ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၄)

asiamastersAugust 21, 20111min05

အခြေအနေက အတော်ကြီးကိုမြန်မြန်ဆန်ဆန်တိုးတက်လာပါတယ်။ ဆရာမကိုပဲ ချစ်မိပြီ သီချင်းကလဲ ပိုမြိုင်ဆိုင် လာပါတယ်။ မင်္ဂလာဆောင်ဖို့အခြေအနေထိရောက်လာခဲ့ပါတယ်။ မင်္ဂလာဆောင်တာကလည်း ဒီဆေးရုံကြီးရဲ့ ဆင်ဝင်နှစ်ခုကြား မြေညီထပ်မှာရှိတဲ့ ရုပ်ရှင်ပြခန်းမှာဖြစ်ပါတယ်။ စစ်သေနာပတိချုပ်ကြီးရဲ့ မင်္ဂလာပွဲလဲဖြစ်ပြန်တော့ ဂျပန်ဗိုလ်ချုပ်ကြီးတွေ အတော်များများတက်ရောက်ပါတယ်။ ဂျပန်ဗိုလ်ချုပ်တွေရဲ့ကားတွေဟာ အလံပြဘုရားလမ်း အတိုင်း အပေါ်က အောက်ကို ဆင်းလာပြီး လာရောက်အားပေးတဲ့အတွက် အလွန်ခန်းနားကြီးကြယ်တဲ့ မင်္ဂလာပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဒီအခန်းကို သွားရောက်ရှာဖွေခဲ့စဉ်က အတော်ရှာရမယ်ထင်ထားတာ၊ တကယ်တော့ ကျွန်တော့နေ့တိုင်း ထမင်းစား ဆင်းရင် ဖြတ်သွားနေတဲ့နေရာဖြစ်နေတယ်။ မင်္ဂလာပွဲမှာ ဒေါက်တာဘသန်းရဲ့ သမီးလေး ကစ်တီ (နောင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့်အကြောင်းပါသည့် ဒေါ်ခင်မေသန်း) က စန္ဒယားတီးပါတယ်။

ဗိုလ်ချုပ်အိမ်ထောင်ကျပြီးချိန်မှာတော့ တာဝါလိန်းလမ်းမှာရှိတဲ့ ယခုဗိုလ်ချုပ်ပြတိုက်ကိုပြောင်းနေပါတယ်။ ဒီတော့ ကျွန်တော်လည်း ဒီအိမ်ကိုသွားတာပါပဲ။ အိမ်က ကိုလိုနီအိမ်ပုံလေးဖြစ်ပါတယ်။ မျှော်စင်လေးပါတယ်။ ခြံထဲစဝင်တာနဲ့ ညာဖက်မှာ ဗိုလ်ချုပ်စီးခဲ့တားကားရပ်ထားတဲ့ ကားဂိုဒေါင်ရှိပါတယ်။ အိမ်အထိကိုတော့ အပေါ်ထိတက်သွားရပါတယ်။ ကျွန်တော်သွားတုန်းကတော့ အပေါ်က ဘုရားထားတဲ့ အခန်းလေးထိတက်လို့ရသေးတယ်။ နောက်တော့ အဆောက်အဦမကောင်းတော့လို့ မတက်ခိုင်းတော့ဘူးလဲကြားတယ်။ ဗိုလ်ချုပ်ရဲ့ အင်္ကျီအဝတ်အစားအချို့ရှိတယ်။ သူဖတ်တဲ့စာအုပ်တွေရှိပါတယ်။ အိမ်ရဲ့တောင်ဘက်မှာ ဗိုလ်ချုပ်ရဲ့သားလေးရေနစ်သေဆုံးခဲ့တဲ့ ဗုဒံသရဏံအပင်လေးတွေနဲ့ ရေစပ်စပ်လေးရှိသေးတယ်။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးအချိန်မှာ အလောင်းတွေကို ရန်ကုန်ဆေးရုံကြီးရေခဲတိုက်ကိုသယ်ပါတယ်။ ပြီးတော့ စစ်ဆေးမှုတွေကို ဒေါက်တာဘသန်းကပဲ ဆောင်ရွက်ခဲ့ပါတယ်။ နောက်အပိုင်းများဆက်ရေးပါဦးမည်။

5 comments

  • ညီလေး

    August 21, 2011 at 9:59 pm

    asiamasters ကဗိုလ်ထွန်းလှထက်တောင်ဗိုလ်ချုပ်အကြောင်းပိုသိနေသလိုပဲ၊ ကျွန်တော်ကလေ့လာအားနည်းတော့ ဆရာကပဲလူငယ်တွေသိသင့်တယ် ထင်တဲ့ဗိုလ်ချုပ်နဲ ့ပတ်သက်အကြောင်းအရာေ တွကိုပြည့်ပြည့်စုံစုံဆက်ရေးပေးပါ လူငယ်တွေကိုယ်စားတောင်းဆိုပါတယ်။

    Reply

  • ရွှေအိမ်စည်

    August 21, 2011 at 10:06 pm

    မင်္ဂလာပါ..

    ကျနော်က ၁နဲ ့၂ ကို…
    facebook က ကျနော့်ရဲ ့ဗိုလ်ချုပ်ပြတိုက်ထဲ ကဖတ်လိုက်တယ်..။
    ဗဟုသုတတွေ အများကြီးရပါတယ်..ကွင်းဆက်တစ်ခုတော့သိနိုင်ကောင်းပါတယ်..။

    ဟိုမှာ..ကျနော်ဘော်ဒါတွေ ဘဲဆိုတော့..ကလေးတွေ .
    .ကျနော်လည်းကလေးတွေ နဲ ့ဘဲပေါင်းတာကိုး

    ကျေးဇူးတင်ပါတယ်နော်..ကျနော်ကိုကူညီပေးတာကိုပါ…
    .face book ကျနော်မတက်နိုင်ဘူး…
    တယောက်ထဲ လုပ်ချင်တာတွေ များပြီးဘာမှမထိမ်းနိုင်တော့ဘူး…
    ဧဒင်နဲ ့ဂေဇတ်၊ ဖေ ့ဘုတ်..တကယ်မနိုင်တာ…..

    ဒီကြားထဲ သူကြီးကညာခိုင်းသေးတယ်….သန်းနဲ ့ချီရမယ်ဆိုဘဲ…။
    ကျနော်နဲ ့asiamaster ကူပေးအုံးနော်
    ..ရွာပြင်များတဲထိုးနေတယ်…

    ကျနော်မနေ ့ညကမေးတာ..တိုင်းရင်းသားတွေ လေ….အဲ ဒါ..ကျနော်ရေးရင်းနဲ ့လှမ်းမေးတာ..

    ကဗျာမှာ..ကိုဟယ်ရီလာကူတော့လည်း..ကျနော်သက်သာတယ်…
    နေအိမ်ဝန်း(ကန် ့ဘလူ) က အသက်၂၂ နှစ်ပေမဲ ့စာရေးကောင်းတယ်…
    သူကပြောတယ်….asiamasterဒီထဲ မှာဖတ်လိုက်ရတယ်ပြောလို ့ကျနော်..လာကြည့်တာ
    ဒီဘက်ရွာထဲကို မဝင်ဖြစ်လို ့မတွေ ့တာ….
    ပျော်ပါတယ်ဗျာ…..

    အခုမှရွှေအိမ်စည်…..မိတ်ဆွေ ဟောင်းတစ်ယောက်ဘဲ တွေ ့ရသေးတယ်။
    ကျနော်ဒီထဲ မယ်……ယောင်နေတာ
    ကျနော်ထက်သာတယ်ပေါ့…

    Reply

  • kai

    August 22, 2011 at 2:32 am

    ဒီဖက်ခေတ်ရဲ့..ရှိနေတာ..ဖြစ်နေတာတွေနဲ့.. အရင်ဗိုလ်ချုပ်အောင်ဆန်းခောတ်..ဆက်စပ်ရေးတာမို့.. ဖတ်သူတွေအကျိုးရှိတာပေါ့..။

    အရင်ရှေးခေတ်က..ဓါတ်ပုံရှိရင်.. အဲဒီဓါတ်ပုံရိုက်တဲ့..နေရာအနေအထား..ရိုက်ထောင့်အတိုင်း. ဓါတ်ပုံအသစ်ပြန်ရိုက်ပြီး..နှိုင်းယှဉ်ပြရင်… အင်မတန် သမိုင်းတန်ဖိုးရှိသွားမှာပဲ..ထင်မိပါတယ်.။

    Reply

  • ကြောင်ကြီး

    August 22, 2011 at 8:23 am

    အမှန်ဝေဖန်ရရင် ကျွန်ုပ်နှင့်ဗိုလ်ချုပ်!@#$ အမှတ်တရများဆိုပြီး ကိုယ်သိကျွမ်းခဲ့ရတဲ့ အဘတဦးအကြောင်း ရေးပြရင် ပိုစိတ်ဝင်စားဖို့ကောင်းမယ်။ အပြုသဘောပြောတာနော်။ ကိုယ်ရေးနိုင်တဲ့ အချက်အလက်တွေ၊ စာဖတ်သူတွေ စိတ်အနှောက်အယှက် မဖြစ်စေမဲ့ တင်ပြပုံမျိုးဆိုရင် (တလောက နွယ်ပင်တင်သွားတဲ့ အင်တာဗျူးအမှတ်ရပို့စ်လို အမည်ဖွက်ပြီး ဥပမာ – ကတိမတည် လောဘကြီးပြီး အာဏာမက်သော သက်ကြားရွယ်အို သောကြာနံဖြင့်စ၍ အဖိုးတန်သတ္ထုအမည်ဖြင့်ဆုံးသော ဘဘကြီး လခမမက်ဘဲ တိုင်းပြည်တာဝန်ကို အပင်ပန်းခံ ထမ်းဆောင်ပုံအကြောင်း) ယခုထက် အဆပေါင်းများစွာ ဆွဲဆောင်မှုရှိမယ်လို့ အကြံပြုပါရစေ။ 😎

    Reply

  • weiwei

    August 22, 2011 at 9:04 am

    သုတ ရသ နှစ်မျိုးလုံးရလို့ ဖတ်လို့ကောင်းပါတယ် …
    အခုလိုရေးတင်ပေးတာ ကျေးဇူးတင်ပါတယ် ..

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.