“ပြင်ဦးလွင်က ပွဲကောက်ရေတံခွန်ပါ”(အနောက်ဘက်ခြမ်း)

ပြင်ဦးလွင်ရောက်ရင်တော့ ပြည်တော်ချစ်ဘုရားကိုရောက်မှာအမှန်ပါဘဲ။
ပြည်တော်ချစ်ဘုရားရောက်လိုမြောက်ဘက်ခြမ်းကနေပြီးအာက်ငုံ့ကြည့်ရင် ပွဲကောက်ရေတံခွန် ရှိတဲ့တောအုပ်လေးကို တွေ့နိုင်ပါတယ်။
ရေတံခွန်မှာ က အနောက်ဘက်မှာတစ်ခု အရှေ့ဘက်မှာတစ်ခု။
ဒါကတော့ အဝင်ဝက ညောင်ပင်ကြီး
ဒါကတော့ အနောက်ဘက်ဆုံးမှာရှိတဲ့ရေတံခွန်အသေးလေး။
ရေသိပ်မနက်တော့ ရေကူးလို့ရတယ်။
ဘောကွင်းငှားဆော့လို့လဲရပါတယ်။
ဒါကတော့ တောင်ဘက်ကနေမြောက်ဘက်ကိုမြင်ရတဲ့မြင်ကွင်းလေးပါ။
ဒါကတော့ ရေတခွန်ဘေးနားက နှစ်သက်ရှည်သစ်ပင်ကြီးတွေပေါ့။
အုံ့မိူင်းလို့ အေးစိမ်းနေအောင်အရိပ်တွေပေးထားပါတယ်။
ဒီနေရာလေးကတော့ ရေတံခွန် အစကို ဒီသစ်ပင်ကြားထဲကဝင်သွားရင်ရတယ်ပေါ့။
ဒီနေရာလေးကတော့ ပြန့်ပျူးတဲ့ရေတံခွန်အစနေရာလေးပါ။
လူတွေရေထဲဆင်းမလို့ ပြင်ဆင်နေကြတယ်။
နံနက်စောစောဆိုတော့ လူနည်းတာရယ် ဘယ်သူအရင်ဆင်းမလဲစောင့်နေတာ ဟော တစ်ယောက်တော့ ဆင်းကူးနေပြီ.
ဟောတစ်ယောက်လဲဆင်းရော နောက်ကနေလိုက်ဆင်းဘို့ လုပ်ကြရောဗျာ။
ဟောတစ်ယောက်လဲဆင်းရော ဆင်းလိုက်ကြတာ ဘော့ကွင်းတွေငှားပြီးဆော့လိုဆော့ တကယ်ကိုပျော်စရာကြီးရယ်။
ပျော်တာကတော့ ရေထဲဆော့နေသူရော ဘေးကရပ်ကြည့်သူပါပျော်ရတာပါဘဲ။
တဖြည်းဖြည်းနဲ့လူတွေများလာလိုက်တာ ရေတံခွန်နားမှာ လူတွေအပြည့်ပေါ့။
ကဲလူရှင်းတုန်း ဓါတ်ပုံရိုက်ပေးမယ်နော်
ဒါကတော့ ပွေးကောက်ရေတံခွန် အနောက်ဘက် ခြမ်းရဲ့ မြင်ကွင်းလေးပါဘဲ။

ပြင်ဦးလွင်ရောက်ရင်ပွဲကောက်ကို ရောက်အောင်သွားပြီးရေချိုးခဲ့နော်

5 comments

  • MaMa

    August 12, 2011 at 7:44 pm

    ကိုပေါက်ရေ ပုံတွေ ကူးသွားပြီနော်။ အရင်တုန်းက ရောက်ခဲ့တာကိုတောင် သွားသတိရမိသွားတယ်။ နောက်ဘယ်တော့မှ ထပ်ရောက်နိုင်မလဲ မသိတော့ဘူး။

    Reply

  • ဆူး

    August 12, 2011 at 7:48 pm

    ကင်မရာ ဘယ်သူ ရိုက်ပေးတာလဲဟင်.. မဒမ်ပေါက်လား
    ရေချိုးနေတဲ့ ပုံကို မသိမသာ မင်းသား လုပ်ပြီး ထည့်လိုက်တာလား.. ဟင်း ဟင်း.. မြင်တယ်နော်.. 😀

    Reply

  • Mee2

    August 12, 2011 at 11:13 pm

    အင်းတခေါက်မှတော့ မရောက်ဖူးသေးပါဘူး။ဒီနှစ်နွေမှာ ဘုရားဖူးသွားကြမလို ့။သာယာတယ်နော်။ပန်းမြိ ု့တော်လို ့ခေါ်တဲ ့တောင်လှေကားမြ ို့ကပွဲကောက်ရေတံခွန်ကိုရောက်အောင်သွားချင်ပါသည်

    Reply

  • Mee2

    August 12, 2011 at 11:17 pm

    လူတွေအရမ်းများတော့ ရှူရှူးပေါက်ချတာနည်းမှာ ဟုတ်ဘူး။လူတွေရေကူးရင် သေးထွက်ကြတယ်လေ. ဟိ ဟိ။

    Reply

  • mihninlay

    August 12, 2011 at 11:49 pm

    ပွဲကောက်ရေတံခွန်မရောက်တာဆယ်စုနှစ်ကျော်သွားပြီ လေးပေါက်တင်ထားတာကိုတွေ ့မှငယ်ငယ်ကရေတံခွန်ထဲမှာရေတိမ်နစ်တော့မလို ့ကံကောင်းလို ့မသေတဲ့အဖြစ်ကလေးကိုသွားသတိရမိတယ်

    Reply

Leave a Reply to MaMa Cancel Reply

Your email address will not be published.