ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်တစ်ပါတီ( မြန်မာပြည်) ၏ ဒုတိယ ဥက္ကဋ္ဌ ဦးရဲထွန်းကွယ်လွန်

klnMay 11, 20101min01

ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ၏ ဒုတိယ ဥက္ကဋ္ဌ ဦးရဲထွန်း (၇၃နှစ်) သည် ၇-၅-၂၀၁ဝရက်နံနက် ၉နာရီက ရေဝေးသုဿန်တွင် မီးသင်္ဂြု ိဟ်ခဲ့ပြီးဖြစ်သည်။ ဦးရဲထွန်းသည် ဖဆပလခေတ် တရားရေးဝန်ကြီးဟောင်း ဦးချန်ထွန်း၏ အကြီးဆုံးသားဖြစ်ပြီး နန်းရင်းဝန်နှင့် အဓိပတိဟောင်းဒေါက်တာဘမော်၏ သားသမက်လည်းဖြစ်ကာ ထင်ရှားသည့် ရှေ့နေ၊ အောင်မြင်သော စီးပွားရေးသမားဖြစ်ပြီးနိုင်ငံရေးလောကတွင် နာမည်ကြီးသူတစ်ဦးဖြစ်သည်။ ၂၀၁ဝပြည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဒီမိုကရက်တစ်ပါတီတွင် ဦးသုဝေတို့နှင့် ပူးပေါင်းကာ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်ပြီး လွန်ခဲ့သောလများကကျန်းမာရေးအရ နားနေခဲ့ကြောင်းသိရသည်။ ဦးရဲထွန်းသည် သွေးဖြူသွေးနီရောဂါ၊ အရိုးကင်ဆာရောဂါတို့ဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ဥမ္မာမော်နှင့် သားတစ်ဦး၊ သမီးတစ်ဦးမြေးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။

One comment

  • susunosuki

    May 12, 2010 at 7:30 am

    အင်း
    တကယ့်ခေတ်ကောင်းရောက်ခါနီးမှ ခုလိုကြွေလွင့်ရတာ စိတ်မကောင်းစရာပါ
    ကောင်းရာသုဂတိရောက်ပါစေ

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.