HIV ပိုးတွေ့ရှိသူများ၏ ၅ဝ ရာခိုင်နှုန်းခန့်မှာ ၂၄နှစ်အောက်လူငယ်များဟုဆို

klnMay 11, 20101min02

HIV ပိုးကူးစက်မှုများတွင် လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံးဖြစ်ပေါ်နေပြီး ပိုးတွေ့ရှိသူများ၏ ၅ဝရာခိုင်နှုန်းမှာ အသက် ၁၅နှစ်မှ ၂၄နှစ်အတွင်းရှိလူငယ်များတွင် အများဆုံးတွေ့ရှိရကြောင်းကျန်းမာရေးဆိုင်ရာပညာရှင် တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အဆိုပါ ပိုးသည် ပိုးရှိသူနှင့်အကာအကွယ်ပစ္စည်း( ကွန်ဒုံး) မသုံးဘဲ လိင်တူ/ လိင်ကွဲဆက်ဆံခြင်း၊ ပိုးရှိသူအသုံးပြုပြီးသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို သုံးစွဲမိခြင်း၊ ပိုးပါသော သွေးသွင်းမိခြင်းနှင့် ပိုးရှိသောကိုယ်ဝန်ဆောင်မိခင်မှသန္ဓေသားသို့ ကူးစက်ခြင်းတို့ကြောင့် ကူးစက်နိုင်ကြောင်း သိရသည်။ လူငယ်အများစုသည် စူးစမ်းလေ့လာလိုစိတ်များခြင်း၊ HIV ပိုးကူးစက်ခံရနိုင်မှု အန္တရာယ်မရှိဟု ယူဆခြင်းနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ မှန်ကန်သောဗဟုသုတကျွမ်းကျင်မှုနည်းပါးသည့် အတွက် အဆိုပါ ပိုးအားလူငယ်များတွင် အဓိက ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “ရောဂါပိုးရှိတယ်၊ မရှိဘူးဆိုတာရုပ်ရည်နဲ့ ရောဂါလက္ခဏာကို ကြည့်ပြီးပြောလို့မရဘူး။ အထူးသဖြင့် အိတ်ချ်အိုင်ဗွီပိုးရှိ၊ မရှိကို ပိုမသိနိုင်ပါဘူး။ ဒါကြောင့် ယုံကြည်စိတ်ချမှုရှိတဲ့ ကျန်းမာရေးဓာတ်ခွဲဌာနတွေမှာ သွေးမစစ်ဆေးခင်မှာလည်း သွေးစစ်ဆေးတာနဲ့ပတ်သက်တဲ့အကြောင်း အရာတွေကို ဆရာဝန်တွေနဲ့ တိုင်ပင်ထားသင့်တယ်။ လက်မထပ်ရသေးတဲ့စုံတွဲတွေအနေနဲ့လည်း ကိုယ်ယူမယ့်အိမ်ထောင်ဖက်ကို သွေးစစ်ဆေးမှုပြုလုပ်ဖို့ စည်းရုံးသင့်ပါတယ်။ သွေးစစ်လို့ချက်ချင်းထွက်လာတဲ့အဖြေဟာ စိတ်ချရမှုမရှိသေးပါဘူး။ အချိန်ခြောက်လပြည့်ပြီး ထပ်စစ်တော့ ထွက်လာတဲ့အဖြေမှသာ မှန်ကန်မှာဖြစ်ပါတယ်။ ခြောက်လ အတွင်းမှာက ရောဂါပိုးရှိ၊ မရှိဆိုတာ စိတ်ချလို့ မရသေးတဲ့အတွက် အဲဒီအချိန်မှာ လက်ထက်လို့မရသေးပါဘူး” ဟု ကျန်းမာရေးဆိုင်ရာပညာရှင်က ဆက်လက်ပြောကြားခဲ့သည်။

2 comments

  • susunosuki

    May 11, 2010 at 3:47 pm

    လိင်အပျော်အပါး ကနေကူးတဲ့နှုန်းကအများဆုံးဖြစ်ပါတယ်
    ဒါကြောင့်ရှောင်ကြပါ
    မရှောင်နိုင်ကြရင် ဆောင်ကြပါ လို့

    Reply

  • ဂျေ ဂျူ ဝိုင်

    July 17, 2010 at 3:40 pm

    အေးဗျာ။ မိဘဖြစ်သူတွေ သားသမီးအုပ်ထိန်းမှုမှာ သတိထားစရာဖြစ်နေပြီ။ သားသမီးက တက္ကသိုလ် တက္ကသိုလ်ဆိုတိုင်း လွတ်လို့ ဖြစ်ချင်ရာဖြစ် လွတ်ထားလို့ မဖြစ်တော့ဘူးဗျာ။

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.