မန္တလေးမြို့ရှိ ရပ်ကွက်အသီးသီးတွင် မိုးခေါ်လွန်ဆွဲပွဲများပြုလုပ်

klnMay 11, 20101min03

မန္တလေးမြို့တွင် ရာသီဥတုပူပြင်းလျက်ရှိပြီး မိုးရွာသွန်းမှုမရှိသလောက်နည်းပါးသည့်အတွက် ရပ်ကွက်အသီးသီးမှ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း ရန်ကင်းတောင် ငါးရံ့မင်းလိုဏ်ဂူ အတွင်းရှိဘုရားအလောင်းငါးရံ့မင်းရုပ်ထုကိုပင့်ဆောင်ကာ ငါးရံ့မင်းပရိတ်များရွတ်ဖတ်သည့် ဓလေ့ထုံးတမ်းများပြုလုပ်၍ မိုးခေါ်လွန်ဆွဲပွဲများကျင်းပကြလျက်ရှိကြောင်း သိရှိရသည်။ “ ပုံမှန်ဆိုရင် သင်္ကြန်မတိုင်မီမှာ သင်္ကြန်လက်ဆေးမိုးရွာလေ့ရှိတယ်။ ပြီးတော့ ကဆုန်လပြည့်နေ့ဝန်းကျင်မှာမိုးသည်းကြီးမည်းကြီး ရွာလေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မိုးကတော်တော်ခေါင်လေတော့ မီးရေးထင်းရေးသာမက သောက်ရေသုံးရေပါရှားပါးလာတယ်။ ဒါ့ကြောင့် မြန်မာ့ရိုးရာအစဉ်အလာအတိုင်း မန္တလေးမြို့ပေါ်က မြန်မာအများစုနေတဲ့ရပ်ကွက်တိုင်းမှာ မိုးခေါ်လွန်ဆွဲပွဲတွေကျင်းပကြတယ်။ မိုးခေါ်လွန်ဆွဲတယ်ဆိုတာ ရှေးကတည်းကကျင်းပလေ့ရှိတဲ့ပွဲတစ်ပွဲပေါ့။ လွန်မဆွဲမီ မိုးခေါင်ကျော်စွာနတ်ကိုပင့်ပြီးမိန်းကလေး၊ ယောက်ျားလေးတစ်ဖက်စီလွန်ဆွဲကြလေ့ရှိတယ်” ဟု လူကြီးသူမတစ်ဦးကရှင်းပြသည်။ ယင်းရိုးရာလွန်ဆွဲပွဲများကို ဆိုင်းသံဗုံသံများဖြင့် ကျင်းပခြင်းဖြစ်ပြီး မိုးခေါင်ကျော်စွာနတ်ကို ပင့်ဖိတ်ပူဇော်ကာ ရပ်ကွက်များအတွင်းရှိ အမျိုးသားများနှင့် အမျိုးသမီးများနှစ်ဖက်အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင်နှင့် ပျော်ရွှင်စွာယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

3 comments

  • Shwemannmay

    May 11, 2010 at 7:22 am

    ဒီလောက်ဆွဲတာတောင် ခုထိရွာသေးဘူး 🙁

    Reply

  • chitkay

    May 11, 2010 at 7:30 am

    ဟုတ်တယ်နော်
    မိုးက မရွာတော့ဘူးလားမသိဘူး။
    အရင်ဆို သင်္ကြန်မိုးလည်း ရွာတယ်
    ကဆုန်လပြည့်နေ့ဆိုလည်း မိုးရွာတယ်
    အခုတော့…..
    ဘာတွေများ ဖြစ်နေပါလိမ့်နော်။

    Reply

  • susunosuki

    May 12, 2010 at 7:41 am

    ရန်ကုန်တောင်ဒီလောက်ပူနေတာ
    မန်း ဆို ပိုဆိုုးမှာပေါ့
    မြန်မြန်ရွာပါတော့ မိုးရယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.