အချိန်မရွေး ဥက္ကဌ တစ်နေရာစာတော့ အသာလေး ခေါင်းစဉ်နှင့်ပတ်သက်၍ ဖြစ်ရပ်မှန်

shweowlAugust 12, 20111min08

အဖြစ်မှန်ကို သိစေချင်ပါသည်…..

              ဆရာမကြီးသည် စင်္ကာပူအခြေစိုက် Lotus Foundation အဖွဲ့နှင့် ၎င်း၏အဖွဲ့ဝင်များအား ယခင်ကတစ်ကြီမ်တစ်ခါမျှ မသိရှိခဲ့..မတွေ့ဆုံခဲ့ဘူးပါ။ သို့ဖြစ်၍ အဆိုပါလူငယ်အဖွဲ့၏ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာဆောင်ရွက်ချက်များကို လည်း သေချာစွာမသိရှိခဲ့ရပါ.

ယခုနှစ် ကဆုန်လပြည့်နေ့မတိုင်မီအချိန်တွင်  စင်္ကာပူအခြေစိုက် Lotus Foundation မှ လူငယ်များက ဆရာမကြီးကို ဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း လာရောက်ဆက်သွယ်ပြီး ….အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းကြီး တည်ထောင်ခြင်း နှင့် ပန္နက်ချပွဲ အခန်းအနားကိုလည်း ရွှေတိဂုံရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပမည့်အခန်းအနားတွင် တက်ရောက် ပေးပါရန် ဖိတ်ကြားခဲ့ပါသည် အဆိုပါ လူငယ်တစ်စုသည် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းကြီးကို Internet Website တွင် ပန္နက်ချဖွင့်လှစ်ပြီး မြတ်ဗုဒ္ဓအဘိဓမ္မာ ပညာကို နိုင်ငံတကာမှ သင်ယူလိုကြသော ဓမ္မမိတ်ဆွေများအား …Internet မှတစ်ဆင့်လိုအပ်သည့် စာအုပ်စာတမ်းများနှင့် VCD,DVD ပို့ချချက်သင်ခန်းစာများကို ဖြန့်ဖြူးပေးလိုသည့်  ထိုရည်ရွယ်ချက်ကို သိရသောအခါ ဆရာမ ကြီးသည် အဆိုပါ Lotus Foundation မှ လူငယ်အဖွဲများကို လိုအပ်သည့်အကြံဉာဏ်များပေးခဲ့ပြီး ဆရာမကြီးအသင်းမှ တာဝန်ရှိလူကြီးများနှင့်လည်းတွေ့ ဆုံပေးခဲ့သည် ဆရာမကြီး ဟောပြောပို့ချခဲ့သော အဘိဓမ္မာသင်ခန်းစာများကို လည်း လှူဒါန်းမည်ဟုပြောခဲ့သည် ယင်းမှာ ဆရာမကြီး၏ သာသနာပြုနေသူမည်သည့် အဖွဲ့အစည်းကိုမဆို ကူညီပံ့ပိုးလိုသည့် အမြင်ကျယ်သည့်စိတ်ရင်းဖြစ်သည်

 Lotus Foundation မှ လူငယ်အဖွဲ့သည် ဆရာမကြီးအား အဆိုပါအခန်းအနားတွင် ဦးဆောင်မှုပြုပြီး အခန်းအနားလျှေက်ထားလွှာကို အခန်းအနားသို့ ကြွရောက်လာကြမည့် ဆရာတော်ကြီးများထံမှောက်သို့ ဖတ်ကြားပေးပါရန် နှင့် အခန်းအနားတွင် တက်ရောက်ရန်အတွက် ယောဆရာတော်ကြီးကိုလည်း လိုက်လံဖိတ်ကြားပေးပါရန် တောင်းဆိုခဲ့သည်  သာသနာ့တိုးတက်ရေးအတွက်ဆိုလျှင် မည့်သည့်နေရာက ဆောင်ရွက်ရရ လုပ်ဆောင်ရမည်ဟု ခံယူထားသော ဆရာမကြီးသည်  အဆိုပါလူငယ်အဖွဲ့မှလူငယ်များသည် လူနည်းစုဖြစ်ပြီး သာသနာရေးဆိုင်ရာဆောင်ရွက်မှုများတွင် ကျွမ်းကျင်မှုမရှိသေးသည်ကို လေ့လာသိရှိရသဖြင့်တောင်းဆိုချက်များကို လက်ခံပြီး သူမအသင်းအဖွဲ့၏ အခန်းအနားများအတွက်ပင်လျှင် ဆရာတော်ကြီးများအား ကိုယ်တိုင်သွားရောက် ဖိတ်ကြား လေ့မရှိသောဆရာမကြီးသည် ထိုအဖွဲ့နှင့်အတူ ယောဆရာတော်ကြီးအား ကိုယ်တိုင်လိုက်ပါ သွားရောက်ဖိတ်ကြားပေးခဲ့သည်. ထို့အပြင် ဖွင့်ပွဲအခန်းအနားသို့တက်ရောက်ရန် အတွက် လည်းပြောရမည့် စာတမ်းအကြောင်းအရာများကို ပြင်ဆင်ခိုင်းခဲ့ပြီး  အခန်းအနားမှုး အဖြစ်ပြုလုပ် ပေးရန် ဆရာမကြီး၏ အထင်ကရမိတ်ဆွေများကို အကူအညီတောင်းပေးခဲ့သည် အခန်းအနားတွင်လည်း ဆရာမကြီးကိုယ်တိုင် Lotus Foundation မှ လူငယ်အဖွဲ့ကို မိမိ၏သင်ခန်းစာစာအုပ်များကို ကိုယ်တိုင်လှူဒါန်းရန် စီစဉ်ထားခဲ့သည်

သို့ရာတွင် အဆိုပါအခန်းအနားမတိုင်မီ ….မမျှော်လင့်သည့်အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့သည်  Lotus Foundation မှ လူငယ်အဖွဲ့မှပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာအသင်းကြီး တည်ထောင်ခြင်း နှင့် ပန္နက်ချပွဲ အခန်းအနားကို ဆရာမကြီးမှ ကြီးမှူး၍ ဆောင်ရွက်မည်ဆိုသောသတင်းကို Internet တွင် သတင်းများဖြန့်ဝေခဲ့သည် အဆိုပါသတင်းကို Internet ကွန်ယက်မှတစ်ဆင့် ကြားသိခဲ့ရသော အမေရိကန်နိုင်ငံရောက် ဆရာမကြီး၏မိတ်ဆွေတစ်ဦးမှ အလှူငွေထည့်ဝင်လှူဒါန်းလိုပါသဖြင့် ဆရာမကြီးထံသို့ ဆက်သွယ်၍ အဆိုပါမိတ်ဆွေ၏ညီမဖြစ်သူက ကိုယ်တိုင်လာရောက်ပြီး ဆရာမကြီး၏အသင်းကြီးနေရာတွင် လာရောက်လှူဒါန်းခဲ့ရာ ဆရာမကြီးက အလှူငွေကို လက်ခံခဲ့ရသည် ၎င်းသည် အလှူငွေလှူဒါန်းပြီးနောက် Lotus Foundation နှင့်ပတ်သက်သည့် သံသယဖြစ်စရာ သတင်းတစ်ခုကို ဆရာမကြီးအား တစ်ဆင့်ပေးသိခဲ့သည် ၎င်းသတင်းနှင့်ပတ်သက်ပြီး ဆရာမကြီးသည် အသင်းမှ အမှုဆောင်လူကြီးများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ရာ အဖွဲလူကြီးများက ဆရာမသည် Lotus Foundation လူငယ်အဖွဲနှုင့် အဖွဲ့၏ လုပ်ဆောင်ချက်များကို သေချာကျနစွာမသိနေသဖြင့် ဆရာမအား အဆိုပါအခန်းအနားသို့ ရှေ့တန်းမှ မတက် ရောက်သင့်သေးကြောင်း အကြံပြုခဲ့ကြသည်  သို့ဖြစ်၍ Lotus Foundation လူငယ်အဖွဲ့အား Internet တွင်ဖြန့်ဝေသည့် မိမိနှင့်သက်ဆိုင်သည့် မည်သည့်သတင်းကိုမဆို မိမိအားအသိပေးပြီးမှ သတင်းဖြန့် ဝေပါရန်နှင့် Internet တွင် အတည်ပြုချက်မရသေးဘဲ မဖိတ်ကြားရသေးဘဲနှင့်  ကြိုတင်ကြေငြာထားခဲ့သည့် အထင်ကရ ဆရာတော်ကြီးများနှင့် နာမည်ရ လူပုဂိုလ်များစာရင်းကို အချိန်မီ ပြင်ဆင် သင့်ကြောင်း အကြံပြုပြောကြားခဲ့ပြီး မိမိအနေနှင့် ယခုအခန်းအနားတွင် မတက်ရောက်သေးဘဲ နောင် ကာလများမှသာ အဖွဲ့၏လုပ်ဆောင်ချက်များကိုကြည့်ပြီး  အကူအညီပေးသွားမည်ဖြစ်ကြောင်း  သိမ်မွေ့စွာ ငြင်းဆိုခဲ့သည်၊ ဆရာမကြီးသည် အခန်းအနားသို့မတက်ရောက်ခဲ့သော်လည်း အဆိုပါအဖွဲ့အတွက် လိုအပ်သည့် အကူအညီများကို ဖြည့်စည်းပေးခဲ့သည်

 အဆိုပါအဖြစ်မှန်ကို သိလိုပါလျှင် ဆရာမကြီးနှင့်တွေ့ဆုံခဲ့သော အဖွဲ့ဝင်များ၏မှတ်တမ်းတွင် ပါဝင်ခဲ့ သူများနှင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်၊  ဆရာမကြီး၏ တပည့်ဆရာ၊ ဆရာမများနှင့် အမှု ဆောင်များ ကလည်း အဆိုပါအဖွဲ့အကြောင်းယခုမှသိကြရသည့်အပြင် အဖွဲ့ဝင်များနှင့် ယခုမှသာတွေ့မြင် ဘူးကြ သူများဖြစ်သည် သို့ဖြစ်၍ ရရှိထားသော သတင်းအရ Lotus Foundation လူငယ်အဖွဲ့နှင့်သာမက အခြားသော မည့်သည့်အဖွဲ့အစည်းများနှင့်မဆို ဆက်ဆံရာတွင် သတိထား၍ မလိုအပ်သေးဘဲ ရှေ့တန်းသို့ မရောက်ရန်သာ ဆရာမကြီးအားအကြံပြုပြောကြားခဲ့ကြခြင်းဖြစ်သည်

ဆရာမကြီးသည် အဘိဓမ္မာသာသနာတိုးတက်ပြန့်ပွါးစေရေးအတွက် မိမိ၏ဘဝနှင့် အချိန်များ အားလုံးကို မြှပ်နှံထားသူတစ်ဦးဖြစ်ပြီး အသင်းကြီးကိုလည်း လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော်လောက်မှစ၍ တိုးတက်လားအောင် အမြှော်အမြင်ကြီးစွာဆောင်ရွက်ခဲ့သဖြင့် အသင်းကြီးသည် ယခုဆိုလျှင် မည့်သည့်ပယောဂမှမရောယှက်ဘဲ ဘာသာရေးသက်သက်ဆောင်ရွက်နေသည့် သန့်ရှင်း သည့်အသင်းကြီး တစ်ခုအဖြစ်ရပ်တည်လျှက်ရှိပြီး ပရိယတ်တိသာသနာတိုးတက်စေရေးအတွက် တစ်နှစ်ပတ်လုံး ဦးဆောင် ဦးရွက်ပြုကာဆောက်ရွက်နေသည့် သာ့သနာ့အာဇာနည် အမျိုးသမီးကောင်းတစ်ဦးဖြစ်သည်  ဆရာမကြီးသည် ဆွေမျိုးဂုဏ်မြင့်မြတ်ပြီး ငွေကြေးချမ်းသာသည့် ပညာတတ် လူဂုဏ်တန် အမျိုးသမီးဖြစ်သော်လည်း အနေအထိုင်အေးဆေးတည်ငြိမ်ပြီး ဘဝတွင်ရိုးရှင်းစွာနေထိုင်သူတစ်ဦးဖြစ်သည် မည်သူကိုမဆို လိုအပ်သည့် အကူအညီများပေးလေ့ရှိပြီး သာသနာအတွက်လည်းများစွာ အထောက်အပံ့ပြုနေသူတစ်ဦးဖြစ်သည် ယင်းကဲ့သို့ အဖိုးတန်ပြီး ဖြူစင်မြင့်မြတ်သည့်  သာသာနာပြုခေါင်းဆောင်တစ်ဦးကို မည့်သည့် အကြောင်းနှင့်မှ ဂုဏ်သိက္ခာမကျဆင်းစေချင်သည်မှာ သာသနာ့စိတ်ဓါတ်ရှိသူတိုင်းတွင် တူညီသည့်ဆန္ဒဖြစ်မည်ဟ ထင်မြင် မိပါသည်

                  သို့ဖြစ်၍ ဆရာမကြီး၏ ဂုဏ်သတင်းညှိးနွမ်းအောင် ဆရာမကြီး၏စေတနာနှင့် လုပ်ဆောင် နေမှုများကို မသိမြင်ဘဲနှင့် အကြောင်းအရာ၏အရင်းအမြစ်ကိုလည်းသေချာကျနစွာမသိဘဲနှင့် ဆရာမကြီး အမှန်တကယ်မပြောကြားခဲ့သော စကားလုံးများကို သုံးစွဲကာ Internet Media မှ သတင်းဖြန့်ဝေသူ မည်သူ့ကိုမဆို နောက်နောင်တွင် အလားတူရေးသားမှုမျိုးကို မပြုလုပ်ပါရန် သတိပေးလိုက်ရပါသည်

အမှန်တရားနှင့် အကျိုးလိုလားသူ

ရွှေဇီးကွက်

8 comments

    • tayza

      August 14, 2011 at 9:10 am

      သက်ဆိုင်သူများ ခင်ဗျာ

      … သာ့သနာ့အာဇာနည် … ဆွေမျိုးဂုဏ်မြင့်မြတ်ပြီး ငွေကြေးချမ်းသာသည့် ပညာတတ် လူဂုဏ်တန် …စသည့်
      ဂုဏ်၊ဒြပ်၊ဘွဲ့ တို့ကြောင့် မာန်မာန လောဘ၊ဒေါသ၊မောဟတို့ ဖြစ်တတ်ပုံကို လွဲမှားစွာ လက်တွေ့သရုပ်ပြမှု(demonstration) မပြုမိအောင် သတိရှိကြစေရန် ဘာသာ သာသနာအကျိုးကိုမျော်၍ လေစားစွာ မေတ္တာရပ်ခံအပ်သည်ခင်ဗျာ။

      Reply

  • Mee2

    August 12, 2011 at 5:20 pm

    ခုလို ရှင်းရှင်းလင်းလင်းသိခွင့်ရတဲ့အတွက် ကျွန်မရဲ ့ကွန်မန့်မှာရိုင်းပျတာပါခဲ့မိတဲ့အတွက်တောင်းပန်ပါရစေ။ဆရာမကြီး ခုထက်ပိုပြီးဆထက်တပိုးထမ်းဆောင်နိုင်ပါစေ

    Reply

  • maungaung

    August 12, 2011 at 5:23 pm

    ကောင်းတယ်..မြန်မြန်သိမ်းမှ.. ခုမှဘဲရှင်းသွားတယ်။
    နို့မို့ဆို မသိတဲ့သူတွေက တလွဲ ထင်ကောင်းထင်သွားနိုင်တယ်။
    ဆရာမကြီးလည်း ကျန်းမာချမ်းသာစွာဖြင့် မိမိကိုယ်ကိုစောင့်ရှောက်ကာ သာသနာတော်ကြီးအတွက်
    အသက်ထက်ဆုံးအလုပ်အကျွေးပြုနိုင်ပါစေ…………
    ္ဓသာသနာတော်အဓွန့်ရှည်ပါစေ…………..

    Reply

  • nature

    August 12, 2011 at 5:49 pm

    ကျနော်ကတော့ဆရာမကြီးကို အကြွင်းမဲ့ယုံကြည်လေးစားပါတယ်။ ဒါကြောင့်ယခင်ပိုစ့်မှာ အတိုက်အခံဖြစ်မည်စိုး ၍ ကွန်မန့် ပေးခြင်းမပြုခဲ့ပါ။

    Reply

  • tayza

    August 12, 2011 at 10:38 pm

    HI ALL, NO Comment is the BEST.

    Reply

  • parlayar46

    August 12, 2011 at 10:49 pm

    အင်တာနက် ရဲ့သဘောသဘာဝက အဲသလိုပဲဖြစ်တတ်ပါတယ်။
    ဆရာမကြီးလဲနားလည်မှာပါ။
    လူကို သိထားပြီးတဲ့သူတွေကတော့ တခုခုမှားနေကြောင်း အစကတည်းကသိမှာပါ။
    ဆရာမကြီးကို သိတဲ့သူ ပြည်တွင်းမှာ အထူးသဖြင့်ရန်ကုန်မှာ အများအပြားရှိပြီးသားပါ။

    Reply

  • ကြောင်ကြီး

    August 13, 2011 at 9:17 am

    ပုံစံကြည့်ရတာ အစိုးရမျက်မာန်တော်ရှမှာ နဲနဲမှာ ခံနိုင်ပုံမရဘူး။ ဆရာမကြီးအကြောင်း မသိပါဘူး။ တကယ်လို့ နိုင်ငံရေးမနွယ်ချင်လို့ အတိုက်အခံကို ရှောင်တာဆိုရင် အစိုးရနဲ့လည်းကင်းရင် ကျေနပ်ပါတယ်။ ဒါမှမဟုတ်လဲ အစိုးရမကြိုက်တာ မလုပ်ရဲဘူးလို့ ဗျောင်ငြင်း။ ချုပ်မှူးကြီးကိုခေါ်ရင်၊ အစိုးရဖိတ်ရင်တော့ ဘာမှန်းညာမှန်းမသိ သွားပြီး အတိုက်အခံနဲ့နွယ်တဲ့၊ အစိုးရနဲ့မတည့်တဲ့ အဖွဲ့အစည်းတွေတော့ တမျိုးဆိုရင် ဟုတ်သေးဘူးနော်..။
    တဖက်ဖက်လိုက်ရင်လဲလိုက်၊ လုံးဝကင်းရင်လည်းကင်း အဲသလိုမဟုတ်ဘဲ ကြောင်သားစားရင် ကြောင်ကြီးကတော့ပြောမှာပဲ…

    Reply

Leave a Reply

Your email address will not be published.