ဖူးစာရှင်

manawphyulayMay 11, 20101min02

ကဗျာတွေ ရေးစပ်ရင်း
မျှော်လင့်ခြင်းတစ်ခုနှင့်
သခင့်ကို ထာဝရ
ကျွန်မမေတ္တာရှိနေပါရစေ
တစ်ချိန်ချိန်မှာ သခင်ဟာ
ကျွန်မရဲ့ ကြင်ဖော် ဖြစ်လာနိုင်ကောင်းပါရဲ့
အဲဒီအတွေး တွေးလို့
သခင်နဲ့ တွေ့လာမယ့်
နေ့တစ်နေ့ကို ကြိုတင်စောင့်စားလို့
သခင်ရောက်လာမယ့်ရက်ကို
မျှော်လင့်ရင်း
ကာရန်မဲ့ကဗျာတွေ
အသက်သွင်းရေးစပ်နေခဲ့
အဓိပ္ပာယ်မဲ့နေတဲ့
စာသားတွေနဲ့အတူ
ခြောက်သွေ့နေတဲ့ ကျွန်မဘဝထဲ
တစ်နေ့ သခင်ရောက်လာမယ်ဆိုတဲ့
အသိတစ်ခုနဲ့
ကျွန်မ ရှင်သန်ခြင်းများစွာနဲ့အတူ
ရှိနေပါတယ်…..

2 comments

  • kyawgyi

    May 11, 2010 at 10:37 am

    သခင် သခင် ……ဘယ်တော.များမှရောက်လာမှာလဲ……

    Reply

  • susunosuki

    May 11, 2010 at 3:36 pm

    အားပါး
    ဆရာမ ဂျူးရဲ့ အမှတ်တရ ကို သတိရလာမိတယ်
    ဆရာမကျန်းမာပါစေ

    Reply

Leave a Reply

Your email address will not be published.