မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေ ရဲ့ ဉာဏ်စမ်း ပဟေဠိ

thit minAugust 19, 20111min09

ကဲ…

အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင်
ဖြေပေးကြပါ

(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့

(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့

(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့

(၄)လူကြီးမဖြစ်သေးတဲ့မြို့

(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့

(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့

(၇)ဆင်တွေကတဲ့မြို့

(၈)ဝိုးတိုးဝါးတားပဲရှိတဲ့မြို့

(၉)စိုုစိုပြည်ပြည်မရှိတဲ့မြို့

(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့

(၁၁)ဖားကောက်ခိုင်းတဲ့မြို့

(၁၂)လေဘေးထည်မြို့

(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့

(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး…ဆိုတဲ့မြို့

(၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော…

(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့…
အဲ့ဒီမြို့

(၁၇)အဲ့ဒီမြို့ကရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့

9 comments

  • မွန်မွန်

    August 20, 2011 at 12:32 am

    (၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့ = မြစ်သား

    (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့ = ဝက်လက်

    (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့ = ဝမ်းတွင်း

    (၄)လူကြီးမဖြစ်သေးတဲ့မြို့ = ကလေး

    (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့ = မင်းကင်း

    (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့ = ကြံခင်း

    (၇)ဆင်တွေကတဲ့မြို့ = ဆင်ပေါင်ဝဲ

    (၈)ဝိုးတိုးဝါးတားပဲရှိတဲ့မြို့ = မတူပီ

    (၉)စိုုစိုပြည်ပြည်မရှိတဲ့မြို့ = ချောက်

    (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့ = ခင်ဦး

    (၁၁)ဖားကောက်ခိုင်းတဲ့မြို့ = မိထ္ထီလာ

    (၁၂)လေဘေးထည်မြို့ = မြို့ဟောင်း

    (၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့ = ကျုံပျော်

    (၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး…ဆိုတဲ့မြို့ = သပိတ်ကျင်း

    (၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော… = ဒလ

    (၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့…
    အဲ့ဒီမြို့ = ထီးချိုင့်

    (၁၇)အဲ့ဒီမြို့ကရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့ = မိုးကောင်း

    အဲဒါတွေက မီး ဖြေတာဟုတ်ဘူး …သိလား ..။ မီးဦးလေးကို မေးပြီး သူပြောတာတွေ ရေးလိုက်တာ။ သူက ဒီဆိုက်ထဲမှာလဲ မင်ဘာပေါ့။ သူ့နာမည်နဲ့တော့ မတင်ချင်ဘူးတဲ့ …။ နင်ဖြေချင်ဖြေ ..လို့ ပြောလို့။

    မှန်တာတွေပါရင် မီးကိုအထင်ကြီးမှာစိုးလို့ ရှင်းပြတာနော်။ မီးက အဖြေတော့ မှန်ချင်တယ်၊ စဉ်းစားရမှာပျင်းတယ် ..။

    Reply

    • surmi

      July 8, 2014 at 10:19 am

      ဦးလေးဆိုတာ ဘယ်သူတုန်း

      Reply

  • thit min

    August 20, 2011 at 1:03 am

    (၇) (၈) (၁၂) (၁၃) မမှန်ပါ..။ မှန်မမှန်ဆိုတာ ထက် စဉ်းစားရပျော် ဖ ို့ကောင်းလို့ပါ…။

    Reply

  • shwe ni

    August 20, 2011 at 3:09 am

    ၇.ကျောက်ဆည်
    ၈.ရေး (လားမသိ)
    ၁၂.ဖျာပုံ
    ၁၃. ဝါး ခယ်မ (ထင်တာပဲ)

    Reply

  • moethidasoe

    August 20, 2011 at 10:01 am

    ရွှေနီ မှန်တယ်လို့ ထင်တယ် .. ဒို့ စုထားတာတွေ နောက်မှ တင်လိုက်မယ်

    Reply

  • manawphyulay

    August 20, 2011 at 11:02 am

    သူများ တင်ပြီးနေပြီးဆိုတော့ တင်တော့ဘူးလေ……… တင်ပြီးသားတွေပဲ ဖတ်တော့မယ် အဲလောက် ဉာဏ်မကောင်းဘူး ဟီး…

    Reply

  • nayminn

    August 20, 2011 at 11:11 am

    ကျန်တေးတယ်…
    ၁-လူပျိုမြို.—-တောင်ကြီး
    ၂-အိမ်ထောင်သည်မြို.—ပျဉ်းမနား

    Reply

  • မီးမီး သော်

    August 20, 2011 at 11:12 am

    ဒီလောက်တော်တဲ့ သူတွေဖြေထားတာ မီးမီးတို ့ကဖြေစရာကိုမလိုတော့တာ။စဉ်းစားနေတုန်းရှိပါသေးတယ်။အဖြေတွေက တန်းစီပြီးတက်နေပီ

    Reply

Leave a Reply

Your email address will not be published.