းချုပ်ထားရတဲ့ ယောက်ျားဟာ တကယ်တော့ မာလှသူမှမဟုတ်တာ။ သူက အများ မျှော်လင့်ချက်နဲ့ကိုယ်အောင် ဟန်ဆောင်ထားသူပဲ။ အဲ မိန်းမတွေလည်း ဒီအတိုင်းပဲပေါ့။ သူလည်း သူ့စိတ်ခံစားမှုကို ဖော်ထုတ်ဖို့ ဝန်လေးချင် ဝန်လေးမှာပေါ့။
လောကကြီးမှာ နေတတ်သလို နေဖို့ပါပဲ။ ဘယ်အရာမှ ပုံသေကားချလိုက်လုပ်ဖို့ မလိုပါဘူး။
နောက်တစ်ခုက ကိုယ်သွားမယ့်ပန်းတိုင်ကို တခြားလူတွေ သတ်မှတ်ပေးလို့ ဘယ်ဖြစ်မလဲ။ တခြားသူ တွေးတောတာနဲ့ ကိုယ်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိပါစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားသလဲ၊ ကိုယ်နဲ့ ကိုက်ညီတာသာ လုပ်ပါ။
ကျွန်မ ဒီအကြောင်းကို ဘာကြောင့်ပြောရသလဲဆိုတော့ အစ်ကိုတစ်ယောက်က ပြောဖူးတယ်။ ညီမလေးတဲ့ သူလည်း ညီမလေးလို့ ဆိုက်လေးတစ်ခုလောက်လုပ်ချင်တယ်တဲ့ ကဲ ဟုတ်ပြီ လုပ်ချင်တယ်ဆိုရင် ကူညီမယ်ပေါ့။ မေးလိုက်တယ်။ ဘယ်လိုလုပ်ချင်လဲ ဘာအကြောင်းတွေရေးမယ်လို့ စိတ်ကူးသလဲလို့ မေးတော့ မသိဘူးတဲ့။ သူ့ကို အကြံပေးပါတဲ့။ ဒီတော့ ဝါသနာကြောင့်လုပ်ချင်တာလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်တယ်နော်။ စဉ်းစားကြည့်လေ  ကိုယ်ဘာဖြစ်ချင်လဲ ဘာလုပ်ချင်တယ်ဆိုတာ မသိဘဲ ဘာလို့ အရာတစ်ခုကို အစကနေ ဖန်တီးချင်ရတာလဲ။ သူများလုပ်လို့ လိုက်လုပ်တာထက် ကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့ပန်းတိုင် ရည်ရွယ်ချက်မရှိပဲ ဘယ်အရာပဲလုပ်လုပ် အချိန်ကုန်ရုံသာ အဖတ်တင်မှာပေါ့။ ကျွန်မအနေနဲ့လည်း ကိုယ့်စိတ်နဲ့မတူတဲ့လူတွေကို အကြံဉာဏ်ပဲ ပေးလို့ရမယ် ဆုံးဖြတ်ချက်ကို ဘယ်တော့မှ မချမှတ်ပေးပါဘူး။
ဥပမာ ကျွန်မ အိပ်မက်တစ်ခုမက်တယ်ဆိုပါစို့။ အိပ်မက်က အရမ်းကောင်းတော့ တခြားသူကလည်း မက်ချင်တယ် သူ့ကို လွှဲပေးပါပြောလာရင် ဒီအိပ်မက်က ကျွန်မကို မမက်နဲ့ သူ့ကို လွှဲပေးလို်က်ပါလို့ ပြောလို့ရပါသလား။ တခြားသူတွေရဲ့ အတွေးအတောနဲ့သာ ညီအောင် လုပ်ရရင်တော့ လူတိုင်း ကောင်းသောနေခြင်းနဲ့ နေချင်ကြတဲ့သူတွေပါပဲ။
ဒီတော့ ကိုယ့်ဘဝမှာ ပျော်ရွှင်ဖို့ အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘဝပေါ် ကိုယ်အကောင်အထည်ဖော်နိုင်ရန် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူတယ်လို့ ခံစားရရင် ပျော်တာပါပဲ။

3 comments

  • susunosuki

    May 11, 2010 at 3:23 pm

    မနောဖြူလေးက အတွေးကောင်းတယ်
    ကျွန်တော်လဲခုတစ်လော တွေးနေမိတယ်
    လူတစ်ယောက်က ဝါသနာမပါပဲလုပ်ရင် ဘာမှအောင်မြင်မှာမဟုတ်ပါဘူး

    Reply

  • toketokelay

    August 6, 2010 at 6:47 pm

    i agree with you.

    Reply

  • nature

    March 27, 2011 at 2:39 pm

    မနော ကြည့်ရတာ ဝါသနာနဲ့ အလုပ်ကိုက်ညီမှုရှိပြီး အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားပုံရတယ်။

    Reply

Leave a Reply to nature Cancel Reply

Your email address will not be published.