မမေ့သောအညာဟင်းလျှာများ
စားကောင်းပြီးခံတွင်းတွေ ့မယ့် အမေ ့အလွမ်းပြေ ခပ်ဆန်းဆန်းလေးဖြစ်သွားအောင်ငရုတ်သီးချက်စားကြရအောင်နော်။
ခုလိုရာသီလေးနဲ ့အကိုက်ဖြစ်တဲ ့အပြင်အမေ ့လက်ရာဟင်းတွေ ကတော့..တန်ဖိုးမများလှပါဘူး.။
..ကျနော်တို ့တွေ ဘယ်နိုင်ငံ ကို ပဲရောက်နေရောက်နေ.. ဘာအစားအစာတွေ ပဲ စားနေရ ပါစေ..၊ .ဘယ်လိုဘဲ အကောင်းစားြတွေ စားရပါစေ
အမေ ့ဟင်းလေးတွေ ကိုတော ့မှီမယ် မထင်မိပါဘူး..။ အစပ်အဟပ်တည့်လှတဲ ့အမေ ့လက်ရာအညာဟင်းလေး တွေကို သတိရလွမ်းဆွတ်မိကြမှာပါ..။
ကဲ စပြီးလွမ်းပြီနော်
လိုတဲ့ပစ္စည်းတွေကတော့…
အသားတု (သို့) မြေပဲ
ပုဇွန်ခြောက်မှုန့်
ကြက်သွန်ဖြူ/နီ
နံနံပင်
ငရုတ်သီးအတောင့်ပွ အစိမ်း…..
ပဲနီလေး
ကြာဇံ
ခရမ်းချည်သီး
ပထမဆုံးအနေနဲ့ မြေပဲကိုမညက်တစ်ညက်ထောင်းပါ။
ဆီချက်သတ်ပြီးမြေပဲထောင်းထားတာကိုထည့်
ရပါတယ်။ ရေနဲနဲထည့်ပါ။ မြေပဲနူးပြီးပျော့သွားအောင်အတွက်ပါ။
သတ်သတ်လွတ်အတွက်ဆိုရင်တော့ပုဇွန်ခြောက်မှုန့်မထည့်ပါနဲ့။
သတ်သတ်မလွတ်ရင်တော့ပုဇွန်ခြောက်မှုန့်တွေကိုပါထပ်ထည့်ပြီးဆီသတ်ပါ၊
အရောင်တင်၊နနွင်းမှုန့်ထည့်ပါ။
ပြီးရင်တော့ငရုတ်သီးအတောင့်ကြီးတွေကိုနှစ်ခြမ်းခွဲထားပြီးထည့်လုံးပါ။
ရေနဲနဲလေးထပ်ထည့်ပါ။ ပြီးရင်တော့မီးနွေးနွေးနဲ့နှပ်ပါ။
ငရုတ်သီးတွေနွမ်းရင်တော့ ကျက်လောက်ပြီဖြစ်တာမို့အပေ့ါငံမြည်းပြီးစားလို့ရပါပြီးနော်… စပ်စပ်လေးနဲ့စိမ့်စိမ့်လေးပေါ့..
.
အစပ်ကြောက်တဲ့သူအတွက်တော့သိပ်မကိုက်ဘူး။ တကယ်တော့သိပ်လည်းမစပ်လှပါဘူး
ငရုတ်သီးအတောင့်ရှည်တွေကတော့စပ်ပါတယ် ..။
အဲဒီဟင်းလေးနဲ့ခရမ်းချဉ်သီးကိုထူထူလှီး၊ ကြက်သွန်နီနဲ့ အချဉ်လေးဆမ်းပြီးသုပ်ထားတာလေး တွဲစားလိုက်ရင်တော့ကောင်းမှကောင်းပါဘဲနော်..
ခဏလေးစောင့်အုံးနော် လိုက်ဖက်မဲ ့ ပဲနီလေးကိုရေဆေး…..ရေ အနည်းငယ်ထည့် မီးဖိုပေါ်တင် ဆူပြီး ပဲနူးလာလျှင်ပဲကြာဇံ အနည်းငယ်ခပ် ကြက်သွန်နီဆီချက်ကို ထည့် ဆားအနည်းငယ်ထည့်………ပူပူနွေးနွေး ပဲဟင်းချိုလေးရပါပြီနော် .။
အမေ ့လက်ရာများမှာဈေးသို ့သွားဝယ်ရန်ပင်မလိုပါ..အညာမှာခြံဝိုင်းထဲ ခူးရသောဟင်းရွက်များသာဖြစ်သည်၊
လယ်ထဲ မှသာရသောလယ်ကြွက်..ဖားသားကင်ကလည်း..ကျနော်ကြိုက်သောဟင်းများပင်..။
ကျနော်သတိတယရှိမိသောဟင်းလျာများမှာ
မိုးဦးကျစ…ဖားသားဟင်း
ဆူးပုတ် နုနု နဲ့ ဆန်မုန့် ဟင်းချို
ဖားကင်၊ လယ်ကြွက်ကင်
ခရမ်းချဉ်သီး ငါးပိချက် ကလအော် ငါရုပ်သီး နဲ့ချက်။
အညာနို ့ခဲ ခရမ်းသီးနဲ ့ချက်
ခရမ်းခေါင်းသီး မီးဖုတ် သုတ်
ကြက်ဟင်းခါးရွက်ကြော်
အမဲခြောက်နဲမြေပုံသီးဟင်း
မျှစ်ကို ငါးပိနဲ့ ကြော်
ကြက်ဟင်းခါးသီးကြော်
.
=======
ဂေဇတ်..မိတ်ဆွေတွေဟင်းကစပ်စပ်လေးနဲ ့စားမြိန်တော့..အစပ်ပြေအညာအလွမ်းပြေမုံလေးပါထည် ့ကြွေးအုံးမည်…
မုံလက်ကောက်လေးပါ..
လိုတဲ့ပစ္စည်းတွေကတော့.အားလုံးသိပြီးသားပါ..။
ပြုလုပ်ပုံ
တညစိမ်ထားတဲ ့ကောက်ညှင်းဆန်ကို ကြိတ်။
မုံ့ရည်ကိုစစ်ကာ အနှစ်ရအောင်လုပ်။
ခဲသွားသော မုံ့နှစ်ကို ဆော်ဒါထည့်ပြီး နှဲ။
ထို့နောက် ဆီများများတွင် ထည့်ကြော်ခြင်း ဖြစ်ပါသည်။
ကြော်ပြီးသား မုံ့လက်ကောက်ကွင်းကို ထန်းလျက်ရည်တွင် စိမ်ပြီး ပြီး
အသင့်လုပ်ပြီးသားမုံ့လက်ကောက်ကွင်း လေးတွေလည်း ကြိုက်သလောက်စားသွားပါ
ဂေဇတ်ကလူတွေ က နတ်တွေနော်..အငွေ ့ဘဲရှူ
ရွှေအိမ်စည်(ဂေဇတ်ထမင်းဆိုင်)
ခေတ္တရွာပြင်



















24 comments
mandalarthu
August 21, 2011 at 3:17 pm
Harr!
Shwe aein si,it will tough everybody’s appetite!
I feel hungry now.Please share ……
Thanks a lot!
kai
August 21, 2011 at 4:59 pm
မနက်၃နာရီခွဲကြိး ဗိုက်ဆာသွားတယ်..။
ဖရဲသီးဝယ်ထားတာပဲရှိတာမို့.. သွားစားလိုက်ဦးမယ်…။ 🙂
ပေါက်ဖော်
August 21, 2011 at 6:03 pm
ဗိုက်ဆာနေတဲ့အချိန် အဲလိုလာလာ တင်ရင် အားကြီးစိတ်ဆိုးသဗျ
ကျေးဇူးရှင်လာတင်တဲ့အချိန်က..နေ ့လည် ၂ နာရီကျော်….
ကိုယ်လဲ ငါးပိချက်ရယ်..ငါးကြော်နှပ်ရယ်နဲ ့ ဘေးဆိုင်က ဝယ်ပြီးကြိတ်နေတဲ့ အချိန်မိုလို ့..တော်ကာကျတယ်..
နို ့မို ့ဆို….အကုသလိုလ် များဒယ်….ဗျာ..
အဲ..
အထဲက “မျှစ်ကို ငါးပိနဲ့ ကြော် ”ဆိုတာ စားချင်တယ်..ပြီးတော့
“ခရမ်းချဉ်သီး ငါးပိချက် ကလအော် ငါရုပ်သီး နဲ့ချက်။”..ဆိုတာလဲ ဆွဲချင်တယ်..သခွားသီးရေဆေးပြီး..
တဂျွတ်ဂျွတ်နဲ ့ ဆွဲလိုက်ရင်တော့ ..ကွက်တိပဲ.
ပြောရင်းနဲ ့တောင် သရေကျလာပြန်ပြီ…ဂွီ..
ဆူး
August 21, 2011 at 8:15 pm
ပြောရရင်.. ဒီနေ့ ဆွမ်းလောင်းဖို့ ဝက်သား ၄ပိဿ မနေ့ညက ချက်ပါတယ်။ မနက်ကတော့ ဆွမ်းခံ သံဃာ ၁၀၅ပါး လောင်းလိုက်ရပါတယ်။ ၁၀၆ ပါးမြောက်ကတော့ ဟင်းကုန်သွားလို့ မုန့်ပဲ လောင်းလိုက်ရတယ်။
မနက်က ဆွမ်းလောင်းပြီးတော့ နက်ဖန် ဥပုသ်နေ့ အတွက် ဝက်ခြေထောက် ၅ပိဿ နဲ့ ငါးကျဉ်းကြော် ၁ပိဿ ငါးမွေထိုးကျက်တင် ကြော်ချက် ချက်ပါတယ်။
ချက်နည်းကတော့ မခက်ပါဘူး။
ဝက်သားခုတ် အိုးထဲ ထည့် ဆီထည့် မီးနဲ့ တည်.. မကပ်အောင် မွေပေး ပဲငံပြာရည် အနောက်ရည် နဲ့ ဆား သကြား အချိုမှုန့် ထညက် ကြက်သွန်ဖြူ ထည့်..
အိုးမကပ်အောင် မွေပေးရင်းနဲ့ အသားတွေ အကုန် အပူထိသွားရင် အိုးလေးဖုံး မီးလေး အေးအေး နဲ့ ဆက်သာ တည်ထား.. ဆူပွက်လာပြီး ရေခမ်းရင် ရပြီ။ (အိုးကြီးကြီးနဲ့ အများကြီး ဆိုတော့ လက်တော့ ညောင်းတယ်)
ငါးကျဉ်းကြော် ကတော့ ငါးတွေ မွန်း ဆားနယ်.. ဆီပူပူမှာ မီးအေးအေးနဲ့ ကြော်.. ဝါးလိုက်တိုင်း မွပြီး စားပြီးရင် စားချင်သွားမဲ့ ငါးကျဉ်းကြော် ကြွပ်ကြွပ်လေးတွေ ဖြစ်ပါလေတော့သည်။
ငါးမြွေထိုး ကို ဒီတိုင်း ဈေးထဲက ဝယ်ပြီးတော့ မီးသွေးမီးဖိုး မှာ ကြပ်တင်ပါတယ်။
ငါးက ထွက်တဲ့ အချွဲလေးတွေ အကုန် မီးနဲ့ ပြောင်သွားပြီးတော့ သန့်သလောက် ရှိတဲ့ အခါမှာတော့ အတွင်း ကျက်အောင် မိုက်ခရိုဝေ့ မီးဖိုနဲ့ ၂မိနစ်လောက် အပူပေးလိုက်ပါတယ်။
ထို့နောက် ငါး ကို အသွားနွင်ပြီးတော့ ဒယ်အိုးထဲမှာ ဆီသတ် ပြီး ငါး အသားတွေ ကို ချက်.. ခြောက်သွားတဲ့ အခါမှာတော့ ငရုတ်သီး ထည့်ပြီးချက်ပါတယ်။ ထို့နောက် မန်ကျဉ်းမှည့်ကို အရည်ညှစ်ပြီးတော့ ထည့်လိုက်ပြီး ခြောက်သွားတဲ့ အခါမှာတော့ စားလို့ရပါပြီ။
ငါးကြပ်တင်ထားတဲ့ အနံလေးနဲ့ ချဉ်ချဉ် စပ်စပ် နဲ့ ငါးအရသာ ချိုချိုလေးနဲ့ ပေါင်းစပ်ထားတဲ့ ဟင်းတပွဲ ဖြစ်သွားပါတယ်။
ရွှေအိမ်စည်
August 21, 2011 at 10:15 pm
ဆူး ရာ…ဝက်သားတုတ်ထိုးလုပ်ကြွေးတယ်လေ..လခကပြောင်ပါကော…
း၏ဒါကြောင့်ငရုပ်သီးပွ..တဆယ်သား၂၀ဝ နဲ ့ဝယ်.ပဲနီလေး၂၀ဝ ကြာဇံ ၁၀ဝ ဘိုးနဲ ့ဟင်းချက်လိုက်ရတာပါဟာ…။
ဝက်သားဟင်းနြ ့လည်း…တို ့ဟင်းမလဲနိုင်ပေါင်တော်..
တို ့အိမ်ကြွ တဲ ့ဘုန်းကြီးတော့..စပ်ပြီသာမှတ်ကရောဘဲးးး
ဟယ်..ဝဇီဗေဒ……ကန်တော့ဆွမ်းပါဘုရား…….
ဆူး
August 21, 2011 at 10:20 pm
ငရုတ်သီး ကြီးပဲ ဆွမ်းလောင်းနေရင် နောင်ဘဝ ငရုတ်သီး အစားပြိုင်ပွဲတွေမှာ ဆုတွေ ဘာတွေနိုင်တယ်။ ငရုတ်သီး မင်းသား ဆု ဆိုလား ရုပ်ရှင်ထဲမှာ မြင်ဖူးတယ်။
ဆူး
August 21, 2011 at 8:18 pm
ကောက်ညှင်းဆန် ကို တည ရေစိမ်ပြီးမှ ကြိတ်တယ် ဆိုရင် အရသာ အချဉ်ပေါက် တဲ့ ဘက်ကိုသွားတယ်နော်..
အခု လွယ်လွယ်ကူကူ ကောက်ညှင်းမှုန့် ဝယ်လို့ ရနေတာပဲ.. တခါတည်း ရေနဲ့ နယ်ပြီး ကြော်ပါလား။
ပိုစားကောင်းတယ်။
ရွှေအိမ်စည်
August 21, 2011 at 10:17 pm
တို ့ကတောမှာနေတာလေ
အထုပ်ကမတန်ဘူး…
soulfly
August 21, 2011 at 8:35 pm
စားချင်လိုက်တာဗျာ ရလွတ်…။
hmee
August 21, 2011 at 9:55 pm
ကင်းပုန်သီးကြော်လေး စားချင်လိုက်တာ။ ပဲကြီးဟင်း၊ ဂွေးတောက်ဟင်းချိုနဲ့ ခရမ်းချဉ်သီး ငါးပိချက်လေးရော ဝေးနေတာ ကြာလှပြီ။
fatty
August 21, 2011 at 9:58 pm
ကျနော်ဘုန်းကြီးဝတ်ရင် ဆူးတို့အိမ်လာပြီးဆွမ်းခံမယ်နော် ………….. အဟဲ ..။
နောက်တာပါ ကျနော်ဝတ်ရင် အစားအသောက်ကို အရသာခံပြီးစားလေ့မရှိပါဘူး …။
အလိုက်မသိတဲ့ တကာ တကာမ များက တခါတလေ အရှင်ဘုရား ဘုန်းပေးလို့ကောင်းလားဆိုပြီး
မေးကြတာလဲရှိရဲ့ ..။
ဆူး
August 21, 2011 at 10:01 pm
အဲဒီတော့ ခပ်တည်တည်နဲ့ ကြည့်ပြီး သင့်တင့်ပါတယ်လို့ ဖြေလိုက်ပေါ့။
နောက်မမေးတော့ဘူး။
အတင်းကြီးမေးလာရင် ဘုန်းကြီးကို ဒါမျိုး မမေးရဘူး။ အဲလိုသာ ခပ်တည်တည် နဲ့ ဖြေလိုက်..
မီးမီး သော်
August 21, 2011 at 10:58 pm
စားချင့်စရာတွေချည်းဘဲဆိုတော့ ဘာစားရမှန်းကိုမသိတော့ပါဘူး။အကုန်လုံးစားကောင့်မယ့်အစာတွေချည်းပါဘဲ။ဟိ ဟိ။မရွှေအိမ်စည်က အန ံ့ဘဲ ရအောင်လုပ်ပြသွားတယ်။
ကိုပေါက်(မန္တလေး)
August 21, 2011 at 11:18 pm
စိတ်တိုတယ်ဟေ့
ဝလွန်းလို့ အစားလျှော့စားမယ်ကြံမှ
လယ်ကြွက်ကင်တဲ့ ဂွေးတောက်ရွက်ဟင်းချိုုတဲ့
မုန့်လက်ကောက်ကြော်တဲ့…………………..
တောက်……………….တော်တော်ဆိုးတာဘဲ
စားမှာဘဲ ဝါးမှာဘဲ ငါ့ကိုလာမတားနဲ့ ဗိုက်ပေါက်အောင်စားမယ်…………………………………
ရွှေအိမ်စည်
August 21, 2011 at 11:23 pm
မနေ ့ကဟိုလူ ကဖား(ကပ်ဖားတွေ )ရေးတော့လေ..ကျနော်ဖားကင်နံလေးတောင်မွေးလာတယ်ခံစားရတယ်ဗျာ
ကိုပေါက်နဲ ့ဦးကြောင်..တော်တော်ပျော်တတ်တယ်နဲ ့တူတယ်…
ရွာထဲ မှာတော့…ခပ်ဆိုးဆိုး(စိတ်ကောင်းရှိပြီး………ဖားရသေးတယ်)
..ကာလသားတွေ ထင်တယ်……
ကျနော်..အပေါ် ကပိုစ့်ထက်……တခါတခါ
ကောမက်ပိုသဘောကျတယ်….
တညင်သား
August 22, 2011 at 6:32 am
မမရွေအိမ်စည် မုန့်လက်ကောက် အားပေးလိုက်တယ် အချိုတည်းတဲ့ သေဘာပေါ့ ……ဟင်းချက်ပုံချက်နည်းလေးနဲ့ဆိုရင်ကောင်းမှာပဲ ( ကိုယ်တိုင်ချက် ကိုတိုင်ရိုက် ကိုယ်တိုင်ရေး) ဖြစ်စေချင်တာလေးပြောကြည့်တာပါနော့ …နောက် အညာနို့ ချက်နည်းလေးသိချင်ပါတယ်ဗျာ..ခရမ်းချဉ်သီးနဲ့မဟုတ်ဘူးလေ…
ကြောင်ကြီး
August 22, 2011 at 7:11 am
ပုံထဲက လယ်ကြွက်ကင်၊ ဖားကင်ပုံကြီးက အကြီးချဲ့ထားတာလား၊ စားတော့စားချင်တယ် ဒါပေမဲ့ ကြောက်စရာကြီး။ ကျနော်တို့လူတွေကို ဘီလူးတွေဖမ်းစားရင် အဲလိုပဲ တွဲလောင်းချိတ် ကင်စားကြမယ်ထင်တယ်။ ကျနော်တို့ဆီမှာ ရေခဲရိုက်ထားတဲ့ ဖါးပေါင်ငါးချောင်းလောက် ၁၂အောင်စကို ၅ဒေါ်လာနဲ့တမတ်လောက် ပေးရတယ်…။ ကြွက်သားတော့ မတွေ့ဘူးသေးဘူး..။ ယုန်သား၊ ဂျိုးသားလည်းရှိတယ်..။
Shwe Tike Soe
August 22, 2011 at 8:58 am
စားချင်စရာဟင်းတွေပါလား…….
ဗိုက်တောင်စာလာပြီ… ခရမ်းချဉ်းသီးငပိချက်ကြိုက်တယ်…..
အမေ့အိမ်က ဟင်းတွေတောင်လွမ်းလာပြီး 🙁
pan pan
August 22, 2011 at 9:24 am
ပုန်းရည်ကြီးနဲ့ ကန်စွန်းရွက်၊ လက်ပံပွင့်ခြောက်လေးတွေတောင်ပါသေး
အဲဒီဟင်းလေးကို ငြုတ်သီးဆားထောင်းလေးနဲ့ဆိုလည်း ဂွဒ်၏ ဂွဒ်၏
နတ်တွေဆိုပြီး အငွေ့ပဲရှုဆိုတာတော့ ဟုတ်ပါပြီ
ခုတော့ ရှုစရာအငွေ့တောင်မရပါလား
ပုံကြည့်ပြီးပဲ စားလိုက်ရတယ်
အဟမ်း အဟမ်း..
နင်တောင်နင်တယ်
ရွှေအိမ်စည်
August 22, 2011 at 10:44 am
ပုန်းရည်ကြီးမကြိုက်ဘူး..မဲလို ့..
ချောကလက်လည်းမကြိုက်ဘူုး..မဲ လို ့ဘဲ..
……..
ကျန်တာတွေ တော့မချက်တတ်ပါဘူး..ဟိုပစ်ဒီပစ်…ဟင်းလောက်ဘဲ ရတယ်..
ထမင်းဆိုင်ထဲ ကတော့..ဧဒင်ကစာတွေ ကူးလာတာ..ဟိဟိ
နွယ်ပင်
August 22, 2011 at 11:27 am
ပုံလေးတွေကြည့်ပြီး စားချင်စိတ်ကို မနည်းထိမ်းလိုက်ရပါကြောင်း
အငွေ့လဲ ရှူမရတော့ ဒုက္ခရောက်သွားပါကြောင်း
မြင်သာမြင်မကြင်ရပါလားနော် …………
Shwe Ei
August 22, 2011 at 12:14 pm
copyကူးပြီး print ထုတ်သွားပါကြောင်း။ တယောက်သောသူကိုချက်ကျွေးရန်ဖြစ်ပါကြောင်း။ 😛
Shwe Ei
August 26, 2011 at 5:10 pm
ရွှေအိမ်စည်ရဲ့ ”မျှစ်ကို ငပိနဲ့ကြော် ” လက်တည့်စမ်းလိုက်တာ ကောင်းလွန်းလို့ အိမ်ကသူငယ်ချင်းတွေက ကျွန်မချက်တာလို့မယုံဘဲ ဝယ်စားတယ်ချည်းမှတ်နေလို့၊ သူတို့မယုံပေမဲ့ ကိုယ့်ကိုကိုယ်တောင် အထင်ကြီးသွားသေးတယ်။
MaMa
August 26, 2011 at 8:06 pm
ဲမြန်မာဒိုးနတ်လည်း ပါသဟ။ (မုန့်လက်ကောက်ကို စတန့်ထွင်ထားလို့ မြန်မာ ဒိုးနတ်လို့ တင်စားလိုက်တာ။)