ဒွန် ့ဒလွန် ့သတင်းဌာန

moonpoemAugust 15, 20111min07

ယခင်ကတည်းက ဂျလုန်းဗလုန်းဟူသော နိုင်ငံငယ် တစ်ခုသည် ကမာ္ဘပေါ်တွင် တည်ရှိနေခဲ့သော်လည်း မည်သူကမှ မသိရှိကြ။
သို့သော် အခုတစ်လော ထိုနိုင်ငံရှိ ဒွန် ့ဒလွန် ့ဟူသော သတင်းဌာနကြောင့် ဂျလုန်းဗလုန်းနိုင်ငံကို လူတော်တော်များများ
သိလာကြသည်။ ထို ဒွန် ့ဒလွန် ့သတင်းဌာန၏ သတင်းကြေညာပုံက ထူးဆန်းသည် ့အတွက်ကြောင့်ပင် ဖြစ်သည်။
ဥပမာ အားဖြင့် ဂျပန် နိုင်ငံတွင် ဆူနာမီ ငလျင်လှုပ်ခတ်သွားသောနေ ့က သူတို ့၏ သတင်းကြေညာပုံမှာ
ယမန် ့နေ ့က ဂျပန်စံတော်ချိန် မနက် ၆နာရီခန် ့က ဆူနာမီ ငလျင်လှိုင်း တစ်ခုသည်
တုန် တုန် တုန် တုန် တုန် တုန် တုန် အရှေ ့ကို ရှိတ်ပါဟေ့ အရှေ ့ကို ရှိတ်
တုန် တုန် တုန် တုန် တုန် တုန် တုန် အနောက် ကို ရှိတ်ပါဟေ့ အနောက့်ကို ရှိတ်
ခါးလေးလှုပ်လိုက် တင်ပါးတွေ လှုပ်လိုက ဒွန် ့ဒလွန် ့် ဟု ဖြစ်လေသည်။ (ဂျပန်စကားပြော၊ ဂျပန်သီချင်းဖြင့် ကြေညာသွားသော်လည်း လူအများနားလည်စေရန် ကျွန်ုပ်အနေဖြင့် အပင်ပန်းခံကာ မြန်မာဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)
တခြားသော သတင်းဌာနများကဲ့သို ့ဓာတ်ပုံ ရုပ်ပုံ တွေ များများစားစား မပါရှိသော်ငြားလည်း ဂျပန်ငလျင် ပြင်းထန်ပုံမှာ လူများ
အရှေ ့ကိုပြေးလိုက်၊ အနောက်ကို ပြေးလိုက် ဖြင့် ခါးချိအောင် တင်ပါးချိအောင် ဖြစ်နေသည် ဆိုတာကို မျက်လုံးထဲတွင် မြင်ယောင်
စေသည်။ ထိုကဲ့သို ့ သီချင်းများဖြင့် တင်ဆက်မှုကောင်းသောကြောင့် သူတို ့သတင်း ဌာန နာမည်ကောင်းရလာသည်။
သတင်းဌာနတစ်ခုဖြစ်သည့်အတွက် အထူးပြောစရာမလိုအောင် မြန်မာပိုင်း အစီအစဉ် လည်း ပါဝင်လေသည်။ ယမန်နေ ့က
ထုတ်ပြန်ကြေညာသွားသော မြန်မာသတင်းစဉ်နှင့် ပတ်သတ်ပြီး မအားလပ်ကာ မကြည့်ရှူနိုင်လိုက်သော သူငယ်ချင်းများအတွက် အောက်ပါအတိုင်း ပြန်လည် ဖော်ပြလိုက်ရပါသည်။ သတင်းမှာ ဖြစ်ရပ်မှန်ဖြစ်ပြီး သီချင်းမှာ ဒွန် ့ဒလွန် ့သတင်းဌာန၏ အယ်ဒီတာ့ အာဘော်ဖြစ်သောကြောင့် အယူအဆတွေကိုတော့ လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း ၎င်းတို ့ဘက်မှလည်း ကြိုတင် အသိပေးထားပါသည်။
ကဲ စပြီ
သတင်း ၁။ ။မြန်မာပြည်သူ ပြည်သား များ အကျိုးရှိစေရန် ဧရာဝတီ မြစ်ဆုံစီမံကိန်း စတင်နေပြီ ဖြစ်ပါသည်။
သီချင်းဖော်ပြချက်။ ။ ရေဘောင်ဘင် စီးပါလို ့လှေဒေါင်ဒင်တီးပါပေါ့ မြစ်ကြီး ဧရာဝတီ ကျွန်တော့်ချစ်သူကိုလည်း ပြောလိုက်ပါ့အတည်မျက်ရည်လည်ပေမယ့် ကျောခိုင်းခဲ့ပြီ။ချစ်နေပေမယ့်လည်း မုန်းပြခဲ့ပြီ မလွှဲသာလို ့တစ်ပြည်တစ်ရွာ ဒီမောင်ထွက်သွားပြီ။ ဒွန် ့ဒလွန် ့
သတင်း၂။ ။ FEC များကို ရုတ်သိမ်းပြီး သတ်မှတ်ငွေလဲနှုန်းဖြင့် လဲလှယ်ပေးသွားမည်ဖြစ်ပါသည်။
သီချင်းဖော်ပြချက်။ ။ မငိုပါနဲ ့ကလေးရယ် ကိုယ်လေအမြဲ အားပေးနေမယ် အချစ်များစွာ မင်းလေးအတွက်ပါ ကလေးရာ။ ဒွန် ့ဒလွန် ့
သတင်း၃။ ။ မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် ၂၄နာရီ မီးအမြဲ ပေးနိုင်အောင် ကြိုးစားနေပြီ ဖြစ်ပါသည်။
သီချင်းဖော်ပြချက်။ ။ မဖြစ်နိုင်မှန်း သိပါလျက်နှင့် သူ ့ကိုပင် ရွှေဘုံမင်းသမီးလေးကိုမှ ကိုယ်ကလိုချင်။ ဒွန် ့ဒလွန် ့
သတင်း၄။ ။ ဆည်ရေဖောက်ချသဖြင့် တိုက်ကြီး၊ဥက္ကံတစ်ဝိုက်ရွာ၂ဝကျော်ရေမြုပ်သွားသည်။
သီချင်းဖော်ပြချက်၊ ။နောက်ထပ်လာချင်လာပါ မထူးဆန်းတော့ပါ နှလုံးသားထဲမှာ ဒီဒဏ်ရာတွေဟာ ဝဋ်ရှိလို ့သာ ခံစားခဲ့ရတာ
ဘယ်သူ ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါ။ ဒွန် ့ဒလွန် ့
ဟုဖြစ်ကြလေသည်။သီချင်း အဆုံးတွင် ဒွန ့်ဒလွန် ့ဟုပါရှိခြင်းမှာ သူတို ့သတင်းဌာန၏ အမှတ်အသားတစ်ခုဖြစ်ပါသည်။
နောက်ရက်များတွင်လည်း ဒွန့်ဒလွန်သတင်းစဉ်ကို ကြည့်ရှူချင်သော်လည်း အချိန်မပေးနိုင်သူများအတွက် ကျွန်ုပ်က အပင်ပန်းခံပြီး
ဘာသာပြန်ကာ တင်ဆက်ပေးပါ့မည်။ ကြည့်ရှူချင်သူများ ဂျလုန်းဗလုန်းနိုင်ငံအနီး၊ ဒွန် ့ဒလွန် ့သတင်းဌာန ကိုယ်စား
ဂျလွတ်ဗလွတ်ရပ်ကွက်နေ ကျွန်ုပ်ထံ စာရင်းပေးသွင်းနိုင်ပါသည်။ ပြီး ပါပြီ ဒန် ့တန်တန်။

7 comments

  • pan pan

    August 15, 2011 at 1:20 pm

    သတင်းလေးတွေလည်း ဖတ်ပြီးပြီ
    သီချင်းလေးတော့ဆိုခဲ့မည်
    “မျှော်လင့်သော အချစ်များ ဝေးပြီ….ဟန်ဆောင်မှုများအစွမ်းထက်တယ်..အချစ်ဆိပ်တက်ကာ ခံစားခဲ့တယ်..ညာနေတာလည်း သိရက်နဲ့…မင်းပြောသမျှနဲ့ ရူးတော့မယ်”

    Reply

  • လင်းဝေကျော်

    August 15, 2011 at 1:43 pm

    ဒွန့်ဒလွန် ဝန်ကြီး ငိုကြီးချက်မ နဲ့ ဗြဲဟဲ… ဆိုပြီး ကျက်သရေတုံးပုံကော မဖော်ပြဘူးလား

    Reply

  • R Ga

    August 15, 2011 at 2:22 pm

    လင်းဝေကျော်ပြောသလို ဒွန့်ဒလွန် ပြန်စားရေး ဝန်ကြီး အခုခေတ်စားနေတဲ့သတင်းကို ရဲ့“ ငိုချင်းကိုတော့ ငိုချင်ရင်ငို နင့်မကောင်းကြောင်းကို နင့်မိဘကို သွားပြောပြမလို့” ပုံစံနဲ့တင်ပြသွားပါတယ်။

    Reply

  • moonpoem

    August 15, 2011 at 2:32 pm

    စာကြွင်း။ ။ထူးခြားမှုတစ်ခုက ဒွန် ့ဒလွန့်သတင်းများကို မိမိစိတ်ကြိုက် တင်ဆက်ပြီး တော့လည်း ပေးပို ့နိုင်ပါသေးတယ်နော်။
    ယခုသူငယ်ချင်းများရဲ ့အိုင်ဒီယာတွေ အရမ်းဆန်းသစ်နေတဲ့အတွက် ရွေးခံရမယ်လို ့ထင်ပါတယ် ဟိဟိ

    Reply

  • windtalker

    August 15, 2011 at 9:54 pm

    Don ta lon
    Don ta lon နဲ ့
    အတော်ပြုံးရတဲ့
    ဖတ်စာ ပေမို ့
    နောင်နောက်ကို လည်း
    ဖတ်ချင်သေးပါကြောင်း
    ကွန်မင့် စာကြောင်း
    ရေးခဲ့ပါကြောင်း

    Reply

  • zaw min

    August 15, 2011 at 11:54 pm

    88 ခုနှစ်မှစပြီး တပ်မတော်အစိုးရက ပြည်သူများအတွက် အနစ်နာခံပြီး တိုင်းပြည်ကိုချောက်ထဲမကျရောက်အောင်ကယ်တင်ခဲ့တာကို အကောင်းမမြင်ပဲ အနောက်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်လိုနိုင်ငံကြီးတွေက မတရားဖိအားပေးနေတော့………အဟင့်…..အဟင့်….အဟင့်
    သီချင်း….အမယ်မင်းရယ်မှ အမယ်မင်း…ကျနော်ဘယ်လိုဖြေရမှာတုံး…ဘယ်လိုဖြေရမှာတုံး…အုံးအုံးဟုံးဟုံး….

    Reply

  • i love this

    August 16, 2011 at 12:44 am

    ကျွန်တော်တို့မြို့လေးမှာလဲ ၂၄ နာရီ မီးရနေပါပြီ၊ မီးက ၃ နာရီတစ်ကြိမ်လောက် ခဏခဏ ပြတ်ပါသည်၊
    ဘာကြောင့်လဲတော့ မသိပါ၊ ခဏခဏပြတ်လိုုက် ပြန်လာလိုက်နဲ့ သူငယ်ချင်းအိမ်မှ တီဗီ လဲ လောင်သွား
    ပါသည်၊ ဆေးရုံကြီးမှလည်း အော်ပရေးရှင်းလုပ်လျှင် ဆေးရုံပိုင်မီးစက်နှိုး၍ သုံးကြောင်းသိရပါသည်၊
    မီးခဏခဏ ပြတ်လိုက်လာလိုက်ဖြစ်နေပါသောကြောင့် ဟု ပြောပါသည်၊ ထို့အပြင် တစ်ယူနစ်လျှင် ၅၀၀
    ခန့်ပေးနေရပါသဖြင့် ၂၄ နာရီ လျှပ်စစ်မီးရပါသော်လည်း မသုံးနိုင်ကြသဖြင့် အခက်အခဲတွေ့နေရပါ
    ကြောင်း ။

    Reply

Leave a Reply

Your email address will not be published.