ခိုးငွေ ့သူငယ်လေးနှင့်ကျွန်မ၏ စီးကရက်အတွေးများ

moonpoemAugust 16, 20111min07

(ခိုးငွေ ့သူငယ်ဆိုတဲ့ခေါင်းစဉ်နဲ ့စာမူုခေါ်နေတာကြာပါပြီ။စာမူတင်ရက်ပိတ်သွားသလား၊ အခြေအနေတွေ ကျွန်မ မသိပါဘူး။ သို ့သော်လည်း မြင်တွေ ့ရတဲ့ မြင်ကွင်းတစ်ခုကြောင့် ဒီစာမူကို သတိရပြီး ရေးချင်စိတ်ပေါ်လာလို ့ရေးလိုက်ပါတယ်။
သာမန် ပို ့စ်တစ်ခုလို ့ပဲ သတ်မှတ်ပေးပါ။)
ကျွန်မအိမ်သည် ဗိုလ်ချုပ်ဈေးနှင့် နီးပါသည်။ ထို ့ကြောင့် မနက်ဘက်ဖြစ်စေ၊ညနေဘက်ဖြစ်စေ အမြဲတမ်းလိုလို
စည်ကားနေတတ်ပါသည်။တစ်နေ ့ရုံးမှ အိမ်အပြန် စင်ထရယ်ဟိုတယ်အနီးတွင် ကူလီထမ်းနေသော အသက်၁၅နှစ်ခန့်
ကောင်လေးသည် စီးကရက်တစ်လိပ်ကို ဟန်ပါပါဖြင့် သောက်နေသည်ကို တွေ ့ရသည်။ သို ့သော်ဟန်ပါပါဟုဆိုရာတွင်
ကျွန်မတို ့ ကြည့်ဘူးသော အက်ရှင်ဇာတ်ကားထဲမှ မင်းသားများကဲ့သို ့စတိုင်ကျခြင်းကို ပြောခြင်းမဟုတ်ပါ။
ထိုကဲ့သို ့စတိုင်အပြည့်ဖြင့် သောက်ပြနေသော မင်းသားကဲ့သို ့ငါလည်း မိုက်၏ ဟူသော ကိုယ့်ကိုကိုယ် အထင်ကြီးကာ
သောက်ပြနေခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ထို ့ကြောင့် ကျွန်မအထင်တွင်တော့ ထိုကောင်လေးသည် စီးကရက်ကို
တကယ်ကြိုက်လို ့သောက်ချင်သည်ထက် ဇာတ်လိုက်မင်းသားကို အားကျစိတ်ဖြင့် လွဲမှားသော အတုယူခြင်း
ဖြစ်မည်ဟု ထင်ပါသည်။

ယခင်တုန်းကတော့ ပြောကြသည် မိဘဘိုးဘွားတွေ ဦးလေးတွေ ဆေးပေါ့လိပ်သောက်သောအခါ မီးညှိပေးရင်းဖြင့်
စွဲသွားသည်။ ဒါကလည်း သူ ့ခေတ်တုန်းကစကားနဲ ့ကတော့ မှန်ပါလိမ့်မည်။ သိူ ့ရာတွင် ဒီခေတ်သည် မီးညှိပေးရသော
ခေတ်မဟုတ်တော့။မီးခြစ်တွေ ဒီဇိုင်းမျိုးစုံဖြင့် ပေါ်ထွက်နေသဖြင့် မီးညှိခိုင်းရန် မလိုအပ်တော့။ ဒါပေမယ့်လည်း
စီးကရက်သောက်သူ အရေအတွက်ကတော့ ယခင်တုန်းကအတိုင်းပဲ ဖြစ်လေသည်။

လူပျိုဖော်ဝင်ခါစအရွယ်တွင် အပေါင်းအသင်းများ၏ တိုက်တွန်းမှုကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင်လေးစားအားကျရသော
ရုပ်ရှင်မင်းသား၊အဆိုတော်တို ့၏ စတိုင်ကို ကြိုက်ခြင်းကြောင်းဖြစ်စေ စီးကရက်စတင်သောက်သုံးကြပြီး
နောက်ပိုင်းတွင်တော့ ဆေးလိပ်စွဲသွားခြင်းကြောင့် မဖြတ်ချင်ခြင်းဖြစ်သည်။စိတ်ညစ်ရင်ဆေးလိပ်သောက်ပါက ပျောက်ကင်းသည်ဟုလည်း ဆိုသည်။

ပြီးတော့ ဆေးလိပ်သောက်သူများက ပြောကြသည်မှာ မနက်ခင်းတွင် စောစောစီးစီးထပြီး အိမ်သာတက်ချိန်တွင်
ဆေးလိပ်သောက်ပါက ပိုပြီး အိမ်သာသွားလို ့ကောင်းသည်ဟုလည်း ဆိုကြသည်။ ဟုတ်မဟုတ်ကိုမူ
ဆေးလိပ်သောက်တတ်သူများအား မေးကြည့်ကြပါ။

(စာဖတ်သူသူငယ်ချင်းများလည်း စီးကရက်နှင့်ပတ်သတ်တဲ့ အကြောင်းအရာလေးတွေရှိရင်မျှဝေပေးပါဦးလို့
တောင်းဆိုချင်ပါတယ်။ )

7 comments

  • pan pan

    August 16, 2011 at 4:50 pm

    ၁၅နှစ်အရွယ်ကောင်လေး စီးကရက်သောက်တာ မဆန်းတော့ပါဘူး
    ရန်ကုန်မှာ(တခြားမြို့တွေတော့မသိ)တော့ ၁ဝနှစ်ကျော်ကျော်လေးတွေ စီးကရက်သောက်နေကြတာအများကြီးပါပဲ
    ကျောင်းသားထဲကလည်း များပါတယ်

    Reply

  • parlayar46

    August 16, 2011 at 5:51 pm

    ဆေးလိပ်ကြိုက်သူအဖို့တော့ ဘာလုပ်လုပ် ဆေးလိပ်သောက်ပြီးလုပ်ရင် ပိုကောင်းတယ်လို့ ထင်ရတယ်။

    တခုခုစားပြီးသောက်ပြီးတဲ့အခါမှာတော့ ဆေးလိပ်လေးဖွာရမှကို တင်းတိမ်တာ။

    တခုခုအကြောင်း အလေးအနက် ပြောဆိုဆွေးနွေးတဲ့အခါ ၊ တခုခုအကြောင်း စဉ်းစားတဲ့အခါမတော့ ဆေးလိပ်က မပါမဖြစ် ဖြစ်သွားပါပြီ။

    တကယ်တော့ ဆေးလိပ်က စိတ်နဲ့သောက်တာ –

    သွားထိခိုက်တော့မှ အဆုတ်ကို ထိခိုက်ရတယ်လို့နော် …။:(

    ဆေးလိပ်ကို စိတ်နဲ့သောက်တာမို့ လူငယ်တွေကို ဆေးလိပ်စမသောက်စေချင်ရင် ဆေးလိပ်မသောက်ချင်အောင် လုပ်မှရမှာ –

    ဆေးလိပ်ကို စိတ်နဲ့သောက်တာမို့ ဆေးလိပ်ဖြတ်ချင်ရင် စိတ်နဲ့ဖြတ်မှ ရမှာ-

    ယနေ့အထိ ဆေးလိပ်ဖြတ်ဘို့ စိတ်မကူးသေးတဲ့ ခေါင်းအမာစား အဘိုးကြီးအနေနဲ့ ဝင်ပြောလိုက်ပါတယ်ကွယ်။

    Reply

  • naywoonni

    August 16, 2011 at 8:07 pm

    ဆေးလိပ်သောက်တဲ့သူတွေမှာ ဆေးလိပ်နဲ့ တွဲဆောင်ရတာက မီးခြစ်ပါ..။ မီးခြစ်မပါရင်တော့ အိမ်မြှောင်အမြီး ဖြတ်တာထက်ဆိုတယ်..။ ယောက်ယက်ကိုခတ်လို့….။ မီးခြစ်မရှိရင် ဆေးလိပ်က ပိုသောက်ချင်လေလေပဲ..။

    Reply

  • ဆေးလိပ်ကတော့ ဝယ်လို့လွယ်တော့ ဖြတ်ဘို့ခက်တယ်ပြောကြပါတယ်။
    ကျနော်က တော့ 8-8-2009 ကစဖြတ်တာအခုဆို 2နှစ်ကျော်သွားပြီ။
    ကိုယ့်စိတ်က တကယ်မသောက်ချင်တော့ဘူးဆိုရင်တော့ တကယ်ပြတ်နိုင်ပါတယ်။
    သူများတိုက်တွန်းတာ တားမြစ်တာကြောင့် ဖြတ်ရင်တော့ ပြန်သောက်မှာဘဲ။
    ကျနော်ဆေးလိပ်နဲ့ပါတ်သက်တာ
    “မှ အစပြု၍” ဆိုပြီးရေးထားဘူးပါတယ်။

    Reply

    • R Ga

      August 17, 2011 at 3:31 pm

      လေးပေါက်က ၈ရက် ၈ လမှာ ဖြတ်တာဆိုတော့ ၈၈အရေးအခင်းကို အမှတ်တရအနေနဲ့ ဖြတ်တာလား။ ကျွန်တော်ကတော့ မဖြတ်နိုင်သေးဘူး။ ဒါပေမဲ့အများကြီးတော့ မသောက်ဖြစ်ဘူး
      တနေ့ ၁လိပ် ၂လိပ် အများဆုံးပါပဲ။ ဒါပေမဲ့ အရက်သောက်နေတဲ့အခါဆိုရင်တော့ မရဘူး..။ (အရက်)သောက်တိုင်း(ဆေးလိပ်) သောက်ချင်နေတယ်။

      Reply

  • zawmyothu

    August 17, 2011 at 3:17 pm

    ဆေးလိပ်သောက်သူတွေအတွက် “ထမင်းစားပြီးတစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တို” ဆိုတဲ. သီချင်းတောင် ရှိသေးတာပဲဗျာ။

    Reply

  • Shwe Ei

    August 17, 2011 at 4:53 pm

    ကဘာမှာတော့ ဆေးလိပ်တိုက်ဖျက်ရေးနေ့တို့ အသက်၁၈နှစ်အောက် ဆေးလိပ်မသောက်ရ၊မရောင်းရ တို့ရှိပေမဲ့ မြန်မာမှာတော့ ဘိုချုပ်မှူးကြီးရဲ့ သားတော်များနဲ့ Top Ten စာရင်းဝင် သေဌေးကြီးတွေပေါင်းပြီး ထုတ်လိုက်တဲ့ စီးကရက်၊ နာမည်တွေများလွန်းလို့ မှတ်တောင်မမှတ်နိုင်တော့ဘူး။ ကြော်ငြာအားကလည်းကောင်းမှကောင်း။

    Reply

Leave a Reply to zawmyothu Cancel Reply

Your email address will not be published.