မလေးရှား ရှိ မြန်မာများသို့ အခမဲ့ အလုပ်ခေါ်စာ ရရှိခြင်း

မင်္ဂလာပါ

ကျွန်တော် တို့ စတင်ခဲတဲ့ မလေးရှား 6P စီမခံချက်အတွက် တာဝန်ယူမှု့များအားလုံးကို ယနေ့အထိ တုန့်ပြန်မှု့များစွာဖြင့် ဆက်လက် လျှောက်လှမ်း နေခဲ့ပြီးဖြစ်သည် ။

ကျွန်တော် ရရှိသော အလုပ်ခေါ်စာများအတွက် အားလုံးသိနိုင်ရန် တင်ပေးခဲ့ပြီးတဲ့ နောက်မှာ မနေ့ကအထိ အိုဗာစတေး 60 ကျော်ကို တွဲဖက် စီစဉ်ပေးနိုင်ခဲ့ပါတယ် ။ ဝန်ဆောင်မှု့ မည်သို့ရှိနေစေကာမူ ကျွန်တော်တို့ တစ်ကျပ်တစ်ပြားမှ လက်မခံခဲ့သလို အားလုံး ယုံကြည်မှု့ ထားပေးခဲ့တဲ့ ကုမဏီများရဲ့ ဆောင်ရွက်မှု့ များအတိုင်း တိုက်ရိုက်လွဲထားပေးခဲ့ပါတယ် ။

ယခုမလေးရှားရောက် မြန်မာများအတွက် ထပ်မံဝမ်းမြောက်ဖွယ် အလုပ်ခေါ်စာတစ်ခုကို ဧဒင်အဖွဲ့ဝင်တစ်ဦးရဲ့ အကူအညီ ပံပိုးမှု့ကြောင့် အလုပ်ရှင်ကိုယ်တိုင် တရားဝင်ခေါ်စာနှင့်တစ်ကွ ကျွန်တော်တို့ထံ ဆက်သွယ်ပြီး အလုပ်သမား ခေါ်ယူခဲ့ပါတယ်။

ယခု အလုပ်အတွက် တစ်ပြားမှ မယူပဲ ဆက်သွယ်ပေးခဲ့သော ဧဒင်အဖွဲ့ဝင်အား လေးစားမှု့ဖြင့်အတူ ကျွန်တော်တို့မှ ယခု အလုပ်အတွက် ဝန်ဆောင်ခ မယူပဲ တိုက်ရိုက်ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း အသိပေးရင်း အောက်ပါ အလုပ်ခေါ်စာကို သီးသန့်တင်ဆက်လိုက်ရပါတယ် ။

လိုအပ်သော ဦးရေ အမျိုးသမီး 30 နှင့် အမျိုးသား 20

အသက်ကန့်သတ်ချက် – 35 နှစ်အောက်

အလုပ် အမျိုးအစား – ငှက်သိုက် ကုန်ချောထုတ်ပိုးရေး

တည်နေရာ – မွှားမြို့ မလေးရှား

အခြေခံလစာ – 8 နာရီအတွက် 21.00 RM

OT – တစ်ရက် 4 နာရီ ( တစ်နာရီ 3.42 RM )

အလုပ်လုပ်ရက် 26 ရက်တိတိ နှင့် တနင်္ဂနွေ 2 ဆ 4 ရက်လုံးဆင်းရန် နားလိုက ညှိနှိုင်း နိုင်သည် ။

Facilities – နေထိုက်မှု့ အခမဲ့ ၊ စားစရိတ် ကိုယ်တိုင်စားသောက်ရမည် ။

တစ်လအတွက် အခြေခံလစာ 21.00x 26 + OT (94 နာရီ x 3.42 RM) + Sunday 4 ရက် x 42.00 RM

စုစုပေါင်း အများဆုံးလစာ = 1033.60 RM

စုစုပေါင်း အနည်းဆုံးလစာ = 865.60 RM

နှစ်တိုးလစာ = တစ်နှစ် 100.00 RM

အထက်ပါအလုပ်အတွက် မလေးရှားရှိ အိုဗာစတေးသမားများနှင့် ပါမစ်လက်ဝယ်ရှိထားသူများကိုသာ ဦးစားပေးမည် ။

မြန်မာပြည်သို့ Demand Letter လုံးဝမပေးပါ ။ ထို့အတူ မလေးရှားတွင် လက်ရှိ Outsourcing – Manufacturing လက်ဝယ်ကိုင်ထားသူများ ဝန်ဆောင်ခမဲ့ လာရောက် လျှောက်ထားနိုင်သည် ။

အလုပ်အတွက် အထက်ဖော်ပြပါလစာ နှင့် အခွင့်အရေးများ အတိုင်း အလုပ်ရှင်မှ သဘောတူ လက်မှတ်ထိုးထားပြီးဖြစ်သည် ။

မြန်မာ နိုင်ငံသားများသာ လိုချင်သည်ဟု ဖော်ပြထားသည် ။ ထိုစက်ရုံ တွင် လက်ရှိ ဝန်ထမ်းများမှာ မြန်မာများသာဖြစ်သည် ။

စိတ်ဝင်စားသူများ လျှောက်ထားရန်

မဟာနန်း လုပ်ငန်းစု

အမှတ် 10၊12၊14 – ဂျလန်းလီပို့ပူဒူး ၊ ကိုတာယာရာ ကုန်တိုက် နောက် ၊ ကေအယ်လ် ။

ဖုန်း – 0320260208 ၊ 0143414613 ၊ 010533777 ၊ 0169193756 ၊ 0123871759 ။

ထောက်ပံသူ – ဧဒင်ဥယျာဉ် နှင့် အဖွဲ့သားများ ။

6 comments

  • etone

    August 10, 2011 at 9:20 am

    အများကျိုးရှေးရှူလို့ စေတနာ ကောင်းကောင်းနဲ့ ကူညီပေးတဲ့လူတွေ ….ဘာမှ မရဘူးဆိုလျှင်တောင် … ကြည်နူးမှု ့လေးတော့ ရင်ထဲမှာ ကျန်ရစ်စေပါတယ် ။ 🙂

  • winkyawaung

    August 10, 2011 at 9:48 am

    ကျွန်တော့်ညီတစ်ယောက်တော့ မြန်မာပြည်က ကုပ္မဏီတစ်ခုက ပို့တာ တစ်နှစ်ပြည့်တော့ ပတ်စ်ပို့လည်း သိမ်းထားပြီး ယခုအလုပ်လက်မဲ့ဖြစ်နေရှာပါတယ်။

  • manawphyulay

    August 10, 2011 at 10:07 am

    အလုပ်တွေကတော့ ပြောတာနဲ့ လုပ်တာ တူရင်တော့ကောင်းတာပေါ့။ ယောက်ျားလေးက သိပ်ပြဿနာမရှိပေမယ့် မိန်းကလေးတွေအတွက်ကျတော့ သူများနိုင်ငံရောက်မှ အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်သွားတဲ့ အတော့်ကို နစ်နာမှုရှိပါတယ်။ ကူညီပေးမယ့်သူမရှိ ဘာမရှိနဲ့ ဘဝတွေကို ဖြစ်သလိုရုန်းကန်ကြရပါတယ်။ ဒီတော့ ဘယ်သူမဆို သွားမယ်ဆို အာမခံချက်ရှိရဲ့လား။ ကိုယ့်အတွက် ဘယ်လိုလုပ်ပေးမှာလဲဆိုတာ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ ခုတင်ပုံမျိုးဆို ဧဒင်ဥယျာဉ်က တာဝန်ယူပေးမယ့်ပုံမျိုးပဲနော်….

    • ရွှေအိမ်စည်

      August 10, 2011 at 10:39 am

      ဒီထက်မကလည်း..ဧဒင်ဥယျာဉ်ကတာဝန်ယူပါတယ်..
      ပရဟိတလို ့ကဗည်းမတင်ပေမယ့်
      ကျမမောင်လေးတွေ လုပ်ပေးနေတာအများကြီးပါဘဲ
      စိတ်ကျန်းမာရေးချို ့ယွင်းသွားလို ့အဲ့သလိုလူတွေကိုလည်း..
      ဆွေမျိုးတွေပြန်ရှာပေးတယ်..
      ပြန်ပို ့ပေးပါတယ်..။
      နောက်ပြီး ကျမတို ့မောင်လေးဧဒင်ဥယျာဉ်က
      မလေးရှားမှာမြန်မာတွေအတွက်နာရေးကူညီမှုအသင်းကိုလည်းဖွဲ ့ထားပြီး
      ဆောင်ရွက်ပေးနေပါတယ်……..

  • PaukPhaw

    August 10, 2011 at 10:31 am

    ရန်ကုန်ရောက် မြန်မာများအတွက်ကော ခင်ည
    မောင့်အကြွေးတွေ ဝိုင်းဖြစ်နေလို ့ပါ..

  • zaw min

    August 11, 2011 at 12:29 am

    ယခု မလေးမှာ နာရေးကူညီမူအသင်းတွေ တော်တော်လေးများလာပါပီ၊မြု့ိနယ်အလိုက်စုပေါင်းဖွဲ့စည်းထားကြပါတယ်။ဘုန်းကြီးကျေင်းတွေလည်းများလာတော့ သာရေးနာရေးလုပ်ငန်းတွေ ကိုယ်ထူကိုယ်ထစုပေါင်းလုပ်ဆောင်လာကြတာဝမ်းသာစရာပါ။လိမ်ညာကောက်ကျစ်တဲ့ ပွဲစားတွေရှိသလို မှန်မှန်ကန်ကန်နဲ့လုပ်စားနေသူတွေလည်းရှိပါတယ်၊အလုပ်အကိုင်သော်လည်းကောင်း၊အလုပ်ရှင်နှင့်ပြဿနာတတ်၍သော်လည်းကောင်း၊အကူအညီတောင်းခံနိုင်တဲ့နေရာတွေရှိပါတယ်။ဂျာနယ်တွေ၊မဂ္ဂင်းတွေမှာ ကြော်ငြာများထည့်သွင်းဖေါ်ပြထားပါတယ်။ဥပမာ..FWWMC .SDN.BHD,Foreign Workers Welfare Management Centre Contact No.03-85917315,Ma Sandi 016 2160727,HQ Ko Kyaw Soe-016-4583 659 (PENANG)
    Mr Searn:012-7993 395(JOHOR)….
    KL မှာရှိပြီး အလုပ်အကိုင်အတွက် အမှန်အကယ် ဒုက္ခရောက်နေတယ်ဆိုရင် ဝ၁၆-၃၈၁၀၈၄ဝ ကိုဆက်သွယ်နိုင်ပါတယ်။ပွဲစားခပေးရန်မလိုပါ။

Leave a Reply