လမ်းပေါ်မှာ ယူနီဖောင်း နဲ့ အနုကြမ်းစီးနေ

Mobile HouseAugust 13, 20111min010

မန်းလေး ကသူတွေဆိုသိမှာပါ ။မေမြို့ ကနေ မန်းလေးမြို့ အဝင် ဘက် က မြို့ ဝင်ကြေးတောင်း တဲ့ နေ ရာ က ၁၀ဝ ကျပ် အတွက် နဲ့ အရှိန်နဲ့မောင်းလာ တာကို မောင်းတံဆွဲ ပိတ် ပြီး ပိုက်ဆံတောင်းတယ် ။အဲဒီနေရာမှာ သူတို့လုပ်ရက်ကြောင့် ဆိုင်ကယ်မှောက် သူ ၊သေ သူများရှိသော် လည်း ဆက်လက်လုပ် နေပါတယ် ။တကယ်ဆို မြို့ထဲကသူတွေ များပါတယ်။အများစုက လမ်းပြောင်းပြန်မောင်း ပြီး ရှောင်သွား သောကြောင့်  ပွဲလမ်းနေ့ ဆို လမ်းဖြတ်ကို သံကြိုး များဖြင့်လမ်းပိတ်ထားပြီး မောင်းတံ ကို သူများဘာဖြစ်ဖြစ် ဆိုပြီး ပိတ်ပါတယ် ။၁၀ဝ မပေးမချင်းပေးမသွားပါဘူး။ကျွှန်တော် တုံးကလဲ စည်ပင်ကပေးတဲ့ လမ်းတံတား အသုံးပြု ခွင့်လက်မှတ် ထုတ်ပြ တာ ကို ဘာပြောလဲဆိုတော့ ရက်လွန်နေပြီတဲ့။အဲ့ဒါနဲ့ ကျွှန်တော် ပြလိုက်တယ် ရက် က မလွန်သေးကြောင်း ။အဲ့ဒါကိုမဟုတ်ဘူးဆိုပြီးငြင်းပါတယ် ။အဲ့ဒီမှာကို ၁၅ မိနစ်လောက် ကြာတယ် ။ကားနဲ့ဆိုတော့ ပြီး မှ လူကြီး တိုင်မယ်ဆို ပြီး ပေး လိုက်ပါတယ် ၂၀ဝ ။အိမ်ရောက်တော့ အဖေ မေးကြည့် တော့ ကျွှန်တော် တို့ ကဒ် က မြို့ ဝင်ကြေးနဲ့မဆိုင် ကြောင်းရှင်း ပြတယ် ။သူတို့ ကိုယ်တိုင် ကဘာအတွက်ကောက် တာလဲမသိ ပဲ ပိုက်ဆံရ ဖို့ သာ လုပ်ဆောင်နေကြတယ် ။

ပြီးတော့ မြို့ ထဲမှာ ယူနီဖောင်းတွေနဲ့  ကား ၊ဆိုင်ကယ် ရပ်ခ ကို ၂၀ဝ တောင်းပါတယ် ။ဒါပေမဲ့ ပျောက်ရင်တာဝန်မ ယူဘူးတဲ့ ။ခဏလေး ပဲရပ်တာ လဲ ၂၀ဝ တန်းတောင်း တယ်။လမ်း ၈ဝ ဘက် ဆိုပိုဆိုး ၃၀ဝ တောင်းတယ် ။တရုတ်ပြည် မှာ အဲ့လိုတောင်းတာမတွေ့ ဖူးပါဘူး။တကယ်ဆိုအများပိုင်နေရာ အပြင် အဲ့ဒီအတွက်အခွန်ဆောင်ပြီး သား ပါ ။တာဝန်ရှိ သူတွေကိုတောင်းဆိုပါ တယ် ကြည့်ပေးကြပါ လို့။

10 comments

  • icecube

    August 13, 2011 at 8:34 am

    သူတောင်းစား ခေတ် ပဲလေ၊ နေရာတစ်ကာ ကယ်ပါယူပါတစ်စာစာ မအော်ပဲ နိုင့်ထက်စီးနင်း တောင်းစား
    နေကြတာ၊ အောက်ခြေ ကနေ အထက်ပိုင်းအထိ ပုံစံအမျိုးမျိုး နဲ့ သူတောင်းစားခေတ် ရောက်နေရတာ
    ဖြင့်ကြာလှပါပကောရှင်ရေ ။ မဲမပေးရခင် ကတော့ သူတောင်းစားခေတ်၊ ခု ကတော့ ကယ်ပါခေတ်။

    Reply

  • zawmyothu

    August 13, 2011 at 9:00 am

    စည်ပင်လုပ်ပုံကလဲ
    မနက်ခင်းလမ်းဘေး ဈေးသည်တွေကို ဟင်းသီးဟင်းရွက်သည်ဆို ၃၀ဝ အသားသည်ဆို ၅၀၀
    လိုက်ကောက်တယ် ဒါပေမဲ. မသိတဲ. စည်ပင် လာရင် လိုက်ဖမ်းလို.ပြေးရတယ် မလွယ်ဘူးဗျ
    ဆတ်ကြေးကောက် သလိုဖြစ်နေပြီ ဘယ်သူ.ယုံရတော.မှာလဲသူတို.ခမျာ ဟင်းးးးးးးးး

    Reply

  • Mee2

    August 13, 2011 at 12:12 pm

    ဟုတ်ပါတယ်။ကျွန်မတို ့ဆီမှာလဲ အဲလိုပါဘဲ။အခွန်ဆောင်ပြီးသား လိုင်စင်ရှိစက်တပ်ယဉ်တိုင်းမှာ ဘီးခွန် စည်ပင်ခွန်ဆိုတာရှိပြီးသားပါ။ဒါလဲမြိ ု့ဝင်ကြေးလို ့တမျိ ုးထပ်ပေးရသေးတယ်။ဘယ်လို မှနားမလည်ပါဘူး။ရှင်းပြပေးပါဦး

    Reply

    • blackprince72

      August 13, 2011 at 11:16 pm

      ခုနောက် ပိုင်း ဘီးခွန် က မဆောင်ကြတော့ ဘူး။ စည်ပင် ကဘီးခွန် မဆောင်ထားရင် ဒဏ်ငွေ ၁၀၀ဝ လောက် ပဲ ဆောင် ရတာ။ဒါပေမဲ့ ၁နှစ် ၁ခါတောင် မစစ်ပါဘူး ။မြို့ ဝင်ကြေး ကတော့ မြို့ ထဲက ဆိုင်တယ် တွေ ကားတွေ မပေး ရ ဘူး ။တချို့ မြို့ တွေ ဆို မြို့ ထဲကဆို မတောင်းပါဘူး ။သူတို့ ကလဲ အထက်ကခိုင်းတာ လုပ်နေ တာ ။လေလံတွေ လဲ ပေးထားတယ် ။သက်မှတ် ဈေး နဲ့ သူတို့တောင်းတာနဲ့ ကွာတာ တွေလဲရှိ ပါ တယ် ။

      Reply

  • kontwins

    August 14, 2011 at 12:08 am

    ရှင်းရှင်းပြောရင်မပေးချင်ဘူးဗျ
    ဘာတွေမှန်းမသိဘူး ေ-ာက်လုပ်ကိုရှုပ်တာဗျ

    မေမြို့က ပြန်လာပြီ လူကလဲ ပင်ပန်းတာဘယ်သူက ပေးချင်မှာလဲ
    ပြီတော့ အဲလို တားပစ်လို့ လူသေတာတော့ တာဝန်ယူသင့်ပါတယ် ။
    အိမ်ကလူလဲ ၇၈ လမ်းပေါ်မှာ အနီနဲ့အဖြူလိုင်းလား အဝါနဲ့အမဲလိုင်းတွေလားတော့မသိဘူး
    ဘူတာတိုက်တန်းတွေမှာ ကားရပ်ရင် တစ်ခါတစ်လေ မော်တော်ပီကေ ခေါ် ေ-ာက်ချဉ်များ
    ဒဏ်ငွေ ၅၀၀ဝ ပေးရပါတယ်တဲ့ အဲလိုမျိုး တစ်ခါတစ်လေ ပီကေရှိရင်လာရပ်ကြောင်းသိရပါတယ်၊၊

    BC bank ရှေ့ ဂုံကျော်တံတားနားလေးတွေမှာလေ
    ရပ်ရင် ဒဏ်ငွေတဲ့ ပီကေရှိရင် အချဉ်လာဖမ်းတတ်ကြောင်း

    လူလေး-ခွန်တွင်းစ် (kontwins)
    ံmg7twins@gmail.com
    https://facebook.com/kontwins

    Reply

  • windtalker

    August 14, 2011 at 12:33 pm

    ကြည့်ရတာ
    ဘလက်ပရင့် က ဝါဆိုလပြည့်နေ ့က မေမြို ့လမ်း မှာ
    ကြုံခဲ့ ရပြီ ထင်တယ်
    ကျွန်တော် လည်း ပြီးခဲ့တဲ့ နှစ်နှစ် က ကြုံဖူးတယ်
    အမ်အိုင်တီ ပေါက် မြောင်းဘေး လမ်းအတိုင်း မေမြို ့လမ်း ကို ထွက်တော့
    လမ်းတစ်ဝက်လောက် မှာ ၊ လမ်းကို သံကြိုးနဲ ့ပိတ်တား ပြီး ပိုက်ဆံတောင်းတာ ကြုံခဲ့ဖူးတယ် ။
    လမ်း ပလက်ဖောင်း အဖြူအနီ ကျား ၊ အဖြူအဝါကျား ကိစ္စ ကတော့
    ကျွန်တော် သာ မော်တော်ပီကယ် ဖြစ်ခဲ့ရင်
    သူဌေးဖြစ်နေလောက်ပြီ
    တစ်ရက်တစ်ရက်
    အဖြူအနီကျား မှာ ရပ်ထားတဲ့ ကား၊ဆိုင်ကယ်တွေ ပဲ လိုက်ဖမ်း မှာ
    ထောလိုက်မယ့် ဖြစ်ခြင်း ။

    Reply

  • mihninlay

    August 14, 2011 at 12:48 pm

    ကျယ်ဂေါင်ကျောက်ဝိုင်းမှာတောင်းပါတယ်…တစ်ခါရပ်ရင်တရုတ်ငွေ၅ယွမ်တောင်ပေးရပါတယ်

    Reply

  • pan pan

    August 15, 2011 at 11:12 am

    ဝါးတားဂိတ်တဲ့
    စစ်တောင်းတဲ့

    Reply

  • ကျနော်ကတော့ကံကောင်းတယ်ပြောရမလား၊
    7-8-2011 မေမြို့ကို ဆိုင်ကယ်နဲ့သွားတယ် ဘာဖြတ်ခ ဘာလမ်းကြေးမှ မပေးခဲ့ရဘူး။
    14-8-2011 ရွှေစာရံကိုုဆိုင်ကယ်နဲ့သွားတယ် ဘာကြေးမှ မပေးခဲ့ရဘူး။
    ဆိုင်ကယ်ကို ဘယ်ကောင်မှလဲလားမတားဘူးဗျာ။
    15-8-2011 အုန်းတောကို အလုပ်ကိစ္စကားနဲ့သွားတယ်။
    အခုလေးတင်ပြန်လာတာ။
    အသွား 200 အပြန်300ပေးခဲ့ရတယ်ဗျာ။
    သူများတွေအတောင်းခံရလို့ ပြဿနာတက်ခဲ့တာ ကျနော်ဘာမှမဖြစ်လာတာ ကံကောင်းတာပေါ့ဗျာ။

    Reply

  • Yan Naing

    August 24, 2011 at 2:41 pm

    အေးဗျာ… ဒီလူတွေ ဒီလိုလုပ်နေတာကိုတာဝန်ရှိသူတွေက
    ဘာမှအပြစ်မပေးတာကတော့ လုံးဝမကောင်းဘူးဗျ။
    တောင်းတာတော့တောင်းတာပေါ့ ဒါပင်မဲ့ စည်းနဲ့ကမ်းနဲ့တော့လုပ်သင့်တယ်လေ။
    အခုကအဲ့လိုမဟုတ်ဘူး သူ့တို့ထင်တိုင်း၊တောင်းတိုင်းပေးရအောင် ပြည်သူတွေက
    သူအဖေတွေများအောင်းမေ့နေလားမသိဘူး။

    Reply

Leave a Reply to Yan Naing Cancel Reply

Your email address will not be published.